@lumyanmar: ##မီးသတ်ကွေ့ပုံပြင်... မန္တလေးကနေ ပြင်ဦးလွင်ကို အတက် မီးသတ်ကွေ့ဆိုတာ နာမည်ကြီးပါ။၂၀၀၀ ခုနှစ် သြဂုတ်လတုန်းက အဲ့ဒီကွေ့မှာ မီးသတ်သင်တန်းဆင်းလာတဲ့ မီးသတ်ဝန်ထမ်းတွေ နဲ့ ရဲဝန်ထမ်းအချို့ ကို မန္တလေးဘူတာကိုပို့ပေးတဲ့ ကားတိမ်းမှောက်လို့ လူ ၄၂ ဦး သေဆုံးခဲ့ရာနေရာကိုခေါ်တာပါ။ ပြင်စာက သရဲမပြီးရင် အဲ့ဒီအချိန်က ခြောက်လှန့်မှုအကြိမ်ရေအများဆုံးနေရာဖြစ်လာပါတယ်။ဒါပေမယ့် သူတို့သည် ပြင်စာကသရဲမလို လူတွေကို ဒုက္ခမပေးပါဘူး။ပျက်နေတဲ့ကားတွေကို ထွက်လာပြီး ကူးတွန်းပေးတာတို့၊ဒုက္ခရောက်နေတဲ့ ခရီးသည်တွေကို ကူညီပေးတာတွေကို လုပ်ဆောင်ကြပါတယ်။ဒါပေမယ့် လူတွေကတော့ ကြောက်လန့်ကြတာပေါ့။တစ်ခါကဆို ညဘက်ကြီး ပျက်နေတဲ့ Dyna ကားကို ၁၀ ယောက်လောက်ရောက်လာပြီး ကူတွန်းပေးကြသတဲ့။ကားသမားကလည်း မီးသတ်ကွေ့ကိုမသိဘူး။အနီးအနားမှာ မီးသတ်သင်တန်းကျောင်းတွေ၊ဗဟိုဝန်ထမ်းတက္ကသိုလ်တွေရှိတော့ သဘောရိုးပဲထင်နေခဲ့တာပါ။ကားစက်နှိုးတော့ သူတို့က ရှေ့ ၂၁ မိုင်ကို လိုက်ချင်တယ်ဆိုလို့ တင်ခေါ်လာလိုက်ပါတယ်။၂၁ မိုင်ရောက်လို့ ကားရပ်ပေးတော့ နောက်မှာ တစ်ယောက်မှပါမလာတော့ဘူးတဲ့။ နောက်ပိုင်းတော့ သူတို့အတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေလုပ်ပြီး မီးသတ်ကွေ့မှာ တာဝန်ရှိသူတွေက လွမ်းစေတီလေးတည်ပေးလိုက်ကြတယ်။အဲ့ဒီကစလို့ မီးသတ်ကွေ့က ခြောက်ခြားစရာ အသံတွေလည်း တစတစနည်းပါးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ မီးသတ်ကွေ့ကိုဖြတ်တိုင်း သေသော်လည်း တာဝန်သိတတ်သည့် မီးသတ်ရဲဘော်ကြီးများကို သတိရနေဆဲပင်... (ရောက်ရင် သတိထားလို့ သူတို့အတွက် ဆုတောင်းပေးနိုင်ဖို့ပါ။အရင်က တင်​ပေးပြီးသားပါ။အခုက မီးသတ်​ကွေ့မှာ စိတ်မ​ကောင်းစရာ ကိစ္စ​တွေထပ်ဖြစ်လာလို့ မီးသတ်သမားကြီး​တွေကို သတိရမိလို့ ပြန်တင်​ပေးလိုက်ခြင်းဖြစ်ပါတယ်) #မီးသတ်​ကွေ့ပုံပြင်#လူမြန်မာ #fyp

Lu Htoo Aung
Lu Htoo Aung
Open In TikTok:
Region: MM
Sunday 25 October 2026 00:42:15 GMT
934201
52065
675
6453

