@lwinnn50: ဆရာကြီး နာမည်နဲ့ ဖုန်းဝင်လာတော့ ကိုယ့်မှာ အံ့ဩမှင်သက်သွားတဲ့အပြင် ရင်ခုန်ခဲ့ရတဲ့ အထိပါပဲ။ ဆရာကြီး ဟုတ်ပါ့မလားလို့ မယုံကြည်နိုင်သေးဘဲ ဇဝေဇဝါဖြစ်နေချိန်မှာ "ဟယ်လို...မလွင်မာသိန်းလား"ဆိုတဲ့ တည်ငြိမ်အေးချမ်းတဲ့ အသံပိုင်ရှင်ဟာ ကိုယ်လေးစားအားကျရတဲ့ ဆရာကြီးမှန်း အတိအကျကို ဖော်ပြနေတော့ ပျော်တာထက်ကို ပိုခဲ့ရပါတယ်🤍 ၂၀၂၂ (၁၀) တန်း ဖြေပြီးခါစမှာ ဆရာကြီးဆီကို ပထမဆုံး မိတ်ဆက်စာရေးလိုက်တော့ ဆရာကြီးက ကိုယ့်ဆီကို ဖုန်းဆက်တယ်။တကယ်တော့ ကိုယ်က ဆရာကြီးဆီက ပြန်စာမျှော်နေခဲ့တာ။ဒါပေမယ့်အင်မတန် စိတ်ထားဖြူစင်တဲ့ ဆရာကြီးက ကိုယ်နဲ့စကားပြောချင်လို့တဲ့ ...သူကိုယ်တိုင်စပြီး ဖုန်းဆက်လာခဲ့တာ။ဘယ်လောက်တောင် ချစ်ဖို့ကောင်းပါလိမ့်🤍 ၂၀၂၄ မှာ ဝတ္ထုတွေရေးရင်း ကိုယ်သိပ်ကြိုက်တဲ့ "မုဒိတာ"ဆိုတဲ့ ကလောင်နာမည်လေးက အခြားတစ်ယောက်နဲ့ ကလောင်ချင်း တူနေတယ်။ဒါနဲ့ ကလောင်အသစ်ပြောင်းဖို့ ဆရာကြီးဆီကို ကိုယ်ကပဲ ဒုတိယအကြိမ် ဖုန်းဆက်ပြီးတောင်းဆိုခဲ့တယ်။ တတိယအကြိမ် အနေနဲ့ ဆရာကြီးကိုယ်တိုင် ဖုန်းဆက်ပြီး မိဘ‌နာမည်ပါအောင် "လွင်ငြိမ်းခိုင်"ဆိုတဲ့ ကလောင်နာမည်လေးကို လက်ဆောင်ပေးခဲ့တယ်🤍 အဲ့ဒီနောက်ပိုင်း ဆရာကြီးနဲ့ တော်တော်လေး အဆက်အသွယ် ပြတ်သွားခဲ့တာ။ဘာကြောင့်ဆို စာတွေအမြဲရေးဖို့ တိုက်တွန်းအားပေးတတ်တဲ့ ဆရာကြီးကို ကျောင်းစာတစ်ဖက်နဲ့ စာသိပ်မရေးနိုင်တဲ့ ကိုယ်က အားနာလို့ရယ်။အဲ့ဒီလိုနဲ့ ဖုန်းမပြောဖြစ်တာ (၂)နှစ်လောက် ကြာခဲ့ပြီ။ ဒီမနက် ဆရာကြီးဆီက ဖုန်းဝင်လာတော့ ကိုယ့်မျက်လုံးကို မယုံကြည်နိုင်တဲ့အထိပါပဲ။အင်မတန် ချစ်စရာကောင်းတဲ့ အသက် (၈၅)နှစ်အရွယ် နိုင်ငံကျော် စာပေဗိမ္မာန်ဆုရ စာရေးဆရာကြီးက ကိုယ့်လို တောရွာဇနပုဒ်က ဘာဆိုဘာမှ မဟုတ်သေးတဲ့ ကလေးမလေးကို အရေးတယူ ဆက်ဆံပေးတာ ဘယ်လောက်တောင် ပျော်မလဲ စဉ်းစားသာကြည့်။ကိုယ့်နာမည်ရော ဖုန်းနံပါတ်လေးရော မှတ်ထားတဲ့အပြင် ကျောက်ဆည်ဆိုတာနဲ့ ကိုယ့်ကိုဝတ္ထုရေးဖို့ သတိရသွားတယ်ဆိုတော့ လွင်မာသိန်းကြီး ပျော်ပြီပေါ့နော်။ ဆရာကြီးရဲ့ အသက်အရွယ်အရ မှတ်ဉာဏ်အရဆိုရင် ကိုယ့်ကိုမေ့နေပြီလို့ကို ထင်ထားခဲ့တာ။ခုတော့လေ...