@eagles0732: တောင်ဥက္ကလာပ VIBE KTV တွင် အုတ်ဖိုမြို့နယ် တွဲဖက်တရားသူကြီး နွယ်နီမြင့်၊ ဖြူးမြို့နယ် တရားသူကြီး အိမ့်မှူးခင်၊ စစ်ဆေးဆရာဝန်ဗိုလ်မှူး ထွန်းလင်းစိုး၊ ဗိုလ်ကြီးကောင်းသန့်မင်း တို့ကို မူးယစ်ဆေးဝါးသုံးစွဲနေစဉ် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိ အောက်တိုဘာ ၂၆၊၂၀၂၆။ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်၊ ၈ ရပ်ကွက်၊ စက်မှု ၆ လမ်းရှိ VIBE KTV & Entertainment တွင် အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၃၃ ဦးကို စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးခံရသူများအနက် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် တွဲဖက်မြို့နယ်တရားသူကြီး နွယ်နီမြင့်၊ ဖြူးမြို့နယ်တရားသူကြီး အိမ့်မှူးခင်၊ နေပြည်တော် အမှတ် ၂ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူး ထွန်းလင်းစိုးနှင့် ဗိုလ်ကြီး ကောင်းသန့်မင်းတို့ ပါဝင်ကြောင်း သိရှိရသည်။ အောက်တိုဘာ ၂၅ ရက် မနက် ၁၂ နာရီခွဲခန့်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် Operation 42 အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့များ၊ တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ VIBE KTV & Entertainment သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်။ ရှာဖွေမှုအတွင်း KTV ဆိုင်အပေါ်ထပ်ရှိ Gentlemen အခန်းမှ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦးကို ကက်တမင်း ၁၂ ထုပ်၊ Happy Water ၂ ထုပ်၊ လက်ကိုင်ဖုန်း ၁၃ လုံးနှင့် DJ စက် ၁ လုံးတို့နှင့်အတူ တွေ့ရှိခဲ့သည်။ Tom & Jerry အခန်းတွင်လည်း အမျိုးသား ၄ ဦးကို ပလတ်စတစ်အိတ်ငယ်များဖြင့် ထုပ်ပိုးထားသည့် ဆေး ခြောက် ၂ ထုပ်၊ Happy Water ၂ ထုပ်၊ အက်တစီဆေးပြား ၁ ပြား၊ ကက်တမင်း ၁ ထုပ်၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် DJ စက် ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် UFO အခန်းအတွင်းမှ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၄ ဦးကို Happy Water ၁၀ ထုပ်၊ WY ဆေးပြား ၁၁၀ ပြား၊ လက်ကိုင်ဖုန်း ၁၃ လုံးနှင့် DJ စက် ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ VIBE KTV ၏ ကိုယ်စားလှယ်တာဝန်ခံများဖြစ်သည့် ကောင်းမြတ်ဖြိုး၊ ကျော်ကျော်မိုးနှင့် လက်ထောက်မန်နေဂျာ စောသာကြည်တို့ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖမ်းဆီးရမိသူများအနက် Gentlemen အခန်းမှ နွယ်နီမြင့်သည် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် တွဲဖက်မြို့နယ်တရားသူကြီးဖြစ်ပြီး အိမ့်မှူးခင်မှာ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တရားသူကြီးဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ အလားတူ UFO အခန်းမှ ဖမ်းဆီးရမိသူများအနက် ထွန်းလင်းစိုးသည် နေပြည်တော် အမှတ် ၂ တပ်မ တော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ၊ ကုတင် ၂/၃၀၀ တွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးအဆင့်ရှိ စစ်ဘက်အရာရှိတစ်ဦးဖြစ်ကြောင်း သိရသည်။ ဗိုလ်ကြီး ကောင်းသန့်မင်းမှာလည်း နေပြည်တော် အမှတ် ၂ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် စစ်ဘက်အရာရှိတစ်ဦးဖြစ်ကြောင်း သိရှိရသည်။ ဖမ်းဆီးရမိသည့် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၃၃ ဦးကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ရန်ကုန်သို့ ခေါ်ဆောင်စစ်ဆေးနေပြီး အမှုဖွင့်အရေးယူနိုင်ရေးနှင့် ဆက်စပ်ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။ #fypppppppppppppppppppppppppppppppppppppppppppppppppppppppppppppppppppp #
