@myothant3009: ကာရစ်ခ်က ဖိအားတွေကြားမှာ ဖာဂူဆန်နဲ့ ဆိုးလ်ရှားတို့ကို ပုံမှန်ဆက်သွယ်နေဆဲလို့ ဖွင့်ဟလာပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ် ကာရစ်ခ်က အသင်းအပေါ် ဖိအားတွေ မြင့်တက်လာနေချိန်မှာပဲ ဆာအဲလက်စ် ဖာဂူဆန်နဲ့ အိုလီဂန်နာ ဆိုးလ်ရှားတို့ကို ပုံမှန်ဆက်သွယ်စကားပြောဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားလာပါတယ်။ 🗣️ ကာရစ်ခ်က ပြောကြားခဲ့တာကတော့ “ကျွန်တော် သူတို့နှစ်ယောက်စလုံးနဲ့ ရင်းနှီးပါတယ်။ ကျွန်တော်တို့လည်း ပုံမှန်စကားပြောဖြစ်ကြပါတယ်။” ဒါ့အပြင် ကာရစ်ခ်က အသင်းကစားသမားတွေအပေါ် ယုံကြည်မှု အပြည့်အဝရှိနေဆဲဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့နည်းပြအနာဂတ်နဲ့ ပတ်သက်ပြီး လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကိုလည်း ကောင်းကောင်းနားလည်ထားတယ်လို့ ဆိုပါတယ်။ ကာရစ်ခ်ရဲ့ အခိုင်အမာ ပြောဆိုမှုတစ်ခုကတော့ တနင်္ဂနွေနေ့မှာ ဘုန်းမောက်နဲ့ ရင်ဆိုင်ကစားမယ့်ပွဲမှာ မန်ယူအသင်းရဲ့ ကစားပုံဟာ အရင်ပွဲတွေနဲ့ မတူညီတဲ့ ပုံစံတစ်ခု ဖြစ်လာမယ်ဆိုတာပါပဲ။ SamC_reports #MUFC #ManUnited #Carrick #PremierLeague #GlazersOut

Myo Thant
Myo Thant
Open In TikTok:
Region: US
Sunday 25 October 2026 12:40:58 GMT
473
19
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @myothant3009, please go to the Tikwm homepage.

Other Videos


About