Music

Download

Comments

thirikyawzaaw
𝕿𝖍𝖎𝖗𝖎 𝕶𝖞𝖆𝖜𝖟𝖆𝖆𝖜 :
ကိုယ့် အဖေပါသွားတဲ့အဖြစ်အပျက်ပါ ခုချိန်ထိမမေ့နိုင်သေးပါဘူးအဖေ😭😭၂၆နှစ်ရှိပါပီ😭😭
2026-10-25 03:13:55
1822
san.san3820
S. :
ပြင်စာကသရဲမကတော့ ကိုယ်တွေ့ပါဘဲနော် ကားမှန်ဘေးကိုမကြည့်ရဲခဲ့တာပါ မျက်မြင်ကြီးဆိုတော့ 😭
2026-10-25 03:11:00
117
www.npttiktok123456.com
Galaxy :
ပြင်စာ သရဲမ တော့ ကိုယ်တွေ့ဗျာ တအားကြမ်းတာ
2026-10-25 02:49:47
139
phoo.mmk
January may lay :
ပြင်စာသရဲမလည်း အတုယူစေချင်တယ်လူတွေကိုဒုက္ခမပေးပဲ ကူညီပေးဖို့
2026-10-25 04:26:58
390
thecno41
ko tun :
ကျွန်တော်လည်းတွေ့ဘူးတယ်ပြင်စာနားကသရဲမ ကားတားတယ် အနီးနားရောက်တော့ ကိုတုန်းလုံးကြီး
2026-10-25 02:47:46
62
la.min4509
la min :
2024ကပြင်ဦးလွင်မှာနေတဲ့သူပါမန်းလေးကနေအပြန်မီးသတ်ကွေ့မရောက်ခင်ဆိုင်ကယ်ပျက်တာည8နာရီလောက်ဘယ်ကားဘယ်ဆိုင်ကယ်မှ့မရှိဘူးအကူညီရရင်ကောင်းမယ်လို့တွေးမိတာမီးသက်ကွေ့မှာကားတစီးလူ3ယောက်ကားပြင်နေတာအတော်ပဲဦးလေးရယ်သမီးဆိုင်ကယ်ထိုးရပ်သွားလို့ကူညီပါလို့ပြောလိုက်တာအင်ဂျင်ဝိုင်ပျက်တာဆိုပြီးထည့်ပေးလိုက်တာကျေးဇူးပါဦးလေးရယ်ပြောတော့ရတယ်မြန်မြန်မောင်းတော့နောက်လှည့်မကြည့်နဲ့တဲ့မှာလိုက်တာလှည့်မကြည့်ရဲခဲ့ဘူးသူတို့နဲ့နည်းနည်းဝေးတော့ ကြက်သီးတွေပြီးကြောက်လာလို့လှည့်လည်းမကြည့်ရဲဘူးဆိုင်ကယ်ကလည်း21မိုင်ရောက်တော့ထိုးရပ်သွားပါတယ်အင်ဂျင်ဝိုင်ဝယ်ထည့်ရင်းပြောပြမှ့ကြောက်လိုက်တာဆိုတာမပြောနဲ့တော့
2026-10-25 04:04:49
180
zinwaiyanhtoo572
ZinWaiYanHtoo 3.5M :
ယောကျ်ားသရဲတွေက ကူညီပီး မိန်းမသရဲက ခြောက်လှန့်နေတယ်ဆိုတော့...... မသေခင် စိတ်ကောင်းလေးထားကြပါဗျာ အကြံပြုတာပါ😁😁
2026-10-25 13:52:57
8
yanpaichit7
Pai Chit :
ဆိုင်ကယ်နဲ့ရောကားနဲ့ရော ၁၆ ဂိတ်က ၁၀ နာရီကျော်ဖြတ်ခွင့်မပြုတဲ့အချိန်ကတည်းက တစ်ယောက်တည်း ၁၁/၁၂ ထိအတက်အဆင်းလုပ်ဖူးတယ် မြင်လည်းမမြင်ဘူး ကြုံလည်းမကြုံဖူးဘူး ပါးစပ်စကားတွေပဲရှိတာ
