@yilmaz_qw16: #keşfet #fy #16cbf022

Y.D
Y.D
Open In TikTok:
Region: TR
Monday 26 October 2026 03:41:53 GMT
4109
40
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @yilmaz_qw16, please go to the Tikwm homepage.

Other Videos

ကျွန်တော် နောက်ထပ်စဉ်းစားထားတာတစ်ခုရှိတယ်။ အခုရှာလို့ရတဲ့ပိုက်ဆံတွေကို ဒီအတိုင်းကိုင်ထားတာ၊ သုံးပစ်တာမျိုးမလုပ်ဘဲ မြေတွေဝယ်ပြီး ပိုင်ဆိုင်မှုအဖြစ် ပြောင်းထားချင်တယ်။ ဒါပေမယ့် မြေဆိုပြီး တွေ့တဲ့နေရာဝယ်မှာတော့ မဟုတ်ဘူး။ နောက်ပိုင်း ဖွံ့ဖြိုးလာနိုင်တဲ့နေရာ၊ လမ်းပန်းဆက်သွယ်ရေးကောင်းလာနိုင်တဲ့နေရာ၊ လူနေထိုင်မှုနဲ့ စီးပွားရေးတိုးလာနိုင်တဲ့နေရာတွေကို သေချာလေ့လာပြီးမှ ဝယ်မယ်။ ဝယ်ပြီးတာနဲ့လည်း ပြန်ရောင်းဖို့မစဉ်းစားဘူး။ အချိန်တစ်ခုပေးပြီး ကိုင်ထားမယ်။ ဥပမာ ဒီနေ့ သိန်း ၁,၀၀၀ နဲ့ဝယ်ထားတဲ့မြေတစ်ကွက်က နောက်နှစ်အနည်းငယ်ကြာလို့ အဲ့ဒီဘက်ဖွံ့ဖြိုးလာပြီး သိန်း ၁,၅၀၀၊ ၂,၀၀၀ တန်လာတယ်ဆိုပါစို့။ အဲ့ဒီအချိန်မှာ ကျွန်တော်က မြေကိုရောင်းပြီး အမြတ်ယူလိုက်တာမျိုးတစ်ခုတည်း မစဉ်းစားဘူး။ မြေကိုမရောင်းဘဲ ဘဏ်မှာအပေါင်ထားမယ်။ ရနိုင်တဲ့ချေးငွေကိုယူပြီး နောက်ထပ်ပိုက်ဆံရှာပေးနိုင်တဲ့ လုပ်ငန်းတစ်ခုထဲ ပြန်ထည့်မယ်။ ဆိုင်အသစ်ဖြစ်ချင်ဖြစ်မယ်၊ စက်ရုံဖြစ်ချင်ဖြစ်မယ်၊ မြေထပ်ဝယ်တာဖြစ်ချင်ဖြစ်မယ်။ အဓိကက ချေးလာတဲ့ပိုက်ဆံကို စားဖို့သုံးဖို့မဟုတ်ဘူး၊ ပိုက်ဆံပြန်ရှာပေးနိုင်တဲ့နေရာမှာပဲ သုံးမယ်။ အဲ့ဒီလုပ်ငန်းကရလာတဲ့ဝင်ငွေနဲ့ ဘဏ်ချေးငွေကို ပြန်ဆပ်မယ်။ ဒီလိုဆို ကိုယ်ဝယ်ထားတဲ့မြေကလည်း ရှိနေသေးတယ်။ မြေကနေ ထုတ်ယူထားတဲ့အရင်းအနှီးနဲ့လည်း နောက်ထပ်လုပ်ငန်းတစ်ခု တည်ဆောက်ထားနိုင်မယ်။ ကျွန်တော်စဉ်းစားတာ ရိုးရိုးလေးပဲ။ ပိုက်ဆံရ → မြေဝယ် → မြေတန်ဖိုးတက် → မြေကိုအသုံးချပြီး