@zu.com5: ဒီစာလေးဖတ်ပြီး ဒီခန္ဒာကြီးအကြောင်း ကောင်းကောင်းသိရလိမ့်မယ်။ #ဖို့၃ဖို့ဆိုတာဘာလဲ? * လူ့လောက မှာ ဖို့ ၃- ဖို့ ရှိတယ် ။ ၁- ခန္ဓာစု မြေကျွေးဖို့ ။ ၂- ပစ္စည်းစု ထိုက်သူဖို့ ။ ၃- တရားစု မိမိဖို့ ။ ခန္ဓာစု မြေကျွေးဖို့ ခန္ဓာကိုယ်ကြီးကို အလိုလိုက်ပြီးတော့ ဒါန လည်း မခိုင်းရက်ဘူး - သီလ လည်း မခိုင်းရက်ဘူး - ဘာဝနာ လည်း မခိုင်းရက်ဘူး - ဥပုသ်စောင့်ဖို့ လည်း မခိုင်းရက်ဘူး - ဘုရားရှိခိုးလေး တောင် မခိုင်းရက်ဘူး - တစ်နေ့ကို နာရီဝက် တစ်နာရီ တရားထိုင်ဖို့ မခိုင်းရက်ဘူး - တရားနာဖို့ လည်း မခိုင်းရက်ဘူး - သိပ်ပြီးတော့ ညှာနေတယ် ။ ကျွေးရုံသာ ကျွေးပြီး ခန္ဓာကိုယ်ကြီး အလို လိုက် နေတာ ။ ဘာလုပ်ဖို့လဲ လို့ သူများကမေးရင် - ပါးစပ်က တိုက်ရိုက်တော့ မပြောဘူး ။ တရားသဘောက သူ့ဟာသူ အဖြေ ထုတ်တယ် ။ " မြေ ကျွေးမလို့ " တဲ့ ။ ခန္ဓာ စုတာဟာ ဘာလုပ်ဖို့လဲ - မြေကျွေးမလို့ ။ နောက်ထပ် မြေကြီး ကျွေးဖို့ တဲ့ ။ * ပစ္စည်းစု ထိုက်သူဖို့ ပစ္စည်း စုတာ ဘာလုပ်ဖို့လဲ - ပစ္စည်းဟာ ခန္ဓာနဲ့လည်း မကင်းပြန်ဘူး ။ ဒါဖြင့် ဘာကြောင့် စုတာလဲ လို့ မေးတော့ ပါးစပ်က ဘာမှ မပြောပေမယ့် တရားသဘောနဲ့ အဖြေထုတ်တယ် - " ထိုက်သူတွေ သုံးဖို့ " တဲ့ ။ ထိုက်တဲ့ ပုဂ္ဂိုလ်တွေ သုံးကြပါစေ - ကိုယ်နဲ့ ထိုက်သလောက် သုံးချင် သုံးရမယ် ။ ဒိပြင်ပုဂ္ဂိုလ်နဲ့ ထိုက်ရင်လည်း ဒိပြင်ပုဂ္ဂိုလ် သုံးသွားလိမ့်မယ် ။ ရန်သူမျိုး ငါးပါးနဲ့ ထိုက်ရင်လည်း ရန်သူမျိုး ငါးပါးထံ ရောက်သွားလိမ့်မယ် ။ ပစ္စည်းက ပိုင်မှ မပိုင်ဘဲ - ဘုံ ဆိုင် ကိုး ။ ဒါကြောင့် ပစ္စည်း စုတာဟာ ထိုက်သူတွေ အတွက်ပါ ။ * တရားစု မိမိဖို့ ဒါနလုပ်တာ ဘယ်သူ့ဖို့လဲ - ကိုယ့်ဖို့ ကျန်အောင် လုပ်ရတာ ။ သီလ ကျင့်သုံးတာ ဘယ်သူ့ဖို့လဲ - ကိုယ့်ဖို့ ကျန်အောင် ကျင့်သုံးရတာ ။ ဥပုသ် စောင့်တာ ဘယ်သူ့ဖို့လဲ - ကိုယ့်ဖို့ ကျန်အောင် စောင့်ရတာ ။ ဘုရားရှိခိုးတာ ဘာလုပ်ဖို့လဲ - ကိုယ့်ဖို့ ကျန်အောင် ရှိခိုးရတာ ။ တရားထိုင်တာ တရားမှတ်တာ တရားဘာဝနာ ပွားတာ ဘယ်သူ့ဖို့လဲ - ကိုယ့်ဖို့ ကျန်အောင် ပွားများရတာ ။ ယခုလို တရားနာကြတာ ဘာလုပ်ဖို့လဲ - ကိုယ့်ဖို့ ကျန်အောင် လုပ်ကြရတာ ။ ကုသိုလ်အလုပ် မှန်ရင် ကိုယ့်ဖို့ ကျန်အောင် လုပ်ကြရတာချည်းဘဲ #နိဗ္ာန်နပစ္စယောဟောတု🙏🙏🙏 #ဓမ္မဒါန #တရားအသိနဲ့ပေးချမ်းကြပါစေ
Thuri Yan
Region: TH
Saturday 24 October 2026 19:52:15 GMT
Music
Download
Comments
khantwarsoaung2 :
စာသားလေး ချပေးပါလား ပြန်လည်မျှချင်ပါတယ် တကယ်တရားအသိလေး တိုးပွားစေချင်တဲ့စိတ်တခုရယ်ပါ🪷🪷🪷
