@hsimoomhseng: ဦးနှောက်သုံးသွားပြီဆိုရင်..... ၁။ ခေါင်းထဲမှာ ကိုယ်သွားချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုပဲရှိတယ်။ ဒီအတွက်ပဲ နေ့စဥ်ကြံဆတယ်။ ၂။ အကျိုးမရှိတဲ့သူနဲ့မပေါင်းဘူး။ အကျိုးမရှိတဲ့နေရာမသွားဘူး။ အကျိုးမရှိတဲ့ အတွေးမတွေးဘူး။ ၃။ တစ်မိနစ်ထက်ပို စိတ်ညစ်မခံဘူး။ တစ်မိနစ်အတွင်း မကောင်းတဲ့ခံစားချက်ကိုရှင်းတယ်။ ၄။ နေ့စဥ် တော်၊ ပျော်၊ ပွား၊​ ပေးဖြစ်ရမယ်။​ တော်ရမယ်၊​ ပျော်ရမယ်၊​ ဝင်ငွေတိုးပွားရမယ်၊​ ကိုယ့်မှာရှိတာ ဥပမာ အသိပညာ မျှဝေပေးနိုင်ရမယ်။​ ၅။ နေ့စဥ်လည်ပတ်မှု အမူအကျင့်ကောင်း ပြုစုပျိုးထောင်ထားတယ်။ ၆။ ဘဝရဲ့အကောင်းဆုံးတစ်ရက်တာ ဘယ်လိုကုန်ဆုံးမလဲ ideal day ကို ကြိုစဥ်းစားထားတယ်။ ဘဝကိုလဲ နေ့စဥ် အဲ့လိုနေထိုင်နိုင်အောင် စီမံထားတယ်။ ၇။ ကိုယ့်မိသားစု၊ ကိုယ်နဲ့သက်ဆိုင်သူတွေအပေါ် တာဝန်ကျေအောင်နေတယ်။ ကျန်တာ တခြားသူတွေရဲ့တာဝန်ပဲ။​ အားလုံးနောက် နှစ် ၇၀ လောက်ဆို သေကုန်ပြီ။ ဘာတွေ ရှုပ်ပြီးတွယ်တာခံစားနေမလဲ။ ဘဝအတွေ့အကြုံကို ကောင်းကောင်းယူ Quality of life ကို မြင့်အောင်နေဖို့ပဲ။ ဒီဘဝကုန်ဆုံးလို့ energy စွမ်းအင်တစ်ခုအနေနဲ့ ဆက်လွင့်ရရင် ကောင်းမွန်တဲ့ စွမ်းအင်အနေနဲ့ပဲ လွင့်ချင်တယ်။ ကုသိုလ် အင်နာဂျီလို့ခေါ်ခေါ် ဘာလို့ခေါ်ခေါ် အဲ့လိုလေးပဲဆက်လွင့်ချင်တယ်။ 🍂🍂🍂 #မချည်နှောင်တဲ့ဆက်ဆံရေး#ကောင်းမွန်တဲ့energy #တစ်ပွင့်တည်းလည်းပွင့်ရဲရမယ် #hsimoonhseng #tiktokforyou

Hsi Moon Hseng
Hsi Moon Hseng
Open In TikTok:
Region: US
Sunday 25 October 2026 06:32:44 GMT
262
13
1
0

Music

Download

Comments

julykyaw730
KSLinn :
🥰🥰🥰🥰🥰🥰
2026-10-25 06:45:36
1
mon.kul8
Shwe🍁🍂 :
🥰🥰🥰
2026-10-25 09:59:48
0
To see more videos from user @hsimoomhseng, please go to the Tikwm homepage.

Other Videos


About