အရင်းအနှီးပြန်ထုတ် → နောက်ထပ်လုပ်ငန်းထဲထည့် → ရလာတဲ့ဝင်ငွေနဲ့ အကြွေးပြန်ဆပ် → နောက်ထပ်ပိုင်ဆိုင်မှုတည်ဆောက်။ ဒီလိုပဲ တစ်ဆင့်ပြီးတစ်ဆင့် သွားချင်တာ။ ဒါပေမယ့် ဒီနည်းက ပြောသလောက်တော့ မလွယ်ဘူး။ မြေဝယ်တိုင်း တန်ဖိုးတက်မယ်လို့လည်း အာမခံလို့မရဘူး။ ဘဏ်က ကိုယ်လိုချင်သလောက် ချေးပေးမှာလည်း မဟုတ်ဘူး။ အတိုးရှိတယ်၊ ပြန်ဆပ်ရမယ့်အချိန်ရှိတယ်။ ကိုယ်ပြန်ထည့်တဲ့လုပ်ငန်း အဆင်မပြေရင် အကြွေးကတော့ ဆပ်ရမှာပဲ။ ဒါကြောင့် ကျွန်တော်က အကြွေးရရင်ယူမယ်ဆိုတဲ့စိတ်နဲ့ မလုပ်ချင်ဘူး။ ဘယ်မြေဝယ်မလဲ၊ ဘယ်လောက်တန်ဖိုးတက်နိုင်လဲ၊ ဘဏ်ကဘယ်လောက်ရနိုင်လဲ၊ အတိုးဘယ်လောက်ပေးရမလဲ၊ အဲ့ဒီငွေကို ဘာထဲပြန်ထည့်မလဲ၊ အလုပ်မဖြစ်ခဲ့ရင်တောင် ဘယ်လိုပြန်ဆပ်မလဲဆိုတာ အကုန်တွက်ပြီးမှ လုပ်မယ်။ ကျွန်တော်လိုချင်တာ ပိုက်ဆံအများကြီးကိုင်ထားတဲ့လူဖြစ်ဖို့တစ်ခုတည်း မဟုတ်ဘူး။ ကိုယ်ရှာထားတဲ့ပိုက်ဆံကို ပိုင်ဆိုင်မှုအဖြစ်ပြောင်းတတ်ချင်တယ်။ ပြီးရင် အဲ့ဒီပိုင်ဆိုင်မှုကို အသုံးချပြီး နောက်ထပ်ပိုင်ဆိုင်မှုတစ်ခု တည်ဆောက်တတ်ချင်တယ်။ ဒီနေ့ရှာရတဲ့ပိုက်ဆံနဲ့ ဒီနေ့ပဲ ကောင်းကောင်းနေပြီးကုန်သွားတာမျိုးထက် ဒီနေ့ရှာထားတဲ့ပိုက်ဆံက နောက် ၁၀ နှစ်၊ ၂၀ နှစ်ကျရင် ကိုယ့်အတွက် ပိုက်ဆံပြန်ရှာပေးနေတဲ့အရာတွေ ဖြစ်နေစေချင်တယ်။ အခု ကျွန်တော်စဉ်းစားပြီး သွားချင်နေတဲ့ပုံစံက ဒါပဲ။ ပိုက်ဆံကိုပဲ စုမနေဘူး။ ပိုင်ဆိုင်မှုကို စုမယ်။ ပြီးရင် ပိုင်ဆိုင်မှုကနေ နောက်ထပ်ပိုင်ဆိုင်မှုတွေ ဆက်တည်ဆောက်သွားမယ်။ မြန်မြန်ချမ်းသာဖို့ထက် ရေရှည်မှာ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေ တစ်ခုပြီးတစ်ခု များလာအောင် တည်ဆောက်သွားချင်တာပါ။#myanmartiktok🇲🇲🇲🇲 #paratiiiiiiiiiiiiiiiiiiiiiiiiiiiiiii #OASIX #creatorsearchinsights

About