@phyu.tha.zin.thin4: တချို့လူတွေက ကိုယ်နေတဲ့အိမ်ကို အိမ်လို့ခေါ်ကြပေမဲ့ ကိုယ့်အတွက်တော့ အိမ်ဆိုတာ စိတ်ချမ်းသာရာနေရာတစ်ခု မဖြစ်ခဲ့ဘူး။ သူများတွေက အိမ်ပြန်ရင် နွေးထွေးမှုတွေ ရကြတယ်၊ ကိုယ်ကတော့ အိမ်ပြန်ရမှာတောင် စိတ်ပင်ပန်းနေရတယ်။ ပထွေးနဲ့နေရတဲ့ဘဝမှာ တစ်ခါတလေ စကားတစ်ခွန်းကြောင့်လည်း မျက်ရည်ကျရတယ်၊ အကြောင်းမရှိ အဆဲခံရတဲ့အခါတွေလည်း ရှိတယ်။ ကိုယ်မှားလို့ ဆူခံရတာဆိုရင်တောင် နားလည်ပေးနိုင်ပါသေးတယ်၊ ဒါပေမဲ့ ဘာမှမလုပ်ဘဲ အဆဲခံရတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုတောင် အားငယ်လာမိတယ်။ ကိုယ့်ခံစားချက်တွေကို ဘယ်သူ့ကိုမှ ဖွင့်မပြောရဲဘူး၊ ပြောပြန်ရင်လည်း နားလည်ပေးမယ့်သူ ရှိပါ့မလားလို့ တွေးမိတယ်။ တစ်ခါတလေ ငိုချင်ပေမဲ့ ငိုလို့မရဘူး၊ နာကျင်ပေမဲ့ နာကျင်နေကြောင်း ပြောခွင့်မရှိသလို ခံစားရတယ်။ သူများတွေ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေနေတာကို မြင်ရင် ကိုယ်လည်း အဲ့လိုဘဝလေးတစ်ခု လိုချင်မိတယ်။ ကိုယ်လိုချင်တာ အများကြီးမဟုတ်ပါဘူး၊ ကိုယ့်ကို နားလည်ပေးမယ့်သူတစ်ယောက်၊ ကိုယ့်ကို မဆဲမဆိုဘဲ ကြင်ကြင်နာနာ ဆက်ဆံပေးမယ့်သူတစ်ယောက်နဲ့ စိတ်အေးချမ်းစွာ နေချင်ရုံလေးပါ။ တစ်နေ့နေ့မှာတော့ ဒီလိုနာကျင်မှုတွေကနေ လွတ်မြောက်ပြီး ကိုယ်ပျော်ချင်သလို ပျော်ရတဲ့ဘဝလေးကို ပိုင်ဆိုင်ချင်တယ်။ အခုတော့ ဘယ်သူမှမမြင်တဲ့နေရာမှာ မျက်ရည်တွေသုတ်ရင်း ကိုယ့်ကိုယ်ကိုယ်ပဲ အားပေးနေရတယ်။ ဘဝက ကိုယ့်အပေါ် ဘယ်လောက်ပဲ ရက်စက်ပါစေ တစ်နေ့တော့ ကိုယ်လည်း ပျော်ရွှင်ခွင့်ရှိတဲ့သူတစ်ယောက် ဖြစ်လာမှာပါ။ 🥀💔#fpypage #fpyシ #စိတ်ပျက်ဘိုကောင်းတဲ့မိသားစု💔#view
10/@Phyu”🤍
Region: TH
Saturday 24 October 2026 13:03:44 GMT
Music
Download
Comments
H♻️🍊 :
ပြောတော့မသောက်ဘူး
2026-10-25 20:20:41
0
𝓐𝓾𝓽𝓷𝓹ᰔᩚ °` :
အတူ"ဘဲ💔
2026-10-25 05:53:21
0
H. :
မမတို့ရှိတယ်လေနော်
2026-10-25 05:07:30
0
To see more videos from user @phyu.tha.zin.thin4, please go to the Tikwm
homepage.