@phyumarwin96: မျောက်တစ်ကောင်ရဲ့ စိတ်ထဲမှာ ရွှေဆွဲ ကြိုးတစ်ကုံးဟာ ငှက်ပျောသီးတစ်လုံးလောက် တန်ဖိုးမရှိဘူး တဲ့ ။ သိပ်မှန်တဲ့စကားပဲဗျ ။ တစ်ခါတစ်လေ တန်ဖိုးဆိုတာက လက်ခံသူရဲ့ စိတ်လိုအပ်ချက်နဲ့ တိုက်ရိုက်သက်ဆိုင်တယ် ။ ကိုယ်က စိတ်ရင်းနဲ့ ပေးခဲ့လို့ သူကလည်း အဲ့ဒီတန်ဖိုးကို အတိအကျ နားလည်ရမယ် လက်ခံရမယ်ဆိုတာ မရှိပါဘူး။ အရာဝတ္ထုပစ္စည်းမှာမဟုတ်ဘူး အချစ်၊ အချိန်၊ ကြင်နာမှုတွေမှာလည်း အတူတူပါပဲ။ သူတို့မှာ တကယ်လိုချင်စိတ် မက်မောစိတ်မရှိရင် ကိုယ်တို့ဘယ်လောက် ကောင်းမွန်တဲ့အရာကိုပေးပေး အလကားပဲ ဖြစ်နေမှာပဲ ။ တချို့လူတွေအတွက် ကိုယ့်ရဲ့နွေးထွေးမှုက အလင်းဖြစ်ပေမယ့် တချို့လူတွေအတွက်တော့ သူတို့မလိုအပ်တဲ့ မီး တစ်ခုဖြစ်နေနိုင်ရော ။ ဒါမို့ ကိုယ်တို့ နားလည်ထားရမှာက ကိုယ့်တန်ဖိုးကို မမြင်တဲ့သူတစ်ယောက်ရှေ့မှာ ကိုယ့်တန်ဖိုးရှိကြောင်း သက်သေပြဖို့ အမြဲကြိုးစားနေစရာ မလိုဘူးဆိုတာပါပဲ ။ တန်ဖိုးဆိုတာ လူတိုင်းက အသိအမှတ်ပြုမှ တန်ဖိုးရှိလာတာ မဟုတ်သလို တစ်ယောက်ယောက်က မမြင်လို့လည်း တန်ဖိုးပျောက်မသွားပါဘူး။ အရေးကြီးတာက ကိုယ်ဟာ ဘယ်နေရာမှာ ဘယ်သူ့အတွက် ဘယ်လို အဓိပ္ပါယ်မျိုး ရှိသလဲဆိုတာ ကိုယ်တိုင်သိထားဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ရွှေဟာ ဘယ်လောက်အဖိုးတန်ပါစေ ဆာလောင်နေတဲ့မျောက်တစ်ကောင်အတွက်တော့ ကမ္ဘာပေါ်မှာ အရေးကြီးဆုံးအရာဟာ ငှက်ပျောသီးတစ်လုံး ဖြစ်နေနိုင်လို့ပါပဲ။ #crd #creatorsearchinsights #crd_to_owner_with_respect
𝑷𝑯𝒀𝑼💫
Region: MM
Sunday 25 October 2026 00:29:45 GMT
Music
Download
Comments
DreamyDaze :
မူရင်းအားcrdပေးပါတယ်ပြန်ယူသုံးမယ်နော်
2026-10-25 14:08:22
1
🍀Dar Dar🍀 :
မိုက်🥰
copyယူပါရစေနော်🥰
2026-10-25 14:16:09
1
Thin ei phyu :
ပြန် သုံး ခွင့်ပြုပါနော်🥰😘
2026-10-25 13:52:23
1
SWE🍒🍒🍒🤍🤍🤍 :
copy ယူပါရစေ 🥰
2026-10-25 13:11:33
1
🍓🍓Myopapa🌹🍓 :
ပြန်သုံးခွင့်ပြုပါနော်🥰
2026-10-25 08:54:42
2
Honey 🐙(金牛座) :
စာသားလေးပေးပါရှင် ကွက်တိကျနေလို့
2026-10-25 09:48:56
2
ဖားကန့်မြို့။ ဆိုင်းတောင်သူလေး :
စာသားချပေးအူး
2026-10-25 12:14:33
1
Ma khaing :
ပြန်သုံးခွင့်ပြုပါ
2026-10-25 04:07:45
1
Khaing Nway Zin :
ပြန်သုံးခွင့်ပြုပါရှင့်🥰🥰
2026-10-25 14:54:07
0
(心妍)♒️ :
အမှန်တရား
2026-10-25 04:29:55
1
Ma Aye Aye Thwe 789 :
yes
like
2026-10-25 11:00:22
1
Unicorn :
👍👍👍👍👍👍👍👍👍👍
2026-10-25 07:14:13
1
Thu Zar Nwe :
😘😘
2026-10-25 04:38:15
1
ပန်ဒါ :
🥰🥰🥰
2026-10-25 02:21:02
1
အန်တီ ပုံ့ :
👍👍👍👍👍👍👍👍👍
2026-10-25 13:47:35
1
To see more videos from user @phyumarwin96, please go to the Tikwm
homepage.