@berrydtreasure_live: #shoes #heydudeshoes #college #TikTokShopBlackFriday #TikTokShopCyberMonday

BerryD Treasure Backup
BerryD Treasure Backup
Open In TikTok:
Region: US
Sunday 25 October 2026 01:52:20 GMT
70
0
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @berrydtreasure_live, please go to the Tikwm homepage.

Other Videos

​
​"အောင်ဇမ္ဗူ ဇာတ်သဘင်အကြောင်း တစ်စေ့တစ်စောင်း" ​၁။ စည်းလုံးမှု လျော့နည်းလာခြင်း အောင်ဇမ္ဗူဇာတ်သဘင်ဟာ အရင်နှစ်ကဆို အရမ်းစည်းလုံးကြတဲ့ စံနမူနာပြ သဘင်အဖြစ် ရပ်တည်ခဲ့ကြတဲ့ ဇာတ်သဘင်တစ်ခု ဖြစ်ပါတယ်။ အခြားဇာတ်သဘင်တွေ အတုယူအားကျရတဲ့ ဇာတ်သဘင်အဖြစ်လဲ ပြောရင် မမှားပါဘူး။ အခုနှစ်မှာ ဘာကြောင့် စည်းလုံးမှု ပျက်စီးနေရလဲဆိုတဲ့ အဓိကအချက်တွေဟာ မင်းသားအပါအဝင် အဖွဲ့သားအားလုံးနဲ့ပါ သက်ဆိုင်နေပါတယ်။ ​မင်းသားဟာ အဖက်ဖက်က တွေးခေါ်တတ်သူတစ်ဦးဆိုလျှင် လူသစ်ထည့်ရာမှာ လိုတာထက်ပိုပြီး နေရာပေးမှုများဟာ အဖွဲ့သူအဖွဲ့သားအချင်းချင်းကြားမှာ စိတ်ခုနိုင်စေတဲ့ အဓိကပြဿနာတစ်ခုပါ။ ဇာတ်သမားစဉ်ဆိုတာ ဖျက်လို့မရပါဘူး။ ကိုယ်ပိုင်ဇာတ်၊ ငါ့ဇာတ် ငါလုပ်ချင်တာ လုပ်ခွင့်ရှိတယ်လို့ တွေးရင်တော့ အဲ့ဒီအရာဟာ အမှားတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ကျောင်းဆင်းတစ်ယောက်ကို ချက်ချင်းခေါင်းဆောင်နေရာ ဝင်ကခိုင်းတာဟာလည်း မဖြစ်သင့်တဲ့အရာတစ်ခုဖြစ်ပြီး အခြားဇာတ်သဘင်အဖွဲ့အစည်းတွေမှာလည်း မဖြစ်ခဲ့ဖူးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ​အနှစ်နှစ်အလလ ကြိုးစားကပြဖျော်ဖြေသူတွေအနေနဲ့ တန်းတူတစ်ခုပေးလိုက်သလို ဖြစ်နေခြင်းဟာ မိမိတင်ပေးလိုက်တဲ့ မင်းသမီးအပေါ်လည်း လူမုန်းများလာနိုင်တယ်ဆိုတာ ထည့်သွင်းစဉ်းစားရပါမယ်။ အဲ့လိုမှမဟုတ်ဘဲ ဇာတ်သဘင်ဆိုတာ သဘင်မိသားစုဆိုတဲ့ အဖွဲ့အစည်းခေါင်းစဉ်အောက်မှာ ရှိနေတဲ့ အနုပညာသမားတွေပါ။ အဲ့ဒီအရာတွေထဲက ခွဲထွက်နေမယ်ဆိုလျှင် ရေရှည်ရပ်တည်ဖို့ မလွယ်တဲ့ကိစ္စတစ်ခုပါ ‌။ ​အခုခေတ်ဟာ ခေတ်မကောင်းတဲ့အချိန်တစ်ခု ဖြစ်နေသည့်အလျောက် အချိန်တစ်ခုရောက်လာခဲ့လျှင် ကိုယ်လျှောက်လိုက်တဲ့ လမ်းကြောင်းမှားနေခဲ့လျှင် အလိုလိုဘေးရောက်သွားနိုင်တဲ့ အခြေအနေတွေပါ။ ဒီစကားပြောလို့ အထိမခံနိုင်တဲ့ ပရိသတ်တွေရှိသလို ဒီစကားဘာလို့ပြောရလဲဆိုတာ နားလည်တဲ့ ပရိသတ်တွေလည်း ရှိနေနိုင်ပါတယ်။ ကိုယ်တိုင်လည်း အားပေးနေတဲ့ ဇာတ်သဘင်ဖြစ်သလို ရေရှည်မှာလည်း အောင်မြင်မှုကို မြင်ချင်သောဆန္ဒတစ်ခုကြောင့် ပြောနေတာဆိုတာကို တွေးခေါ်တတ်သူများက နားလည်မှာပါ။ ပိုက်ဆံနဲ့ရှင်းလို့မရတဲ့အရာတွေ အများကြီးရှိပါတယ်နော်။ ​၂။ အတ္တဆန်သော ပရိသတ်များ ဒါကတော့ အလွှာပေါင်းစုံမှာ ရှိတတ်ကြတဲ့ လူအမျိုးအစားတွေပေါ့။ မိမိအားပေးတဲ့သူ ဘာလုပ်လုပ် အမှန်ဆိုတာမျိုးတွေ ကြုံတွေ့နေရပါတယ်။ ဒါဟာလည်း မကောင်းတဲ့အချက်တစ်ခုပါ။ အမှားကိုထောက်ပြသူတွေကို လက်မခံဘဲ အပြစ်တင်နေခြင်းဟာ လွဲမှားနေတဲ့ အတ္တဆန်တဲ့ ပုဂ္ဂိုလ်စွဲသမားတွေလို့ မြင်ပါတယ်။ မင်းသားအနားမှာ တကယ်တော်တဲ့ ထက်မြက်တဲ့သူတွေ အဝေးကိုရောက်အောင် တွန်းအားပေးနေခြင်းတွေဟာ မကောင်းတဲ့အရာတွေဖြစ်သလို နောင်တစ်ချိန် တစ်ဦးတစ်ယောက်တည်း ဖြစ်သွားစေနိုင်အောင် တွန်းအားပေးနေသောအရာပါ။ ​နောက်တစ်ခုက အဖွဲ့အစည်းအပေါ် အပြစ်တင်နေခြင်းတွေဟာလည်း လွဲမှားတဲ့အရာတစ်ခုပါ။ မင်းသားအဖွဲ့အစည်းအပေါ် အုပ်ချုပ်မှု လျော့နည်းနေသည့်အရာကို အဖွဲ့အစည်းအပေါ် ခေါင်းစဉ်တက်နေသော ဥပမာ - မင်းသားက အရှေ့ကကြိုးစားနေတာ အနောက်က ဘာပြဿနာမှမရှာပါနဲ့ဆိုတဲ့ စကားမျိုးတွေပေါ့။ တကယ်ကြိုးစားနေတာက မင်းသားဟာ သူ့အတွက်ကြိုးစားနေတာပါ။ အဖွဲ့အစည်းထဲက ဘယ်သူ့ကို ဘာလုပ်ပေးပေး သူတို့လုပ်အားနဲ့ သူတို့ဝယ်ရတာပါ၊ ခေါင်းခံပေးတာလောက်ပဲ ဆိုတဲ့သဘောမျိုးပေါ့။ ​မင်းသားကြိုးစားတာဟာ သူ့ဘဝနောင်ရေးအတွက်နဲ့ သူ့မိသားစုအတွက် ကြိုးစားတာလို့ ပြောရမှာပါ။ ‌ဇာတ်သဘင်အတွက်က ဇာတ်သဘင်ကပြဖျော်ဖြေမှုနဲ့ လုံလောက်နေတဲ့အနေအထားမှာ ရှိနေပါပြီ။ စီးပွားရေးနယ်ချဲ့နေတာဟာလည်း ဒီအနုပညာအလုပ်ကို သူရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်တာသိလို့ လုပ်ဆောင်နေတာဆိုတာကို လူအများကနားမလည်ဘဲ တစ်ဖက်လူ‌ရဲ့အမှားကို အဖွဲ့အစည်းအပေါ် ပုံချနေခြင်းဟာ မဖြစ်သင့်တဲ့အရာပါ။ ကောင်းသောတွေးခေါ်ခြင်းများနဲ့ တွေးခေါ်တတ်ကြပါစေနော်။ ​၃။ ဆန်းသစ်တီထွင်မှု အလွဲ ဇာတ်သဘင်ဟာ အနုပညာကို ဖော်ပြရမယ့် စင်မြင့်တစ်ခုပါ။ ပကာသနတွေကို ကြွားဝါရမယ့်နေရာတစ်ခု မဟုတ်ပါဘူး။ အခုမြင်တွေ့နေရတာတွေဟာ ဇာတ်သဘင်ရဲ့ စတိတ်လိုအပ်ချက်တွေမှာ အရမ်းအကုန်အကျခံပြီး ထည့်နေခြင်းဟာ လွဲမှားနေတဲ့အရာတစ်ခုပါ။ တကယ်လိုအပ်နေတဲ့အရာတွေကို လုပ်ဆောင်ရပါမယ်။ ဥပမာ - မြန်မာသံ၊ ကိုယ်ပိုင်သံစဉ်တွေ ဖန်တီးတာမျိုး၊ ကိုယ်မရေးနိုင်ရင်တောင် ဝယ်ယူသင့်ရင် ဝယ်ယူရပါမယ်။ ​ကိုယ်ပိုင်သီချင်းနဲ့ ကိုယ်ပိုင်ဖျော်ဖြေမှု အသစ်အဆန်းတွေကို တီထွင်ခြင်းဟာ ဇာတ်သဘင်ရဲ့ဂုဏ်ကို ပို၍တက်စေမှာ အမှန်ပါ။ မိသားစုရဲ့ ‌ချွေးနှဲစာတွေကို တန်ဖိုးရှိရှိ ကပြဖျော်ဖြေမှုတွေ တင်ဆက်နိုင်ဖို့ အကြံပြုရင်း... ​ကိလေသာအပေါင်း သူတော်ကောင်းတို့ လာရောက်ဆဲကြပါကုန်လော့ ☺️☺️☺️ #အောင်ဇမ္ဗူဇာတ်သဘင် #aungzabu #fyp #tiktok

About