@uhtikeaungkyaw: #ရုပ်က_ဖောက်ပြန်တာ_မဟုတ်ဘူး #ဖောက်ပြန်_ပေါ်ပြတာသည်သာ_ရုပ်_ဖြစ်တယ် မျက်စိနှင့် မြင်တဲ့ရုပ်ကို သိရုံဖြင့် တရားမရနိုင် နား က ကြားတဲ့ ရုပ် နှာခေါင်း က နံတဲ့ ရုပ် လျှာက လျှက်တဲ့ ရုပ် ကိုယ်က ထိတွေ့ တဲ့ ရုပ် စိတ် ကူးတဲ့ ရုပ်.... အဲ့ဒါတွေသိလို့က တရားမရတဲ့ ရုပ်တွေပဲ.....။ အဲ့ဒီ ရုပ်တွေက တစ်ရာဖိုး သုံးရုပ်တွေ ဘယ်တော့ မှ တရားမရနိုင်ဘူး ရှင်းရှင်း ပြောရရင် ဥပါဒါန် ရုပ်တွေ ပညတ် ရုပ်တွေ သညာ ရုပ်တွေ ပါပဲ ....။ ခန္ဓာကိုယ်၏ အပြင်က ရုပ်တွေလည်း ဖြစ်၏ တရားရနိုင်တာက မိမိ၏ ခန္ဓာကိုယ် အတွင်းမှာ ပေါ်ပြလာသော ရုပ် ဖောက်ပြန်လာသော သဘောရုပ်ကို သိရမယ် နဂိုသိထားတဲ့ရုပ်ဟာ ဖောက်ပြန်တဲ့ သဘော လို့ ရှူ့ရင်လည်း မှားတယ် အခုမှ ပေါ်ပြ အခုဖောက်ပြန်သွားသော သဘောဟာ ရုပ်ပါလား တွေ့မှ မှန်တယ် နဂိုသိထားသော အတိတ် ရုပ်တွေဟာ ဥပါဒန်ရုပ်.... ပညတ် ရုပ် ... သညာ ရုပ် တစ်ရာဖိုး သုံးရုပ် လို့ ခေါ်တယ်.....။ အခု တရားအားထုတ် နေတုန်းမှာ ပေါ်ပြီး ဖောက်ပြန် သွားသော သဘော သည်သာ ပရမတ် ရုပ် ဖြစ်သည် 🍀ရုပ်က_ဖောက်ပြန်တာ_မဟုတ်ဘူး 🍀ဖောက်ပြန်_ပေါ်ပြတာသည်သာ_ရုပ်_ဖြစ်တယ် အဲ့ဒီတော့ မိမိ၏ ကိုယ်တွင်းက ဖောက်ပြန် ပေါ်ပြလာတဲ့ သဘောကို မြင်အောင် ရှူ့ရမယ် အဲ့ဒါကိုပဲ ဖြစ်ပျက် မြင်အောင် ရှူ့သည်မည်၏ နာတာ ကျင်တာ ကို ရှူ့ရမှာလား ??? ဖောက်ပြန် ပေါ်ပြ လာတဲ့ သဘော ကို ရှုရမှာလား ??? ဖောက်ပြန် ပေါ်ပြ လာတဲ့ သဘော ကို မြင်နေပေမယ့် တရား မရသေးဘူး... 💥အဲ့ဒီ ဖောက်ပြန် ပေါ်ပြ လာတဲ့ သဘောတွေဟာ မိမိ၏ တစ်လံမျှရှိသော ခန္ဓာကိုယ် ခြေဖျားကနေပြီး ငယ်ထိပ်အထိ အဲ့ဒါ တွေပဲ ရှိတာပါလားလို့ ဥာဏ်မြင်ရသည်အထိ စောင့်ကြည့် သည်းခံ ရှူ့မှတ် ကြရမယ်💥 အဲ့ဒီလို ဖောက်ပြန် ပေါ်ပြမှု့မှ တစ်ပါး အခြား ဘာမှ မရှိဘူးလို့ အမှန်သိသော အခါမှ တရားသိသည်မည်၏ ဖြစ်ပျက် မြင်သည် မည်၏ ဖြစ်ပျက် မြင် ..... ဖြစ်ပျက် မုန်း. , ဖြစ်ပျက် ဆုံးသွားတာကို မြင်ရင် သောတာပန် ဖြစ်ပြီ ဗျ. ပေါ့သေးသေးလေး မှတ်မနေကြနှင့်....။ အပါယ် မီးငြိမ်း ငရဲမီး သိမ်းပြီဗျ ရုပ် ပရမတ် လည်းမြင်ပြီ ဥပါဒါန် ငြိမ်းတဲ့ နာမ်လည်း မြင်ပြီ မဂ္ဂင်ငါးပါးကနေပြီး မဂ္ဂင်ရှစ်ပါးလည်း စုံပြီ ပုဂ္ဂိုလ် သတ္တဝါ မရှိတာလည်း သိပြီ သက္ကာယ ဒိဋ္ဌိ လည်း ချုပ်ပြီ ကိုယ်တိုင် မြင်ရလို့ ဝီစိကိစ္စလည်း ကင်းပြီ ကွေ့ကောက် နေရင်တော့ လိုရင်းကို မရောက်နိုင်ဘူး ဖြောင့်ဖြောင့် သွားရင် တည့်တည့် ရောက်တာကိုး ဥဇူစ သုဟုဇူစ သုဝစော နောက်ကျတာများ ပါသေးလား... စောစော ရောက်တော့ စိတ်အေးရပြီ... သဘောပါပြီလား... သဘော မရောက်ရင် ဒယ်အိုး ထဲ ရောက်လိမ့်မယ်နော်...