@aa012385295: গেন্দার মা আর বাপের ফানি সেই

ইমার্জেন্সি
ইমার্জেন্সি
Open In TikTok:
Region: SA
Sunday 25 October 2026 16:55:45 GMT
124070
3698
2
594

Music

Download

Comments

aa012385295
ইমার্জেন্সি :
😁😁😁😁😁😁
2026-10-25 18:16:04
4
user72392501411116
🌾🌾মিসেস মিম 🌾🌾 :
😁😁😁😁😁😁😁😁
2026-10-26 11:44:40
0
To see more videos from user @aa012385295, please go to the Tikwm homepage.

Other Videos

ပုဂံခေတ် ကျောက်စာပါ
ပုဂံခေတ် ကျောက်စာပါ "ပုရာ/ဖုရာ" ဝေါဟာရနှင့် ပအိုဝ်းဘာသာစကား "ဖြား/ဖရာ့" တို့၏ အနက်အဓိပ္ပါယ် ဆက်စပ်မှု လေ့လာချက် မြန်မာဘာသာစကား သမိုင်းတွင် ယနေ့ခေတ် ကိုးကွယ်ရာအထွတ်အထိပ်ဖြစ်သော "ဘုရား" ဟူသည့် စကားလုံးသည် ပုဂံခေတ်ဦး ကျောက်စာများ၌ "ပုရာဟာ"၊ "ပုရာ"၊ "ဖုရာ"၊ "ဖုရှာ" ဟူ၍ အဆင့်ဆင့် ပြောင်းလဲအသုံးပြုခဲ့ကြကြောင်း ကျောက်စာအထောက်အထားများအရ သိရှိရပါသည်။ ဤဝေါဟာရ ဖြစ်တည်လာပုံ သမိုင်းကြောင်းကို တိဗက်-မြန်မာနွယ်ဖွား အရင်းအမြစ်ဖြစ်သော ပအိုဝ်းဘာသာစကား (Pa'O Language) ၏ ဝေါဟာရဗေဒနှင့် လူမှုအသုံးအနှုန်းဆိုင်ရာ အထောက်အထားများဖြင့် နှိုင်းယှဉ်လေ့လာပါက အလွန်နက်နဲသော ဘာသာစကားဆိုင်ရာ ဆက်စပ်မှုနှင့် အနက်အဓိပ္ပာယ်ကို တွေ့ရှိနိုင်ပါသည်။ ဝေါဟာရအသံထွက် ဆက်စပ်တူညီပုံ ပုဂံခေတ်ဦး ရေးထုံးများဖြစ်သည့် "ပုရာဟာ" နှင့် "ဖုရာ" ဟူသော အသံထွက်များသည် ပအိုဝ်းဘာသာစကား၏ အသံထွက်ဗေဒနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။ • ပအိုဝ်းဘာသာစကားတွင် ဗုဒ္ဓမြတ်စွာဘုရားကို "ဖရာ့" (Phra) ဟု ခေါ်ဆိုပြီး ၎င်းစကားလုံးသည် "ဖြား" (Phra) ဟူသော အသံထွက်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ • အက္ခရာဗေဒအရ "ပ" ဆိုင်းတွဲအသံ (ပ-ရ-ဟ) နှင့် "ဖ" အက္ခရာတို့သည် အသံချင်း နီးစပ်လှပြီး ရာစုနှစ်များစွာ ဖြတ်သန်းလာသောအခါ ပုရဟာ \ ဖြား \ဖရာ့ \ဖုရာ \ဘုရား အဖြစ် အသံပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ • ထို့ကြောင့် ပုဂံခေတ် ကျောက်စာပါ "ပုရာဟာ/ဖုရာ" နှင့် ပအိုဝ်းစကား "ဖြား/ဖရာ့" သည် မူလအသံထွက်ချင်း ထပ်တူနီးပါး ဆက်စပ်နေကြောင်း ထင်ရှားပါသည်။ "ဖြား" ၏ ဖွင့်ဆိုချက်နှင့် လူမှုအသုံးအနှုန်း ပအိုဝ်းဘာသာစကားတွင် "ဖြား" ၏ မူလအနက်အဓိပ္ပာယ်မှာ "သက်ကြီးဝါကြီးသူ"၊ "ရင့်မှည့်သော" ဟု ဖြစ်သည်။ ဥပမာ မွိုးဖြား = အဖွား ဖာဖြား = အဖိုး အသက်ကြီးရင့်သူကို ခေါ်တဲ့ ပအိုဝ်းစကား။ တခေါ့ရာဖြား= သရက်သီးအရင့် မက္လင်ရာဖြား=ပိန္နဲသီးအရင့် ဒါ့ကြောင့် ဖြားဆိုဒါ ရင့်ပြီးသောလို့ အဓိပ္ပါယ်ရတယ်။ ဖြား ကိုယိုယိုသေသေခေါ်ရင် ဖ ရာ ။ ဗုဒ္ဓ ဖရာ ဟာ လေးသင်္ချေိ နှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးတဲ့အတွက် ပါရမီ ရင့်ဒါကို ပအိုဝ်းတို့က ဖရာ = ဖြား လို့ခေါ်တယ် ဖြားကိုပဲ ပအိုဝ်းလူမှုအသိုင်းအဝိုင်းတွင် ရိုသေလေးစားသမှုဖြင့် အောက်ပါအတိုင်း ဂုဏ်ရည်ပြု လူမှုအသုံးအနှုန်းအဖြစ် အသုံးပြုကြသည် • အကြီးအကဲနှင့် ခေါင်းဆောင်များကို ဂုဏ်ပြုခြင်း: အများအကျိုးကို သယ်ပိုးဆောင်ရွက်သူ၊ ထူးချွန်ထက်မြတ်သူနှင့် တိုင်းပြည်နှင့် လူမျိုးအတွက် လေးစားထိုက်သော အာဇာနည် ခေါင်းဆောင်ကြီးများ၏ နာမည်ရှေ့တွင် "ဖြား" ဟု တပ်၍ ခေါ်ဝေါ်ကြသည်။ (ဥပမာ - ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာဦးလှဖေ၊ ဖြားအောင်ခမ်းထီ စသဖြင့် ဖြစ်သည်။) • ဤသည်မှာ လူပုဂ္ဂိုလ်တစ်ဦး၏ အသက်အရွယ်ကြီးရင့်မှု သက်သက်ကိုသာမကဘဲ ဉာဏ်ပညာ၊ သီလ၊ သမာဓိနှင့် လုပ်ရပ်များ ရင့်ကျက်ရင့်မှည့်မှုကို ပါရမီမြောက် ဂုဏ်ပြုခေါ်ဆိုသည့် မြင့်မြတ်သော အသုံးအနှုန်း ဖြစ်သည်။ ပအိုဝ်းဘာသာစကားဖြင့် အနက်အဓိပ္ပာယ် ပြည့်စုံပုံ ရှေးဟောင်း "ပုရာဟာ/ဖုရာ" သည် ပအိုဝ်းဘာသာစကား၏ "ဖြား" မှ ဆင်းသက်လာသည်ဟူသော အချက်သည် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် အပိုင်းတွင် အလွန်ပြည့်စုံပြီး ယုတ္တိရှိလှပါသည်။ ဗုဒ္ဓဘာသာတရားတော်အရ "ဘုရား" (ဗုဒ္ဓ) ဟူသည် ကမ္ဘာလောကဓာတ်အဆက်ဆက် ပါရမီဆယ်ပါး၊ အပြားသုံးဆယ်ကို ဘဝပေါင်းများစွာ ဖြည့်ကျင့်တော်မူခဲ့ပြီးမှသာ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူခြင်း ဖြစ်သည်။ ပအိုဝ်းဝေါဟာရ အနက်အဓိပ္ပာယ်အရ "ဖြား" = ပါရမီ ရင့်မှည့်သောသူ၊ ရင့်သန်သောသူ ဟု တိုက်ရိုက်အဓိပ္ပာယ်ထွက်သဖြင့် "ဘုရား" ဟူသည်မှာ "ပါရမီဉာဏ်တော် အထွတ်အထိပ်သို့ ရင့်မှည့်တော်မူပြီးသော အတုမရှိ အကြီးအကဲ မြတ်စွာဘုရား" ဟု လေးနက်လှစွာသော ဘာသာစကားဆိုင်ရာ ဝေါဟာရရင်းမြစ် အထောက်အထားကို ရရှိစေပါသည်။ ခြုံငုံသုံးသပ်ယူဆရသော် ပုဂံခေတ်ဦး ကျောက်စာပါ "ပုရာဟာ/ဖုရာ" သည် ပအိုဝ်းဘာသာစကား၏ "ဖြား" (အသံထွက် - ဖရာ့) နှင့် အသံထွက်ချင်း ဆက်စပ်နေရုံမျှမက၊ "ပါရမီရင့်မှည့်သူ/အထွတ်အထိပ် အကြီးအကဲ" ဟူသော ပအိုဝ်းဘာသာစကား၏ မူလအနက်အဓိပ္ပာယ်နှင့် လူမှုအသုံးအနှုန်း ဓလေ့စရိုက်များကပါ တူညီစွာ ဆက်စက်နေကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် "ဘုရား" ဟူသော ဝေါဟာရ၏ မြစ်ဖျားခံရာတွင် တိဗက်-မြန်မာနွယ်ဖွား ပအိုဝ်း ဘာသာစကား၏ "ဖြား" ဟူသော ဝေါဟာရသည် အလွန်အရေးပါပြီး သမိုင်းဆိုင်ရာ အထောက်အထားတစ်ရပ် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။ #ပအိုဝ်း #Paoh #History #language

About