@eagles0732: နေပြည်တော်က Excellent Bar မီးလောင်မှု လူ ၃ဦးသေဆုံး၊ ၃ဦး ဒဏ်ရာရ ▪️မီးလောင်မှုကြာချိန်ကို မီးသတ်လိမ်လည်ထုတ်ပြန် အောက်တိုဘာ-၂၆၊၂၀၂၆။ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာရှိတဲ့ Excellent Bar မီးလောင်မှုမှာ လူ ၃ဦးသေဆုံးခဲ့ပြီး ၃ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ "သုံးယောက်ပိတ်မိရာက အထဲမှာတင် တစ်ယောက်မီးခိုးမွှန်ဆုံးသွားပါတယ်။ နှစ်ယောက်က ဆေးရုံအချိန်မီပို့ခဲ့ပေမယ့် နှစ်ယောက်လုံးဆုံးသွားပါတယ်။ပိတ်မိတဲ့ သုံးယောက်လုံးဆုံးသွားပါတယ်။စိုးရိမ်ဒဏ်ရာရရှိသူလည်း သုံးဦးရှိပါတယ်။" လို့ ‌ဒေသခံတစ်ဦးကပြောပါတယ်။ အောက်တိုဘာ ၂၅ ရက် ညနေ ၃ နာရီလောက်မှု ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ဧရာဝတီလမ်းက Excellent Bar မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး မီးလောင်မှုတော်တော်များတာ‌ကြောင့် Level 2 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ ဆိုင်မှာဝရိန်ဆော်တာကနေ မီးပွားပွင့်ထွက်ရာက မီးလောင်မှုစတင်ခဲ့တယ်လို့ ဒေသခံတွေကပြောထားပါတယ်။ သေဆုံးသူတွေထဲမှာ အဲဒီBar ရဲ့ ပင်တိုင် အဆိုတော် ၁ ဦးလည်းပါဝင်ခဲ့ပြီး အသိမိတ်ဆွေတွေက စိတ်မကောင်းကြောင်း မျှဝေထားကြပါတယ်။ မြေပြင်မှာ မီး‌‌ငြှိမ်းသတ်ချိန် တစ်နာရီကျော်ကြာမြင့်ခဲ့ပေမယ့် စစ်တပ်လက်အောက်ခံ မီးသတ်တပ်ဖွဲ့ကတော့ ၁၅ မိနစ်အတွင်းမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ လိမ်လည်ထုတ်ပြန်ထားပါတယ်။ မီးသတ်ကသူတို့ရဲ့ ထုတ်ပြန်ချက်ကို အကြိမ်ကြိမ်ပြင်ဆင်ခဲ့တာဖြစ်ပြီး ပထမထုတ်ပြန်မှုတွေမှာ ညနေ ၃ နာရီ ၄၅ မိနစ်မှာ Level 1 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ ရေးသားထားပြီး နောက်ဆုံးမှာတော့ ၃ နာရီခွဲမှာ မီးငြိမ်းခဲ့တာလို့ ထုတ်ပြန်ထားတာပါ။ ဒါ့အပြင် အခြားလူသေဆုံးမှုရှိတဲ့ မီးလောင်မှုတွေဆိုရင် အဲဒီ့အချက်တွေကိုပါ သတင်းထုတ်ပြန်လေ့ရှိပေမယ့် ဒီမီးလောင်မှုကိုတော့ သာမာန်မီးလောင်မှု ပုံစံထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒီဆိုင်က နေပြည်တော်မှာ နာမည်ကြီးတဲ့ Bar တစ်ခုဖြစ်ပြီး စစ်တပ်ဘက်ကအရာရှိတစ်ဦးဦးပိုင်တာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ ဒါပေမယ့် တချို့ကလည်း သာမာန်အရပ်သားပိုင်ဆိုင်တာလို့ ရေးသားထားတာတွေလည်းရှိပါတယ်။ #fypppppppppppppppppppppppppppppppppppppppppppppppppppppppppppppppppppp #

eagles
eagles
Open In TikTok:
Region: MM
Monday 26 October 2026 02:09:57 GMT
66366
1324
30
209

