@zayartbz7.1: မလေးရှားရှိ ဂျန်ဒါဘိတ်ဒေသအတွင်း မလေးရှား လဝက က စစ်ဆေးဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသားများ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၆၅ ဦး ဖမ်းဆီးခံရ ရန်ကုန်၊ အောက်တိုဘာ ၂၄ မလေးရှားနိုင်ငံ၊ Pahang ပြည်နယ်၊ Janda Baik ဒေသရှိ စိုက်ပျိုးရေးဧရိယာ ၁၉ ခုနှင့် လမ်းဆုံစစ်ဆေးရေးဂိတ်တို့တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) ဦးဆောင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသားများ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၆၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ ဒေသခံပြည်သူများ၏ တိုင်ကြားချက်နှင့် သတင်းပေးပို့ချက်များအရ အဆိုပါဒေသအတွင်း နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ လှုပ်ရှားနေထိုင်မှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ခြင်းကြောင့် မလေးရှား လဝက (JIM) အရာရှိ ၁၅၆ ဦး၊ အမျိုးသားမှတ်ပုံတင်ဌာန (JPN) နှင့် ကုန်းလမ်းပို့ဆောင်ရေးဌာန (JPJ) တို့ ပူးပေါင်း၍ ဝင်ရောက် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစကြောင်း သိရသည်။ စစ်ဆေးခံရသော လူပေါင်း ၂၇၈ ဦးရှိပြီး တရားမဝင် ဝင်ရောက်နေထိုင်မှု သံသယဖြင့် အသက် ၂၀ မှ ၅၄ နှစ်ကြားရှိ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား ၆၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ထိုဖမ်းဆီးခံရသူများထဲတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ နှင့် ပါကစ္စတန် နိုင်ငံသားများ ပါဝင်ကြောင်း သိရှိရသည်။ ထိုဖမ်းဆီးခံရသူများသည် သက်တမ်းရှိ (ပတ်စပို့) သို့မဟုတ် ပါမစ် မရှိခြင်း၊ နိုင်ငံကူးလက်မှတ် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း၊ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ခြင်း (Overstay) နှင့် အတုအပ ခရီးသွားလာရေး စာရွက်စာတမ်းများ အသုံးပြုခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။ စစ်ဆေးရေး ပြုလုပ်စဉ်အတွင်း နိုင်ငံခြားသား အချို့မှာ တာဝန်ရှိသူများကို မြင်တွေ့ရသဖြင့် ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသော်လည်း လဝက တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ နေရာများအလိုက် ဆက်လက် ရှာဖွေဖမ်းဆီးခဲ့ကြောင်း၊ ထို့အပြင် စစ်ဆေးမှုများအတွင်း ဥပဒေချိုးဖောက်မှုများအတွက် အလုပ်ရှင်/အိမ်ရှင် မလေးရှားနိုင်ငံသား ၂ ဦးကိုလည်း စစ်ဆေးရန် သတိပေးစာထုတ်ပေးခဲ့ကြောင်း သိရှိရသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသော နိုင်ငံခြားသား အားလုံးကို နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် တရားဥပဒေအရ အရေးယူနိုင်ရန်အတွက် Kemayan လဝက ထိန်းသိမ်းရေးစခန်း (Depot) သို့ ပို့ဆောင်ထားကြောင်း သိရသည်။ မလေးရှား လဝကအနေဖြင့် ဥပဒေချိုးဖောက်နေသော အလုပ်ရှင်များနှင့် တရားမဝင် နေထိုင်သူများကို ဆက်လက် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။@Zayar Tbz 13 @Zayar TBZ 5 #ပြည်သူများဘေးကင်းကြပါစေ #zayartbz #ပြည်တွင်းသတင်း #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ဒေသသတင်းရင်းမြစ်

ZayarTBZ 7.1News🍉
ZayarTBZ 7.1News🍉
Open In TikTok:
Region: TH
Sunday 25 October 2026 07:07:54 GMT
11937
667
7
23

Music

Download

Comments

user24971152074754
အဝေးကလွမ်းနေ့ မယ် ချင်းပြည်နယ် :
ပဟန်းပြည်နယ်ဟုတ့်လားအမ
2026-10-25 09:11:36
1
ma.oo84
Tun Tun :
😭
2026-10-25 12:44:09
0
peterro91
peterro :
😭😭😭
2026-10-25 10:54:06
1
arr.me.tha
Arr Me Tha :
😳😳😳
2026-10-25 10:09:33
0
ko.phyo.kyaw74
Ko Phyo Kyaw :
🥰🥰🥰
2026-10-25 09:13:50
1
z.l8638
z l :
🥰🥰🥰
2026-10-25 07:16:41
0
user88335807945517
ကျော်ထွန်း :
@@@
2026-10-25 14:05:49
0
To see more videos from user @zayartbz7.1, please go to the Tikwm homepage.

Other Videos


About