အင်မတန်နွေးထွေးလှတဲ့ ဆရာကြီးရဲ့ မေတ္တာတွေကြောင့် တစ်နေ့လုံး ပီတိတွေဖြာပြီး ပျော်မဆုံးတော့ပါဘူး🤍 စာမူရေးဖို့ ဆရာပြောတာ နောက်ကျသွားပြီတဲ့။လွင်ငြိမ်းခိုင်ရဲ့ စာမူကို ဖြစ်နိုင်ရင် ရွေးချယ်ပေးဖို့ စာပေကော်မတီကို ပြောလိုက်မယ်တဲ့။ဘယ်လောက်တောင် လက်တွဲခေါ်ယူစိတ် ရှိသလဲ‌။တကယ်တော့ အဲ့ဒီစာမူလေးကို ကော်မတီက ရွေးချယ်ပြီးသွားပြီ ဆိုတာရယ် စာမူအတွက် ပန်းချီသရုပ်ဖော်တောင် စတင်အကောင်အထည်ဖော်နေပြီဆိုတာရယ်ကိုတော့ ထည့်မပြောဖြစ်တော့ဘူး။ ဆရာကြီးက ကူညီဖို့ စိတ်ပြင်းပြနေတာကို အကူအညီယူဖို့ပဲ အလိုက်အထိုက် ပြောလိုက်တော့တယ်။ ဆရာကြီးကလေ အသက်သာ ကြီးလာတာ စာပေကို ချစ်တဲ့စိတ်ကတော့ မပြောင်းလဲဘူး။ အသံလေးက အစ ကြည်လင်အေးချမ်းနေတုန်းပဲ🤍 စာပေနဲ့ ပတ်သတ်ပြီးတင် မကဘူး။ကိုယ့် Professional အတွက်ပါ ပညာသားပါပါနဲ့ ဆုံးမသွားတာ လေးစားစရာ။ဆရာကြီး ဆုံးမထားတဲ့အတိုင်း လိုက်နာကျင့်သုံးပါ့မယ်ရှင့်။အရင် ဖုန်းပြောထားတဲ့ အသံဖိုင်တွေက All delete ထဲ ပါသွားလို့ ဒီတစ်ခုကိုတော့ သေ"ချာ" သိမ်းထားတော့မယ်။ကျေးဇူးအများကြီး တင်ပါတယ် ဆရာကြီးရှင့်။ဆရာကြီးနဲ့ ဖွားဖွားမြင့်လည်း သက်ရှည်ကျန်းမာစိတ်ချမ်းသာကာ နေ့ရက်တိုင်းမှာ စိတ်အေးချမ်း ပျော်ရွှင်ကြပါစေရှင်🍀🤍 #မလွင်မာသိန်း #မှတ်မှတ်ရရ နေ့စွဲများ

𝐋𝐖𝐈𝐍𝐌𝐀𝐑𝐓𝐇𝐄𝐈𝐍🍀
𝐋𝐖𝐈𝐍𝐌𝐀𝐑𝐓𝐇𝐄𝐈𝐍🍀
Open In TikTok:
Region: MM
Sunday 25 October 2026 09:22:38 GMT
1127938
159628
1849
2306

Music

Download

Comments

khinhtar333
𝒀𝒂𝒓𝒂🦋 :
စေတနာနဲ့ ပြုစုပေး ဒေါသနဲ့မလုပ်နဲ့ လောဘနဲ့မလုပ်နဲ့တဲ့ ဆရာကြီးက ဆုံးမ ထားတဲ့လို့ပြောနော် တဲ့ ငါ့သမီးလေးတဲ့ ၊ စာရေးဆရာမကြီး ဖြစ် ပါစေတဲ့ ကြည်နူးစရာ ကောင်းလိုက်ပုံများ
2026-10-25 09:51:30
3138
ayemyeattar1234
အေးမေတ္တာ (အရှင်ကောဝိဒ)ဇလွန် :
ဖုန်းပြောနေတာတောင် စာပေပွဲနားထောင်နေရသလို💛
2026-10-25 11:07:25
1047
zawmyothukt
Story :
ဆရာကြီးလယ်တွင်းသားစောချစ်ရဲ့ ဆုတောင်းကောင်းချီးပေးခံရတာ နည်းတဲ့ကုသိုလ်မှ မဟုတ်တာ အားကျရပါတယ်ဗျာ့