2026-10-25 03:29:11
35
ngwethawtarpharmacy52025
Lwin Thaw Tar :
ပြင်စာက သရဲမကတော့ ကိုယ်တိုင်ကြုံခဲ့ဖူးတော့ ကြောက်တယ်
2026-10-25 02:37:12
57
money...2026
money2025 :
ည ၁၁ နာရီလောက် တစ်ယောက်တည်း ဆိုင်ကယ်စီးလာတာ အနောက်ကနေ လိုက်မယ် လိုက်မယ် အော်သံကြီးနဲ့ လူသဏ္ဍာန် နှစ်ယောက်ပြေးလိုက်လာတာ၊ ဘယ်ရမလဲ မောင်းပြေးတာပေါ့။
2026-10-25 03:23:27
36
la.yaung8939
မေမြို့သား :
ပြင်စာကသရဲမမဟုတ်ပါဘူး ပြင်စာနဲ့ဝေးပါသေးတယ် ကံနိမ့်ရင်ကားပေါ်ပါလာတတ်တယ် အပုတ်နံ့ပေးတာကားဘတ်မှန်ထဲမှာပေါ်တာမျိုးဖြစ်တတ်တ်ပါတယ် ကားပေါ်မှာပရိတ်အခွေတရားအခွေဖွင့်ပီးမောင်းရင်မကပ်နိုင်ပါဘူး ကျွန်တော်သိသလောက်ပြောပြတာပါ ကျွန်တော်တို့နယ်ဘက်ဆိုတော့
2026-10-25 05:58:58
27
nan.ei.ei.khaing512
ကဗျာချစ််သူလေး🥰နန်း :
ပြင်စာသရဲမကဘာလဲဟင်
2026-10-25 06:17:20
7
hsanhom1
N Hsan Hom :
ပြင်စာသွားမလို့ပါဆို မန့်ထဲမှာ ပြင်စာသရဲမအကြောင်းချည်းပဲ မပျော်တော့ဘူးးးးး
2026-10-25 03:48:27
35
nyinyi19712
NyiNyi :
လွန်ခဲ့တဲ့နှစ်20ကျော်လောက်ကဘီးကြီးDTဆိုင်ကယ်မီးသတ်ကွေ့အနီးအတက်လမ်းမှာပျက်တော့သူတို့အနောက်ကနေတွန်းပေးလို့အပေါ်ထိရောက်ခဲ့တယ်ည10နားရီကျော်လောက်ပေါ့ကြုံခဲ့ဘူးတယ်
2026-10-25 03:24:57
29
hnin.phyu9814
hnin phyu :
အဲနေ့တုန်းက ကိုယ်တွေကမန်းလေးဘူတာကြီးမှာ မော်လမြိုင်ပြန်ဖို့ ရထားလက်မှတ်ဝယ်မရသေးလို့ သင်တန်းဆင်းပြန်လာမယ့်မီးသတ်အဖွဲ့စီးလာတဲ့ကားမှောက်သွားလို့ သူတို့အတွက်ချန်ထားတဲ့ရထားလက်မှတ်တွေပြန်ရောင်းလို့ လက်မှတ်ဝယ်ရပြီး ပြန်လာခဲ့တာ
2026-10-25 02:30:42
114
thanthtetphyo
Thant Htet Phyo :
သရဲ နာနာ ဘာဝ နဲ့ ဘာမှ မဆိုင်ဘူး လမ်းတံတား အထောက်အဆင်းအနား လမ်းတံတား engineering ပညာရပ်ဆိုင်ရာ root cause ပဲရှာ ရမှာ လူအစုသေတိုင်းသာ လူလဲကြေးဆို တစ်နိုင်ငံလုံး နေရာလွတ်တောင်ကျန်မှာ မဟုတ်ဘူး
2026-10-25 06:58:12
13
kokothaming.san
koko(Thaming san) :