။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရာကြီး 🙏🙏🙏 Credit ✍️ ★JG Jay Gyi 🔹🔹🔹🔹🔹 🙏သတ္တဝါအားလုံး ဘဝသံသရာမှ ကျွတ်လွတ်ထွက်မြောက်နိုင်သော အထောက်အပံ့ကောင်းများရရှိကြပါစေခြင်းအကျိုးငှါ ကူးယူမျှဝေပါသည်🙏
U Htike Aung Kyaw
Region: MM
Saturday 24 October 2026 17:23:30 GMT
Music
Download
Comments
ကိုကိုမောင် :
🌹🌹🌹🌹🌹🙏🙏🙏🙏🙏
2026-10-27 12:26:06
1
Nay Htet :
ရုပ်ကဖောက်ပြန်တာမဟုဘူး ဖောက်ပြန်တာကရုပ်ဆိုတာ တူတူပဲလေဗျာမဟုဘူးလား ဆရာတော်ကြီးဟောတဲ့တစ်ချို့တရားတေမှာ ခများတို့ခန္ဓာကိုယ်ကြီးက ဖောက်ပြန်ပျက်စီးနေတယ်လို့ဟောထားတယ်ဗျာဆရာတော်ကြီးဟောတာဟုတ်မဟုတ် တရားတော်နာမည်ရယ်နေ့စွဲရယ်ဖော်ပြပေးပါ
2026-10-25 15:10:31
1
user8877081654216 :
သာဓု သာဓု သာဓုပါ
2026-10-27 07:26:38
1
U Kyaw :
🙏🙏🙏
2026-10-27 07:20:08
1
U Myint Zaw :
ဟောကြားနေ့စွဲနဲ့
တရားတော်အမည်ကိုဖော်ပြပါ။
2026-10-25 04:57:26
8
Bo Bo Khant. :
သာဓုသာဓုသာဓု ပါ ဘုရား🙏🙏🙏
2026-10-26 15:55:34
1
ညာဏ် ထွန်း :
သာဓု သာဓု သာဓုပါဘုရား
2026-10-26 09:28:51
1
ĐÕŰB£Ê ĴÃKË :
သာဓု...သာဓု...သာဓု 👍👍👍
2026-10-26 17:54:55
1
Tin Soe :
အလှူထဲမှာတရားအလှူဟာအမြတ်ဆုံး
2026-10-25 07:13:46
3
UAyekyi :
🙏
2026-10-26 14:27:03
1
khinmyomyint264 :
2026-10-26 12:41:28
1
U Soe Gyi :
မဂ်လာပါ 🙏🙏
2026-10-26 12:16:53
1
AA :
သာဓုသာဓုသာဓု
2026-10-26 08:10:23
1
မစ်စတာ ဂွမ်ယု :
သာဓုသာဓုသာဓုပါ
2026-10-26 02:19:33
1
Mr Doctor :
သာဓုသာဓုသာဓုပါ ။
2026-10-25 16:19:11
1
lucky 99 :
2026-10-25 10:14:48
1
စိမ့်စမ်းရေ :
သာဓု သာဓု သာဓုပါဘုရား 🙏🙏🙏
2026-10-25 08:57:59
2
S.C :
သာဓုသာဓုသာဓုပါ
2026-10-26 10:23:10
1
U Sein Shwe :
သာဓုသာဓုသာဓပါဘုရား
2026-10-25 15:10:11
1
Myint MyintWin :
သိပ်တန်ဘိုးရှိလှပါတယ်။သာဓုသာဓုသာဓုပါ။
2026-10-25 06:40:03
3
than thun aung :
သာဓု သာဓုသာဓုပါဘုရား
2026-10-25 14:01:54
1
Z. N. O :
သာဓုသာဓုသာဓု
2026-10-25 15:49:57
1
U Win Naing :
သာ၏ဓုသာဓုသာဓုပါဘုရား
2026-10-26 06:43:05
1
ပေါက် :
🙏
2026-10-25 06:40:19
1
ABA Thein :
သာဓု သာဓု သာဓုပါဗျာ
2026-10-25 06:33:39
1
To see more videos from user @uhtikeaungkyaw, please go to the Tikwm
homepage.