@zawwinaung1080: လောင်းကစားမှာ လူအများစု မေ့လျော့နေတတ်တဲ့အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ နိုင်ရင် ဘာရမလဲဆိုတာကို တွေးကြပေမယ့် ရှုံးသွားရင် ဘာလုပ်မလဲဆိုတာကို မတွေးထားကြတာပါ။ လူတိုင်းနီးပါး လောင်းကစားကို စတင်ထိတွေ့တဲ့အချိန်မှာ အမြတ်ရဖို့၊ ငွေကြေးအဆင်ပြေဖို့၊ ကိုယ်လိုချင်တဲ့အရာတွေ ရရှိဖို့ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ စတင်ခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီမျှော်လင့်ချက်တွေနောက်မှာ ရှိနေတဲ့ ဆုံးရှုံးနိုင်ခြေကိုတော့ လျစ်လျူရှုထားတတ်ကြပါတယ်။ (ကျနော် အပါ၀င်ပေါ့) နိုင်ဖို့အတွက်ပဲ ပြင်ဆင်ထားပြီး ရှုံးသွားတဲ့အခါ ဘယ်လိုရပ်တန့်မလဲ၊ ဘယ်လိုဆုံးရှုံးမှုကို လက်ခံမလဲဆိုတာကို ကြိုတင် စဉ်းစားမထားကြဘူး။ အဲဒီအချိန်မှာပဲ ဆုံးရှုံးခဲ့တာကို ပြန်ရဖို့ ကြိုးစားရင်း ပိုမိုနက်ရှိုင်းတဲ့ ပြဿနာတွေထဲကို ရောက်သွားတတ်ကြတာပါ။ တစ်ခါတလေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာဟာ ကောင်းတဲ့အရာတစ်ခု ဖြစ်နိုင်ပေမယ့် လောင်းကစားမှာတော့ ကိုယ်နိုင်မယ်ဆိုတဲ့ ယုံကြည်မှု လွန်ကဲလာတဲ့အခါ အန္တရာယ်ရှိလာပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဘယ်လောက်ပဲ ယုံကြည်နေပါစေ လောင်းကစားရလဒ်ကို ကိုယ်စိတ်ကြိုက် ထိန်းချုပ်နိုင်တာ မဟုတ်လို့ပါပဲ။ လောင်းကစားမှာ အန္တရာယ်အရှိဆုံးအတွေးက ကိုယ်ရှုံးနိုင်တယ်ဆိုတာကို မေ့လျော့ပြီး ကိုယ်နိုင်ကိုနိုင်ရမယ်လို့ ယုံကြည်နေခြင်းပါပဲ။ အခုမှ လောင်းကစားကို စတင်ထိတွေ့နေသူတွေအနေနဲ့ ဒီအချက်ကို သတိပြုစေချင်ပါတယ်။ ကိုယ်မျှော်လင့်ထားတဲ့ အမြတ်ကိုပဲ မကြည့်ပါနဲ့။ အဲဒီအမြတ်ကို ရဖို့ကြိုးစားရင်း ကိုယ်ဆုံးရှုံးသွားနိုင်တဲ့အရာတွေကိုလည်း မကစားစဥ်ကတည်းက ပြန်စဉ်းစားကြည့်သင့်ပါတယ်။ တစ်ခါတလေ ကိုယ်ရနိုင်မယ်လို့ ထင်ထားတဲ့ အရာတစ်ခုဟာ ကိုယ်ပိုင်ဆိုင်ထားပြီးသား ဘဝတစ်ခုလုံးကို ဆုံးရှုံးစေနိုင်လို့ပါပဲ။ ကျေးဇူးပါ
Zaw | Gambling Recovery
Region: TH
Saturday 24 October 2026 12:45:59 GMT
Music
Download
Comments
Kyi Lwin :
ရှိတာကုန်တဲ့အပြင်အကြွေးပါတင်သွားမယ်
2026-10-24 17:05:37
1
Thin Thin Aye :
🥰🙏🙏🙏🙏
2026-10-24 16:41:44
2
โซ โซ162 :
မ ကောင်းဘူး
2026-10-25 02:59:06
0
may myat noe :
ခွေးဖြစ်ရင်တောင် 🤣ချီးမစာရဲတော့ဝူး🤣
2026-10-25 03:46:12
0
လက်က်ျာဘီလူး🥰🥰🥰🥰 :
🥰🥰🥰
2026-10-24 13:49:08
1
To see more videos from user @zawwinaung1080, please go to the Tikwm
homepage.