Music

Download

Comments

vitashine3629
vitashine :
ကိုရီးရဲသီဟမြင့်မြတ်များလားအထဲမှာပိတ်မိပြီးဆုံးသွားတာများလား
2026-10-26 07:19:22
4
user3734268574159
Jumper :
ပင်တိုင်အဆိုတော် ဆိုတာဘယ်သူလဲ
2026-10-26 03:47:01
2
user970125205
Yin Su Min Htut :
ဟုတ်ပါ့ ဟယ် ည သွားမယ် လုပ်ထားတာ
2026-10-26 04:49:55
3
soenyinyi1996
Soe Nyi Nyi :
သက်သေတွေကို မီးရှို့ပြီးဖျောက်တာ အခုထိခေတ်စားနေတုန်းပါဘဲလား တခြားနည်းမရှိဘူးလားဗျ ဝန်ထမ်းတွေပါ အဆစ်ပါကုန်ပြီ ကျန်ရစ်တဲ့မိသားစုတွေသနားစရာပါ
2026-10-26 04:55:35
0
kozawmoe35
Ko Zaw Moe :
အကြောင်းအရာတခုကိုပြောတောမယ်တင်တောမယ်ဆိုယင်သေချာအောင်အယင်လုပ်ပါ ကိုယစာတကြောင်းကြောင့်အများမထိခိုက်ပါစေနဲ့ ဆိုင်ပိုင်ရှင်ကသာမာန်ပြည်သူတယောက်ပိုင်တာပါ အတွင်းကျကျစုံစမ်းပါကျေးဇူးတင်ပါတယ်😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳
2026-10-26 03:45:11
6
hellennwe466
hellennwe4665 :
မီးသတ် ထောက်ခံချက် လက်မှတ် မရှိ ဘူးလား?
2026-10-26 04:53:09
1
ei.khin8
ei khin :
မဆဲချင်ဘူးနော်
2026-10-26 09:21:27
0
dardar.dardar027
ဒါ( Nang Sandar Htun) :
ပင်တိုင်အဆိုတော်ကဘယ်သူလဲရှင့်🥺
2026-10-26 07:19:25
1
hana5516p
hana5516p :
အရပ်သားပိုင်တာပါဟယ်
2026-10-26 03:40:15
7
san.yate.cafe
Oo Oo MK :
သတင်းကသတင်းလိုရေးပါဟ ဘာစစ်တပ်လက်အောက်ခံဘာညာနဲ့ အားနေဒါပဲ..မီးသက်မှာဘာအရောင်မှမရှိဘူး မီးဆိုတာနဲ့ငြိမ်းစေချင်တဲ့စိတ်တခုထဲနဲ့လုပ်နေကြတာပါ။သတင်းကသတင်းလိုရေးကြပါကွာ။
2026-10-26 06:01:56
22
nay.min3822
Aung Ngwe(official)🚒🚒🚒 :
လပြည့်နေ့မှာ အကုသိုလ်တေမများချင်ဘူးကွာ
2026-10-26 04:17:32
1
min.si.thu7770
Si Thu Min(ဖိုးစည်) :
မီးသတ်ရဲ့သတင်းထုတ်ပြန်ချက်မှာ ဆိုင်အမည်တောင် မဖော်ပြရဲဘူး
2026-10-26 09:05:34
0
moe.z.thar.8484
Moe z thar 8484 :
အရပ်သားပိုင်တာပါကွာ မင်းတို့ကလဲ သတင်းကိုသတင်းလိုရေးကြစမ်းပါ
2026-10-26 07:45:17
2
sinnshweyee11
Élysíã𐙚 :
အားနေ စစ်တပ်ပဲ😅
2026-10-26 04:24:51
4
lovely23947
♋️ 🦀 :
အဆိုတော်လည်းမသေပါဘူးဟယ် သတင်းက ဘာတွေတင်နေတာ တစ်ခုမှ မမှန်
2026-10-26 08:38:54
1
kaunghtetkyaw2615
Kaung Htet Kyaw Naypyitaw :
အရပ်သားပါဗျာ ပိုင်ဆိုင်တာ
2026-10-26 07:52:03
1
mirror...11
ဘီးကျဲ ကြီး :
မင်းတို့ကလည်း ဘလိန်းမယ် ဆိုလဲ သေချာလေ့လာပါအုံး ဘယ်သူ ပိုင်တာလဲ???? မီး ထိန်း နိုင်တာနဲ့...??? အလုံးစုံ ငြိမ်း ဖို့ကတော့ အချိန် အများကြီး ကြာ?????
2026-10-26 03:57:27
2
kozawmoe35
Ko Zaw Moe :
😳😳😳😳😳😳😳😳😳
2026-10-26 03:41:53
3
To see more videos from user @eagles0732, please go to the Tikwm homepage.

Other Videos


About