မသေဘဲ ညှပ်ရိုးကျိုးဒဏ်ရာရ တပည့်တယောက်ရှိပါတယ်။ အခုထိ လစာခံစားခွင့်ရနေပါတယ်။ ဦးခင်ညွန့်လက်ထက်က။
2026-10-25 04:33:11
16
maungmaungmyint83
maung maung Myint :
ရေးတာမှားနေတာ ၂၁မိုင်ကျော်မှမီးသတ်ကွေ့ရောက်တာလေကွာ
2026-10-25 02:32:54
29
user6817527438747
user6817527438747 :
မီးသတ်ကွေ့ရောက်ရင်ဟွန်းတီးတဲ့ဓလေ့လေးပျောက်နေပြီ ငယ်ငယ်ကတော့ အဲနားရောက်ရင်လိုင်းကားဆရာဆိုင်ကယ်အဆုံးဟွန်း၃ချက်တီးကြတာ
2026-10-25 03:33:23
53
yaungnilin2017
ရောင်နီလင်း :
မီးသတ် တွေ အသက်ပေးခဲ့ရလို့ မီးသတ်ကွေ့လို့ခေါ်တာလား
2026-10-25 03:11:56
29
ar.d072
ကိုမင်းအိမ် :
ခက်ပါပီ ကိုယ်က အသားငါး တက်ရောင်းတာနဲ့
2026-10-25 03:02:54
8
eaint.nandar.kyaw4
Patric Shelby :
မန်းလေးမေမြို့ခနခန ဆင်းတက်လုပ်တော့ ခနခနကြုံဖူးပါတယ် လူဒုက္ခရောက်လောက်တဲ့ထိတော့ခြောက်တာမကြမ်းပါဘူး ဆိုင်ကယ်နဲ့တက်ဆင်းလုပ်တော့ညဘက်နဲ့ကြုံရင် မီးသတ်ျကွ့နားရောက်တာနဲ့အကြောင်းမရှိဆိုင်ကယ်ပျက် အဲ့ဒီ ချောက်ထဲကအုပ်စုလိုက်တရားနာတဲ့အသံကြားရတယ် ခြေလှမ်း၅၀လောက်ဆိုင်ကယ်တွန်းပီးမှဆိုင်ကယ်ကစက်ပြန်နှိုးလို့ရ ပြင်စာကသရဲမကတော့ ဘွားခနဲပေါ်ပေါ်လာတာဆိုင်ကယ်မီးထိုးလဲပေါ်နေတာသူ့ကိုကျော်မှနောက်လှည့်ကြည့်ရင်ဘယ်သူမှမရှိဘူးသူ့လမ်းသူသွားနေတာနေမာပါ ပရလောကတွေကတကယ်ရှိပါတယ်
2026-10-25 03:18:04
8
min.than959
Ko Oo :
ပုံပြင်တွေမပြောနဲ့ ဘာ သရဲမှမရှိဘူး အချိန်မတော် ဒီအတိုင်းပဲသွား နေတာ
2026-10-25 02:35:49
12
ba.kyaw39
🫰Ba Kyaw (ကပ္ပိယ)🫰 :
လမ်းပိုင်းဆရာ အဂ်ျင်နီယာများကလဲပညာရှု့ထောင့်အမျိုးမျိုးကနေ လမ်းကိုဘယ်လိုပြုပြင် တိုးချဲ့ပြင်ဆင်မလဲ အန္တရာယ်ကင်းအောင် ဝိုင်းဝန်းလမ်းတံတားဌာနမှလဲကြည့်ရှု့ကြပ်မှတ်ပေးစေလိုကြပါသည်။
2026-10-25 05:13:10
23
me.paing4
Mie🎀 :
အဲ့ဒီမီးသတ်သမားတွေထဲမှာ ကိုယ့်ဦးလေးလဲပါသွားခဲ့တယ်🥺
2026-10-25 03:41:56
41
To see more videos from user @lumyanmar, please go to the Tikwm homepage.

Other Videos


About