@toma68402:

𝕥𝕠𝕞𝕦𝕤𝕪𝕒❤️‍🔥
𝕥𝕠𝕞𝕦𝕤𝕪𝕒❤️‍🔥
Open In TikTok:
Region: UA
Sunday 25 October 2026 09:21:56 GMT
204
25
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @toma68402, please go to the Tikwm homepage.

Other Videos


"လူနှစ်ယောက်ရဲ့ ဆုံတွေ့မှုမှာ မတော်တဆဆိုတာ မရှိပါဘူး ရေစက် မဟုတ်ရင် ဝဋ်ကြွေးပဲ"တဲ့ ဘဝမှာ . လူတစ်ယောက်ပြီးတစ်ယောက် အကြောင်းအမျိုးမျိုးနဲ့ တွေ့ဆုံလာရတာ သဘာဝပါပဲ။ တချို့လူတွေက ကိုယ့်ဘဝထဲကို ဝင်လာတဲ့အခါ မေတ္တာတွေ ယူဆောင်လာတယ်။ ကိုယ့်ကို စိတ်ရင်းမှန်နဲ့ ချစ်တယ်။ ခွင့်လွတ်နားလည်ပေးတယ်။ ကိုယ့်ကောင်းကျိုးကို လိုလားပြီး ကိုယ်အခက်အခဲကြုံတဲ့အခါ အနားမှာ ရပ်တည်ပေးတယ်။ အဲဒီလိုလူတွေနဲ့ ဆုံတွေ့ရတာဟာ ကောင်းမွန်တဲ့ရေစက်ကြောင့်ပါပဲ။ ဒါကြောင့် ကိုယ့်အပေါ် ကောင်းပေးတဲ့သူတွေကို ရှိနေတုန်း တန်ဖိုးထားပြီး မေတ္တာနဲ့ ပြန်လည်ဆက်ဆံပါ။ ဘဝမှာ လူတိုင်းက ကိုယ့်အပေါ်ကောင်းနေမှာ မဟုတ်ပါဘူး။ တချို့က ကိုယ့်ကို စိတ်ရင်းမှန်နဲ့ မဆက်ဆံဘူး။ လိုတဲ့အခါ ကပ်လာကြပြီး မလိုတဲ့အခါ ခွါသွားတတ်ကြတယ်။ ကိုယ့်ဆီက ရယူဖို့ပဲ သိပြီး ပြန်လည်ပေးဆပ်ဖို့တော့ မေ့နေတတ်ကြတယ်။ ကိုယ့်ကောင်းကျိုးကို မလိုလားဘဲ ကိုယ့်အပေါ် အပြစ်ရှာတတ်တယ်။ တချို့ကတော့ ကိုယ်က ဘာမှမလုပ်ဘဲနဲ့တောင် ကိုယ့်ကို မနှစ်မြို့တတ်ကြဘူး။😊 အရင်တုန်းကတော့ ငါက ဘာလုပ်မိလို့လဲ ဆိုပြီး ကိုယ့်အပြစ်ကိုယ် ရှာမိတယ်။ နောက်ပိုင်းမှာတော့ ဘယ်သူမပြု မိမိမှု ဆိုတဲ့စကားကို ပိုနားလည်လာတယ်။ ယနေ့ကြုံနေရတဲ့ အကျိုးတချို့ဟာ အတိတ်က ကိုယ်ပြုခဲ့မိတဲ့ အကြောင်းတရား( ဝဋ်ကြွေး) တွေရဲ့ အကျိုးဆက် ဖြစ်နေနိုင်တယ်လို့ တွေးတတ်လာတယ်။ ဒါကြောင့် ကိုယ့်ဘက်က ကောင်းနေပါလျက်နဲ့ ကိုယ့်အပေါ် မကောင်းတဲ့သူတွေရှိလာရင် ဒေါသနဲ့ မတုံ့ပြန်သလို့ အမုန်းနဲ့လည်း မဆက်ဆံတော့ဘူး။ တတ်နိုင်သလောက် သည်းခံပြီး ကိုယ့်ဘက်က ကောင်းနေဖို့ပဲ ကြိုးစားတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဝဋ်ကြွေးရှိရင် ဆပ်ရမှာပဲ။ ဝဋ်ကြွေးဆပ်ရင်း နောက်ထပ် နာကျင်စရာ ဝဋ်ကြွေးအသစ်တွေ မတင်ခြင်တော့ဘူး။ ကိုယ့်အပေါ် မကောင်းတဲ့သူကြောင့် ကိုယ်လည်း မကောင်းတဲ့သူ မဖြစ်သွားဖို့ လိုတယ်။ သူက နာကျင်စေလို့ ကိုယ်ကလည်း ပြန်နာကျင်စေဖို့ မလိုဘူး။ သူ့ရဲ့အကျင့်က သူ့ကံ။ ကိုယ့်ရဲ့တုံ့ပြန်မှုက ကိုယ့်ကံ ဆိုတော့ ဘယ်သူကောင်းကောင်း၊ မကောင်းကောင်း ကိုယ့်ဘက်က ကောင်းအောင်နေပါ။ ဘဝမှာ တွေ့ဆုံမှုတိုင်းဟာ ထာဝရအတူရှိဖို့ မဟုတ်ပါဘူး။ တချို့က မေတ္တာပေးဖို့ လာတယ်။ တချို့က သင်ခန်းစာပေးဖို့ လာတယ်။ တချို့ကတော့ ဝဋ်ကြွေးကြောင့် ရောက်လာကြတယ်။ ဒါကြောင့် တွေ့ဆုံမှုတိုင်းကို ရေစက်လို့ပဲ မယူဆပါနဲ့။ တချို့တွေ့ဆုံမှုတွေက ဝဋ်ကြွေးဆပ်ဖို့ ဖြစ်နေနိုင်ပါတယ်။ ဘယ်သူကောင်းကောင်း၊ မကောင်းကောင်း ကိုယ့်ဘက်ကတော့ ကောင်းနေပါ။ တစ်နေ့နေ့မှာ ကိုယ်ပြုခဲ့တဲ့ ကောင်းမှုတွေရဲ့ အကျိုးကောင်းတွေဟာ ကိုယ့်ဆီကို ပြန်ရောက်လာပါလိမ့်မယ်။ ရေစက်ရှိလို့ တွေ့ရသူကို ကျေးဇူးတင်ပါ။ ဝဋ်ကြွေးဆပ်ဖို့ တွေ့ရသူကို သင်ခန်းစာအဖြစ် လက်ခံပါ။ ဘယ်သူနဲ့ပဲ တွေ့တွေ့ ကိုယ့်ဘက်ကတော့ ကောင်းနေဖို့ မမေ့ပါနဲ့။ #နှင်းဆီစာပေ #ဘဝသင်ခန်းစာ #စိတ်ခွန်အား #အတွေးအမြင် #ဘဝအမှန်တရား နှင်းဆီ စာပေ

About