eagles
Region: MM
Monday 26 October 2026 02:02:30 GMT
Music
Download
Comments
ဝင့်ဝါ :
တရားသူကြီးတွေ ဗိုလ်ကြီးတွေက ပြည်သူတွေ လမ်းမှားရောက်မှာစိူးလို့ သူတို့အရင်သွားပေးတာနေမယ်😅
2026-10-26 04:19:32
56
BauWung :
အမလေးးးးး လိုင်းကြေးမမှန်လို့ထင်တယ် . ဖမ်းချင် တနိုင်ငံလုံး ပဲ KTV မကဘူး club ရော
2026-10-26 04:28:41
53
Heinn Zaw Soe (Design & Build) :
မနက် ၁၂ နာရီခွဲခန့်အချိန် ဆိုတာ ထမင်းစားပြီးတဲ့နေ့လည်လား ညသန်းခေါင်လား မသဲကွဲ
2026-10-26 03:34:50
10
Tun :
အင်း ပြောလိုက်ရင်မကောင်းတော့ဘူး တခြားလူငယ်လေးတွေဆိုမပြောတော့ဘူး အခုက နိုင်ငံဝန်ထမ်းတောင်မှ ဥပဒေနဲ့ ကာကွယ်ရေးဌာနကဝန်ထမ်းတွေဖြစ်နေတယ် ထိုက်သင့်တဲ့ဥပဒေနဲ့ပြစ်ဒဏ်စီရင်ပေးပါ
2026-10-26 05:44:35
16
🐱 :
အခုမှ ဖမ်းနေတယ် လွန်ခဲ့ ၃/၄ နှစ်ကသာ ဖမ်းခဲ့ရင် မိသားစုတွေ သောကမရောက်ဘူး
2026-10-26 06:19:37
14
Kyal :
အလုပ်ကိုင်ရာထူးနဲ့ ကိုက်ညီအောင် ဆင်ခြင်နေထိုင်ကြဖို့ ကြပ်မတ်သင့်ပါတယ်
2026-10-26 04:43:46
6
NY#Nyo :
ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးစီသို့😁
2026-10-26 03:05:11
12
သိန်းဇော်လင်း :
တရားဝင် ကလပ် KTV ဆိုင်တွေ့မှာ တရားမဝင် မူးယစ်ဆေးဝါတွေ့ အများကြီးရှိနေတာ ဘာကြောင်လည်း
2026-10-26 04:08:25
6
user3210480766026 :
တခါမှမကြားဘူးတာကြားရတယ်နိုင်ငံတော်ကသင်းပေးတဲ့ပညာကိုကောင်းတဲ့နေရာမှာအသုံးမပြုတဲ့နိုင်ငံဖျက်တဲ့အကျင့်ပျက်ဝန်ထမ်းများကိုစိစစ်ပြီးအရေးယူပါဒါမှအတုယူမမှားကြမှာ
2026-10-26 04:23:19
19
мано :
တနိုင်ငံလုံးက ktv တွေဝင်ဖမ်းလေ နယ်စပ်တွေဆို ktv မက စားသောက်ဆိုင်ပါ ပေါ်တင်တွေ
2026-10-26 04:36:37
3
Love & Happy 😘😘😘 :
နွယ်နီမြင့်နဲ့ အိမ့်မှူးခင်မဟုတ်ပါဘူး အမှန်တော့ ကျွန်တော်တို့ရဲ့ ကြယ်စင်နဲ့လမင်းလေးပါဗျာ😂
2026-10-26 03:06:37
14
Mo Zin Linlat Paing :
များများဖမ်းပေးပါ ဟိုအရင်နှစ်တွေကတည်းက ဖမ်းသင့်တာ 😌
2026-10-26 07:10:35
2
Aye Mar :
အဲ့kTVကိုပိတ်မှာလားသိချင်လို့လူတွေပဲဖမ်းပီးဆက်ဖွင့်ပေးထားမယ်လို့မပြောနဲ့နော်😂
2026-10-26 04:19:41
4
꧁Ko Lin(Tharyarwaddy)꧂ :
အုတ်ဖိုလား အုတ်တွင်းလား
2026-10-26 04:47:53
3
U Tin Hla :
မြန်မာနိုင်ငံတော်ကြီးကိုနိုင်ငံ
ဝန်ထမ်းတွေကဖျက်ဆီးနေတယ်
ဆိုတာယုံပါဘီ။
2026-10-26 08:42:43
1
Myo Arnest Grace :
ပိုင်ရှင်ကိုရော မဖမ်းဘူးလား။မန်နေဂျာတောင် နာမည်မပါဘူး😂
2026-10-26 08:03:34
1
Lion King :
သူတို့လဲ အသွင်ယူပြီး ဂိုဏ်းချုပ်ကိုဖမ်းဖို့ ကွင်းဆင်းနေတာနေမှာပါကွာ 😂😂
2026-10-26 06:41:32
1
Myat Myint Mho :
တောင်ဒဂုံကိုလည်းလာဖမ်းပါအများကြီးပဲဆေးရောင်းတဲ့သူတွေအပြတ်ရှင်းပေပါ
2026-10-26 07:53:10
1
Ko KyawMin :
တရားခံတွေပုံမတင်ဖူးလား
2026-10-26 02:22:35
3
San San tin :
ပွဲကတော့လှ
2026-10-26 04:24:32
1
sharshar99999 :
ဦးမော့နေသော နိုင်ငံတော်ကြီး
2026-10-26 05:03:58
1
✌♫♪˙❤‿Ni Ni❤˙♫♪✌ :
ဖမ်းရင်တနိုင်ငံလုံးကုန်မှာမဟုတ်ဘူး
2026-10-26 06:21:30
1
Than Than Soe :
ok
2026-10-26 03:39:39
1
ayeayemoe2888 :
တရားသူကြီးဆိုသူများအမှု့သည်(ဒုက္ခသည်)တွေကမတရားစား ဗိုလ်မှူးဗိုလ်ကြီးများကလည်း ရှေ့တန်းစစ်မြေပြင်ကဆင်းရဲဒုက္ခများစွာတိုက်ပွဲဝင်နေကြတဲ့တပ်မတော်သားများရဲ့ဘဝတွေကိုစာနာပါအုံးဗျာ
2026-10-26 09:29:55
0
Mike :
7uuuu
2026-10-26 03:40:15
0
To see more videos from user @eagles0732, please go to the Tikwm
homepage.