2026-10-25 15:12:23
135
shineyatisit
🌷လွန်းရဲ့ကျူးလစ်ငယ်🌷 :
လူနာတွေကိုမငေါက်နဲ့မဆူနဲ့တဲ့...ဆရာကြီး ရယ် ဆရာကြီးဒီလောကထဲကထွက်သွားမှာကိုနှမျောမိတယ် 😌
2026-10-25 10:31:08
90
ashindipa52
{Sakksila Ashin- Dipa}(M.K.N) :
ဆရာကြီးအသံကကရုဏာအသံမျိုး လူမမြင်ရတာတောင် အသံကြားရုံနဲ့ လူတစ်ဖက်သားရင်ထဲအေးချမ်းစေတဲ့အသံလေး
2026-10-25 15:05:22
521
user9718015940
Aye Aye Aung(Triple A) :
ဆုံးမစကားလေးနားထောင်မိတာ မျက်ရည်ကျမိတယ်ရှင်🙏🏼
2026-10-25 11:10:08
327
ayekyiphyu83
ayekyiphyu83 :
အားကျလိုက်တာမမရယ် ဆရာကြီးရဲ့ စကားပြောသံလေးကအစ နွေးထွေးနေတာပဲ🫶♥️
2026-10-25 10:14:30
535
de.dee55
D :
တွေ့ခွင့်လေးများရှိခဲ့ရင်လေ ဆရာ့ကို အပြင်မှာ ကန်တော့ချင်လိုက်တာ ညီမက နောက်ခံ Background လုံး၀ မတတ်နိုင်ပေမယ့် ပညာတတ်ကြီးအရမ်းဖြစ်ချင်တာပါ မိဘပေးနိုင်တာ ပညာအမွေပဲရှိတာမို့ ပညာလမ်းကို မရရအောင် ဆုံးအောင်လျှောက်ချင်ခဲ့တာပါ ငွေမရှိပေမယ့် နိုင်ငံခြားမှာ ပညာသင်ဆုနဲ့ ပညာသင်ချင်တဲ့ အိပ်မက်အပြည့်ရှိသူပါ မြန်မာမှာ ကျောင်းရပ်နားလိုက်ရတော့ စိတ်ဓာတ်တွေထိုးကျနေတဲ့အချိန်ဆရာ့ရဲ့ အောင်စိတ် သိမ်ငယ်စိတ် မျှတသောစိတ်ထား ပန်းမြိုင်လယ်ကဥယာဉ်မှူး နဲ့ဆရာ့ရဲ့ စာပေဟောပြောပွဲအားလုံးကို နားထောင်ပြီးတော့ လမ်းပျောက်နေတဲ့အခြေအနေကနေ အခုဆို ကိုယ့်ရည်မှန်းချက်အတိုင်း ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ Engineering ဘာသာရပ်ကို ပညာသင်ဆုအပြည့်နဲ့ အိမ်ကမတောင်းရတော့ပဲ ပညာသင်နိုင်နေပါပြီ အကောင်းဆုံး results တွေလည်းရပါတယ် ဆရာပြောဖူးတဲ့ကျောက်ဆည်ကနေ ကိုယ့်ဘာသာသာကျက်ပြီးဖြေတဲ့ကလေးလေး လိုပဲ ဒီလိုကြိုးစားရင် ဒီလို ဖြစ်နိုင်တယ် ဆိုတာမျိုးကိုယ်နဲ့ ဘ၀တူတွေကိုအားပေးချင်လို့ Education page လေးထောင်ပြီးတော့လည်း စေတနာအပြည့်နဲ့ sharing တွေပြန်လုပ်ပေးနေပါတယ် ဆရာ့စာဟောပြောပွဲတစ်ခုထဲက လို ဆရာကျွန်မသမီးလေး မဟာဝိဇ္ဇာဘွဲ့ရသွားပါပြီ ဆိုတာမျိုး သမီး မေမေလည်းပြောနိုင်အောင်ကြိုးစားနေပါတယ်ဆရာ တကယ်ကိုအဖိုးမဖြတ်နိုင်တဲ့ဆရာ့ရဲ့ စာပေဟောပြောပွဲတွေက သမီးဘ၀ကို တစ်ကယ်ပြောင်းလဲစေခဲ့ပါတယ် ဆရာပြောတဲ့ တံခါးတို့ကိုခေါက်ကြလော့ ဆိုတဲ့အတိုင်းသမီးအတွက် တံခါးတစ်ချပ်ပွင့်အောင်ခေါက်နိုင်ခဲ့ပါပြီဆရာကြီး အခုချိန်ထိ အားငယ်တဲ့အချိန်တိုင်းအခုထိ ထပ်တလဲလဲနားထောင်နေတာ အလွတ်ရလုနီးပါးပါပဲ ဒီကနေပဲ လှမ်းကန်တော့လိုက်ပါတယ်ဆရာကြီး အမှန်တော့ ဆရာကြီးကို အခွင့်ရရင် ပြောပြကျေးဇူးတင်ချင်ပါသေးတယ် ပညာရေးရော စိတ်ဓာတ်ရေးဆိုင်ရာပါ အကျိုး ကျေးဇူးကြီးလှပါတယ်ဆရာကြီး
2026-10-25 15:07:36
44
maungmingyitharmdy2026
မောင်မင်းကြီးသား Construction :
ဆရာကြီးရဲ့ စကားတွေကို ဆေးရုံဖွင့်ပြီးလုပ်စားနေကြတဲ့ အသပြာ ဆရာဝန်တွေ ကြားနိုင်ပါစေဗျာ လူအချင်းချင်း လှည့်ပတ်လုပ်စားခြင်း ကင်းဝေးကြပါစေ မလွင်ငြိမ်းခိုင် ကျန်းမာပြီး ချမ်းသာပါစေဗျာ
2026-10-25 15:30:00
42
yunadi165
Yunadi🤍🤍🤍 :
ဆရာ့အသံကချက်ခြင်းနားထောင်တာနဲ့ဘယ်သူလည်းတန်းသိတာ ဆရာ့ကိုသိပ်လေးစားတာဘဲ ဆရာ့စာတွေကိုမလွတ်တမ်းဖတ်တဲ့သူပါ လယ်တွင်းသားစောချစ်ရယ်ဆရာချစ်ဦးညိုရယ်နုနုရည်အင်းဝ အာ့စာရေးစာရာသုံးဦးကိုအပြင်မှာမြင်ဖူးချင်လိုက်တာ အမကိုအားကျရပါသော🥰🥰
2026-10-25 14:52:50
60
htethtetaung.com8
Htet Htet Aung :
ဆရာကြီးအသံလေးကိုက မေတ္တာ ဂရုဏာအသံလေးပါကွား😭
2026-10-25 11:05:42
63
vanvan0939
LAnLAn :
ညတိုင်းဆရာကြီးလယ်တွင်းသားစောချစ် စာပေပြောဟောပွဲကဟာတွေကို နားထောင်ပြီးအိပ်ဖြစ်တယ် နားထောင်ပြီးသားတွေလည်းထပ်နားထောင်ပြီးအိပ် ဖြစ်တယ် အသက်ရှည်ရှည်ကျန်းကျန်းမာမာနဲ့နေနိုင်ပါစေဆရာကြီး
2026-10-25 14:01:38
118
phone.la.pyae2
AlinYaung :
ဆရာအောင်သင်း အသံ မဟုတ်ဘူးလား😘
2026-10-25 16:20:03
15
arieseaint
🌸Eaint🌸 :
သဘောကျရဆုံးစာရေးဆရာကြီးပါဘဲ
2026-10-25 10:26:37
112
yoon_yadanar_oo
Yoon 🦀 :
အသံက အခုထိ ဂရုဏာသံလေး နဲ့ အေးချမ်းလိုက်တာရှင်🤍
2026-10-25 13:51:01
27
paingzinthant2022
PAING(Bahan) :
