@bo.lunn: ၂၀၂၆ခုနှစ် အမျိုးသမီးလောကဂုဏ်ဆောင် အချစ်သူရဲကောင်းမကြီးများအဖြစ် ဒီအမျိုးသမီးနှစ်ယောက်ကိုရွေးချယ်ရမယ် တယောက်က မြန်မာအမျိုးသမီးထုကြီး ဟာကနဲဟင်ကနဲဖြစ်သွားတဲ့ထိ အံ့သြမှင်သတ်သွားအောင် အသတ်၆၂နှစ်အရွယ်မှာ ၂၄နှစ်အရွယ်ဘီးကြဲလေးကို အသာလေးဆွဲအုလိုက်တယ် ယူလိုက်တဲ့ဘီးကြဲလေးကလည်း ခပ်ချောချောလေး ကဲ့ရဲ့သံတွေ လှောင်ပြောင်ရှုပ်ချသံတွေ စီကနဲညံကနဲထွက်လာတယ် ဘယ်လိုလူတွေဘယ်လိုပြောဆိုတိုက်ခိုက်ကြပါစေ အချစ်အတွက် ဘာမဆိုစွန့်စားမယ် မောင့်အတွက်နဲ့မဘဝကြီးတခုလုံး အစိတ်စိတ်ကွဲကြေသွားပါစေ မောင့်ရင်ခွင်ထဲ မတယောက် မှေးဝင်ခိုနားခွင့်ရရင် အရာအားလုံးရင်ဆိုင်ရဲပါတယ်ဆိုသူ အချစ်သူရဲကောင်းမကြီးတွေသာ ဒါမျိုးစွမ်းနိုင်တာ နောက်တယောက်က MMA ချန်ပီယံဗန်ကို တဖက်သက်ကြိုက်နေသူ တခြားမိန်းကလေးတွေက နင်နဲ့တန်လို့လားဘာညာကဲ့ရဲ့လှောင်ပြောင်နေပေမယ့် နောက်မတွန့်ခဲ့ဘဲ ကြေကြေကွဲကွဲလေးဆက်ချစ်နေခဲ့သူ နောက်ဆုံး သူရဲ့အချစ်တွေကို တေးသီချင်းအဖြစ်ဖန်တီးပြီး ထုတ်ဖော်ပြရင်ကောင်းလေစွဆိုတဲ့ရည်ရွယ်ချက်နဲ့ နာမည်ကြီးတေးရေးဆရာတယောက်ဆီ သူရင်ထဲကခံစားချက်နဲ့တိုက်ဆိုင်မယ့် သီချင်းတပုဒ်ဖန်တီးခိုင်းတယ် သီချင်းရေးဆရာကလည်း လွမ်းလို့ကောင်းမယ့်သီချင်းလေးတပုဒ်ရေးပေးလိုက်ပြီး အချွန်နဲ့မပေးလိုက်တယ် ဘာပြောကောင်းမလဲ နဂိုကတည်းက ဘာမှမပါပဲတောင်လွမ်းပြနေတာ သီချင်းလည်းရရော လွမ်းစရာလက်နက်ကောင်းတခုရပဟေ့ဆိုပြီး အားရပါးရကိုလွမ်းတော့တာပါပဲ အဲဒီမှာတင် တခြားအမျိုးသမီးတွေကလည်း အားကျပြီးဝင်လွမ်းကြရင်း အွန်လိုင်းတခွင် အမျိုးသမီးအလွမ်းပြိုင်ပွဲကြီးကျင်းပနေသလားထင်ရအောင် လွမ်းလို့မဆုံးတဗြုန်းဗြုန်းဖြစ်ခဲ့ရတယ် ဒီလိုစွမ်းဆောင်နိုင်တဲ့အမျိုးသမီးနှစ်ဦးကို မြန်မာနိုင်ငံအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းက ၂၀၂၆ခုနှစ်အတွက် အမျိုးသမီးလောကဂုဏ်ဆောင် အချစ်သူရဲကောင်းမကြီးများအဖြစ် ရွေးချယ်ဂုဏ်ပြုသင့်ကြောင်း ဝိုင်းဝန်းတိုက်တွန်းတောင်းဆိုပေးသင့်ပါတယ်
Bo Lunn
Region: US
Sunday 25 October 2026 07:28:15 GMT
Music
Download
Comments
Myint 2025 :
😳😳😳
2026-10-25 13:52:16
0
To see more videos from user @bo.lunn, please go to the Tikwm
homepage.