@fella4803: မုန်တိုင်းငယ်သတင်း ဒီနေ့အောက်တိုဘာလ ၂၅ရက်၊ နေ့လယ်ပိုင်း ၁၂နာရီခွဲအချိန် တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ နေ့ချင်းညချင်း အားကောင်းလာခဲ့ကာ အပူပိုင်း မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိခဲ့ပါပြီ။ လောလောဆယ် မုန်တိုင်းငယ်ဟာ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၃၀မှ ၃၅ မိုင်ခန့်ဖြင့် အနောက်-အနောက်တောင်ဘက် သီရိလင်္ကာဘက်ကို ဖြေးညှင်းစွာ ရွေ့လျားနေပြီး မြန်မာဘက်ကို ဦးတည်မလာသေးတဲ့အတွက် အန္တရာယ် မရှိသေးတဲ့အဆင့်ပဲ ဖြစ်ပါတယ်။ နောက် ၂၄နာရီမှ ၇၂နာရီအတွင်း အနောက်ဘက်ကို ကွေ့ကာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းကို ရွေ့သွားနိုင်ပါတယ်။ အဲ့ဒီမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံဘက်မှာ ဒီနေ့ကစပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အောက်ပိုင်းက ဒေသအချို့မှာ ၂၈ရက်နေ့အတွင်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပြီး နေရာကွက် မိုးများနိုင်ပါတယ်။ လျှပ်စီးမိုးကြိုး အန္တရာယ်လဲ ရှိပါတယ်။ ကွင်းပြင်တွေ၊ သစ်ပင်အောက်တွေ မနေပါနဲ့။ ပြီးတော့ သီးနှံရိတ်သိမ်းမယ့်သူတွေလဲ အခုပြောတဲ့ရက်တွေကို သတိပြုပါ။ ရိတ်သိမ်းပြီးသားသီးနှံတွေရှိရင်လဲ မိုးလုံအောင် သေချာအုပ်ထားကြပါ။ မိုးလုံတဲ့နေရာ ရွေ့ပြောင်းပါ။ တစ်နိုင်ငံလုံး ခြုံပြောလိုက်တာမို့ ရက်အပိုင်းအခြားထဲ ပါဝင်သွားပေမယ့် တချို့ဒေသက ရွာမယ့်ရက်စောတာ၊ နောက်ကျတာ ရှိပါမယ်။ သတိပေးစရာ ရှိပါတယ်။ ဒါကတော့ မုန်တိုင်းငယ်သတင်းနဲ့ပတ်သက်ပြီး လိုင်းပေါ်မှာ သတင်းမှားတွေ တက်လာနိုင်ပါတယ်။ ယခင်ကလဲ လူမှုကွန်ယက်ပေါ်မှာ မုန်တိုင်းဖြစ်ဖြစ် မဖြစ်ဖြစ် သတင်းအမှားတွေ မကြာခဏ တက်လာတာ တွေ့ရတဲ့အတွက် ချင့်ချိန်ယုံကြပါ။ တိကျသေချာတဲ့ သတင်းရင်းမြစ်တွေကိုသာ ရွေးချယ်ဖတ်ရှု့ကြပါဗျ။ ဖုန်းနံပါတ် အကောင့်မှာ တင်ပေးထားပါတယ်။ မိုးသတင်း သိချင်သူတွေ ဖုန်းဆက်မေးလို့လဲ ရပါတယ်ဗျ။ Issued Time: 25-10-2026/2:40PM Derived from: Multi-Model Consensus (ECMWF, GFS, ICON, UKMO, GEM, JMA, WRF, PPD, ACCESS, GSM, CMA, NCUM, NCMRWF) ဒေါက်တာ စိုင်းခွန်အာကာ #ရောက်စမ်းfypပေါ်😒myanmartiktok #ဆယ်လီမှအသဲပေးတာလား😔😑 #1millionviews #foruyou #fypシ゚
Fella
Region: MM
Sunday 25 October 2026 10:14:32 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @fella4803, please go to the Tikwm
homepage.