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် 2004 2005 မှာ ၃ နှစ်ဆက်တိုက် ယဥ်ကျေးလိမ္မာတက်တုန်းက ဆရာကြီးနဲ့အနီးကပ်ထိတွေ့ခွင့်ရခဲ့ပါတယ်
2026-10-25 15:19:22
8
popolay017
Po Po Lay :
MWတစ်ယောက်အနေနဲ့ဆရာကြီးစကားကိုအတိုင်းစေတနားနဲ့ပြုစုလူနာတွေကိုမငေါက်နဲ့ မမာန်နဲ့ဆိုတဲ့စကားကိုလိုက်နာသွားပါ့မယ်❣️
2026-10-25 16:08:06
6
seinn250
Seinn🤱🏻 :
ဆရာကြီးက လေးစားဖို့ကောင်းတယ် သားသမီးအပေါ်ထားသလိုဆုံးမသံ မေတ္တာဂရုဏာသံတွေကြားရတယ် ဖုန်းလက်ခံပြောရတဲ့ညီမလေး အသံမှာလဲ ပျော်ရွှင်မှု့ကို မြင်ရတယ် အသံကြားရုံနဲ့ ပြုံးရွှင်ပြီး တလေးတစားပြောနေတဲ့ ပုံကိုမြင်ရတယ်
2026-10-25 15:30:31
5
77kidsworld
Susu.Thwe 🍏 :
ကျောက်ဆည် TU မှာ တက်ခဲ့တာ။ ကျောက်ဆည်မြို့လေးက ကိုယ့်ရဲ့ ဒုတိယ အိမ်လိုပါပဲ။ကျောက်ဆည် ဆိုတာနဲ့ vd လေး ပြီးအောင် နားထောင်ခဲ့မိတယ်။ ကြည်နူးစရာလေး အောင်မြင်မှုအတွက်လည်းဂုဏ်ယူပါတယ်။💜
2026-10-25 15:00:09
9
ryankee2003
Mg Van💈 :
ဆရာလယ်တွင်းသားစောချစ်အသံကြားရသောအခါ
2026-10-26 05:19:09
9
ethan.george33
Ethan George :
အရမ်းကိုချစ်ဖို့ကောင်းတဲ့ဆရာကြီး စကားပြောတာကအစ ဂရုဏာအသံလေးအပြည့်နဲ့ ဆရာကြီးနဲ့ အပြင်မှာ တစ်ခါလောက်တော့ အရမ်းဆုံချင်မိတယ်၊ ဆရာကြီးနဲ့ဖုန်းပြောနေတာ ကာယကံရှင်တော့မသိဘူး ကိုယ်တောင် ပီတိတွေဖြာပြီး ကြည်နူးနေလို့
2026-10-25 14:54:54
6
hsu3taetae3
🍀Hsu☘️ :
အားကျလိုက်တာရှင် ဆရာကြီးရဲ့ အသံနားထောင်ရတာကိုက အေးချမ်းနေရော
2026-10-25 14:49:08
5
banyar0322
💗🌺MH💗WP💗🌺 :
ဆရာကြီးက ဟောပြောပွဲမှာတင်မဟုတ်ဘူး ဖုန်းပြောတာတောင် တည်ငြိမ်အေးချမ်းလိုက်တာ နွေးထွေးမှုအပြည့်နဲ့🥰🥰
2026-10-25 10:59:32
34
khant.si.thu.6565
KO THu 6565 :
phလေပေးပါလားဗျ ဖုန်ပြောချက်လို့ပါဗျ 🥰🥰🥰
2026-10-25 15:57:54
8
kitty223332
KTDT :
အရမ်းတော်တဲ့ ညီမလေး😍 ကျောင်းပြီးသွားတဲ့အတွက်ရောစာရေးဆရာမ လေး လွင်ငြိမ်းခိုင်အတွက်ရော Congrats! နော်💐💗
2026-10-25 16:43:56
5
To see more videos from user @lwinnn50, please go to the Tikwm homepage.

Other Videos


About