2026-10-25 15:18:58
2
Min Oak :
တစ်ကယ်း မသိကြပါဘူ
သိလည်မသိခြင် ရောင်ပဲဆောင်တာများ
တယ်😅😅😅😅😅
2026-10-25 05:58:59
3
user326007798 :
လူဖြစ့်လာကတဲက..အရင့်ဦးဆုံတရားစုဖို
ဖြစ်လာရင်ကောင်းသားပဲး
အခုက..ခန္ဒါစုဖို..ထိုက်သူစုဖို..အကြောင်းဖန်လာတော့..တရားစုဖို မေ့နေကြတယ်
2026-10-25 07:42:49
12
Yee Lay :
ယခုလိုသိခွင့်ရလို့ကျေးဇူးပါအရှင်ဘုရား သာဓုသာဓုသာဓု🙏🌹🙏🌹🙏🌹🌹🌹🌹
2026-10-25 14:35:26
1
Oothetzinoo :
[Heartwarming]တရားမစုနိင်သ၍ခန္ဓာတွေရနေအုံးမှာဘဲ၊ပစ္စည်းတွေလဲစုနေရအုံးမှာပါ၊သာဓု၊သာဓု၊သာဓုပါဘုရား။
2026-10-25 07:29:52
5
San Chay :
အသိတရားနဲ့ဆင်နိင်ဖို့ကိုယ်တိုင်းကဆင်ခြင်ရမယ်☺
2026-10-25 13:38:23
2
ယွန်းငယ် :
ပြန်တင်ခွင့်ပြုပါရှင့်
2026-10-25 09:41:11
1
အဂ္ဂ :
ပြန်တင်ပါ့ရစေ🙏
2026-10-26 08:27:00
0
Nwe.Nwe.win🥰😘 :
ကျေးဇူးပါသိခွင့်ဖတ်ခွင့်ရလို့🙏🙏🙏🙏🙏🙏🥰🥰🥰🥰
2026-10-25 13:50:50
2
uhlashwe65 :
ပြန်လည်မျှဝေခွင့်ပြုပါနော်
2026-10-25 16:06:21
1
thin myat su :
သာဓု
2026-10-26 10:51:34
0
kosoe gyi,(Sittway) :
ရှဲခွင့်ပြုပါ🥰🥰
2026-10-26 05:38:52
0
Aye Naing :
သာဓုသာဓုသာဓုပါ
2026-10-26 10:38:28
0
KYI KYI :
ကောင်းလိုက်တာ မှန်လိုက်တာ ဒါပေမယ့် ကိုယ်အပါအဝင် အများစုက အသိခေါက်ခက်အဝင်နက်နေကြတာ ဒီလိုဖတ်လိုက်ရရင် မှန်ပါလားလို့ အသိတရားရပြန်ရော ပြီးရင်ပြန်မေ့သွားပြန်ရော
2026-10-26 06:01:49
0
K M T :
🙏🙏🙏
2026-10-26 07:35:35
0
user1888153879942 :
အဲဒီ အမှန်တရားကို လူတိုင်မသိကြဘူး
2026-10-25 03:59:40
0
🌵🌵🌵 :
ပြန်တင်ခွင့်ပြုပါရှင့်🙏🙏🙏
2026-10-25 16:03:19
1
Nway Khyay :
သာဓုသာဓုသာဓု။
2026-10-26 07:45:50
0
May :
တရားအသိနဲ့အေးချမ်းပါရစေကျေးဇူးတင်ပါတယ်ဆရာှရင့်
2026-10-26 04:04:23
0
Chan Thar :
သာဓုသာဓုသာဓုပါဘရာ
2026-10-26 05:21:03
0
သားသား :
ေကျးဇူးပါဗျာအရမ်း ေကာင်းတယ်ရလိုက်တယ်အ ေတွးတစ်စု..ဆင်ခြင်ႏိုင်ပါ ေစ
2026-10-26 05:14:45
0
@AKOT :
ဒီလိုတရားလေးတွေဖတ်လို့ရမယ့် စာအုပ်ကောင်းကောင်းလေးတွေ ညွှန်းပေးလို့ရမလားဗျ
2026-10-26 04:57:02
0
Cho Cho Soe :
ကောင်းလိုက်တဲ့တရားလေးပါ
သာဓုသာဓုသာဓုပါ🥰🥰🥰
2026-10-26 07:18:58
0
Nyo Chaw :
ကျေးဇူးတင်ပါသည်
2026-10-26 05:31:04
0
WinTun🙏🙏🙏☸️🪷🪷🪷🌹🌹🌹🌻🌻 :
မှတ်တယ် တရား လေး🙏🙏🙏💐💐💐
2026-10-25 04:19:53
0
To see more videos from user @zu.com5, please go to the Tikwm
homepage.