@bone81675: ဒီလပေါင်းများစွာ ကျွန်တော်လည်း တောက်လျှောက် ဝမ်းနည်းနေခဲ့ရပါတယ်။ အရမ်းလည်း ဝမ်းနည်းခဲ့ရတာကြောင့် တစ်ခါတလေ ဒီခံစားချက်တွေထဲကနေ ဘယ်လိုရုန်းထွက်ရမယ်ဆိုတာကိုတောင် မသိခဲ့ရပါဘူး။ ဒါပေမဲ့ အခုတော့ စစ်မှန်တဲ့အပြုံးတစ်ခုနဲ့ တစတစ ပြန်ပြုံးနိုင်လာပါပြီ။ ကျွန်တော့်ကို အများကြီး အထောက်အကူဖြစ်စေခဲ့တာကတော့ ဆိုရှယ်မီဒီယာလောကထဲကနေ ခဏလောက် ခွာနေတာ၊ စိတ်ကိုပင်ပန်းစေတဲ့ အကြောင်းအရာတွေကို လက်ခံရရှိမှု လျှော့ချတာနဲ့ အပြင်လောကစစ်စစ်မှာ ဘဝကို ပိုပြီးဖြတ်သန်းဖို့ ကြိုးစားတာပါပဲ။ သူငယ်ချင်းတွေနဲ့ သွားတွေ့တာ၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်ဖြတ်သန်းတာ၊ အတူတူ လုပ်စရာ လှုပ်ရှားမှုတွေ လုပ်တာ၊ တစ်နေ့ကို ခြေလှမ်း တစ်သောင်းနှုန်းနဲ့ လမ်းထွက်လျှောက်တာ၊ အရသာရှိတဲ့ အစားအစာတွေ သွားစားတာ၊ တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာသစ်တွေ သွားတာ၊ မလုပ်ဖူးသေးတာတွေကို လုပ်ကြည့်တာမျိုးတွေ လုပ်ခဲ့ပါတယ် ဘယ်သူမဆို ဝမ်းနည်းစရာတွေ ပျောက်ဖို့ အတင်းအကျပ် မလိုဘူးဆိုတာကို လူတိုင်း သိစေချင်ပါတယ်။ နေ့ရက်တိုင်းမှာလည်း သန်မာနေစရာ မလိုပါဘူး။ တချို့ရက်တွေမှာ ငိုချင်နေသေးရင်တောင် အဲ့ဒါ ဘာမှ မဖြစ်ပါဘူး။ဒါပေမဲ့ ဘဝကို ထွက်ပြီး ဖြတ်သန်းဖို့ကိုတော့ မမေ့ကြပါနဲ့ဦး။ ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့တွေ့ဆုံဖို့ စောင့်ကြိုနေတဲ့ လှပတဲ့အရာတွေ အများကြီးရှိသေးတယ်ဆိုတာကို ဝမ်းနည်းမှုက ကျွန်တော်တို့ကို မေ့သွားစေဖို့ ခွင့်မပြုပါနဲ့။တစ်နေ့ကျရင် ဘဝကို လျှောက်လှမ်းတဲ့ လမ်းခရီးမှာ ပျော်ရွှင်မှုဆိုတာ ဘယ်တော့မှ ပျောက်ကွယ်သွားတာ မဟုတ်ဘဲ အမြဲတမ်း ကျွန်တော်တို့ရဲ့ ပတ်လည်မှာ ရှိနေဆဲပဲဆိုတာကို ကိုယ်တိုင်တဖြည်းဖြည်း နားလည်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ စိတ်မသာစရာတွေ အလွန်များနေတဲ့ရက်တွေမှာ အဲ့ဒါကို မမြင်တွေ့ရတာ ဖြစ်နိုင်ပါတယ်။ ဘဝကို တဖြည်းဖြည်းချင်း ဖြတ်သန်းပါ၊ တဖြည်းဖြည်းချင်း ကြီးပြင်းပါ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ နှလုံးသားကို ကုစားပေးဖို့ အချိန်ပေးလိုက်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ပျော်ရွှင်မှုကို တစ်ဖန်ပြန်လည်တွေ့ရှိဖို့ သင်ယူဆဲပါပဲ 🤍 ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လာခဲ့ပါဂျစ်တူး🥹 #joongarchen #Joong #foryou #fypシ゚viral
Thae JD
Region: MM
Sunday 25 October 2026 12:13:57 GMT
Music
Download
Comments
ကရင်မလေး :
🥰🥰🥰
2026-10-25 13:50:41
0
To see more videos from user @bone81675, please go to the Tikwm
homepage.