@aishafinds12: Looking for a simple addition to your skincare routine? 💚 Y.O.U AcnePlus Spot Care Pro Serum is worth checking out! #youacneplus #spotcareserum #acneproneskin #skincareph 💚

AISHAFINDS 🪬
AISHAFINDS 🪬
Open In TikTok:
Region: PH
Tuesday 27 October 2026 09:30:00 GMT
182
2
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @aishafinds12, please go to the Tikwm homepage.

Other Videos


" ဂျူး " နှင့် " အကြည်တော်" ထိပ်တိုက် တွေ့ကြလေသော်.... #အကြည်တော် - ရင့်ကျက် တည်ငြိမ်တဲ့ အရွယ်ရှိတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အလှကို မြင်လိုက် ရတာဟာ ညနေခင်း ဆည်းဆာ အလှကို မြင်လိုက်ရသလိုပဲ။ ဘယ်လိုမှ ကြည့်မဝနိုင်ဘူး... သိပ်အေးချမ်းပြီး ကျက်သရေ ရှိတာ။ လူတိုင်း တသသ နဲ့ တစိမ့်စိမ့် ကြည့်နေချင် ကြတယ်။ ဒါပေမယ့် ••• နှမျှောစရာ ကောင်းတာ က••• မကြာခင် နေဝင်တော့မှာလေ...။။ ➖➖➖➖➖➖➖ #ဂျူး - ဒီမှာ... ဒီမှာ... ကျွန်မ အမေ ပြောဖူးတာ ရှိတယ်။ သမီးတဲ့... အမှား သေးသေးလေးတွေကို မှားခွင့် ရှိပါတယ်••• တဲ့။ အချိန်တန်ရင် သမီး သိပြီး ပြင်လာမှာ တဲ့။ တစ်ခုတော့ ရှိတယ် •••။ အဲဒီ အမှားက ပြင်မရတဲ့ အမှားဖြစ်သွားမှာကို မေမေ စိတ်ပူတယ်••• တဲ့။ ဒါ့ကြောင့် ••• ကျွန်မက အိမ်ထောင်ပြုဖို့ ဆိုရင် No နိုး ပဲ။ ➖➖➖➖➖➖➖ #အကြည်တော် - အဟား... ရှိတ် လိုက်စမ်းပါဗျာ။ ကျုပ်ကလဲ အိမ်ထောင်ပြုချင်တဲ့ ကောင် မဟုတ်ဘူး ဗျ ။ အသက် ကြီးလာလို့ ခင်ဗျား စဉ်းစားကြည့်စမ်း။ ကျုပ် အဖိုးကြီး ဖြစ်လာမှာကို စိတ်မပျက်ဘူး။ အေး... အဘွားကြီး ယောင်္ကျား ဖြစ်လာမှာ ကိုတော့ စိတ်အပျက်ဆုံးပဲ။ ဟား ဟား ➖➖➖➖➖➖➖ #ဂျူး - အချစ် ဆိုတာ••• ယောက်ျား အတ္တကို စိတ်ကျေနပ် ရောင့်ရဲမှု ပေးနိုင်စရာ အခိုက်အတန့် ကြားခံနယ် တစ်ခု ဖြစ်ပေမယ့် ••• မိန်းမတစ်ယောက် အတွက် တော့ ခြေစုံ ပစ် ဝင်လိုက်ရတဲ့ နယ်ပယ်သစ် တစ်ခုသာ ဖြစ်တယ်ရှင့်။ ဒီလိုပါပဲ•••ရှင်။ ဆင်ခြေတွေပါ။ ယောက်ျားတွေက ထက်မြတ်တဲ့ မိန်းမတွေကို ချစ်နိုင် ပေမယ့် ဘဝ လက်တွဲဖော် အဖြစ် ရွေးချယ်ဖို့ ဝန်လေး တတ်ကြတယ် ရှင့်။ အဟင်း... ဟင်း... သိတယ် မဟုတ်လား... ➖➖➖➖➖➖ #အကြည်တော် - ဟားးးး.... အင်မတန် ရုပ်ချောပြီး... အင်မတန် ဉာဏ်ကောင်းပြီး... အင်မတန်မှလည်း ခေတ် အမြင် ရှိပြီး... အင်မတန်မှ လွတ်လပ်မှုကို မြတ်နိုးတဲ့ မိန်းကလေးတွေဟာ... တကယ်တော့ ••• အင်မတန် မှ သနားစရာ ကောင်းတယ်။ ဘာလို့လဲ ဆိုတော့ ••• သူတို့ အတွက် ယောင်္ကျား ဒီ ကမ္ဘာပေါ်မှာ မရှိဘူး လေ...။ ဒီမှာ... ခင်ဗျား ကလေး အဖေ ကလေး အမေ အခေါ် ခံရဖို့ တစ်နှစ် က နေ သုံးနှစ် ကြိုးစားရင် ဖြစ်တယ်။ အေး... ဒါပေမယ့် လူပျိုကြီး အပျိုကြီး အခေါ် ခံရဖို့အတွက်တော့ ••• နှစ် သုံးဆယ်ကျော် ကြိုးစားရတယ်ဗျ... နားလည်လား.. ➖➖➖➖➖➖ - ရှင်တို့ ထက် ကျွန်မတို့ မိန်းမတွေ သာတာ ရှိတယ်။ ရှင်တို့က အတွေ့ချစ် မှ ချစ်တတ် တယ်။ ကျွန်မတို့ မိန်းမတွေက အငွေ့ချစ်နဲ့လည်း စွဲစွဲမြဲမြဲ ချစ်နိုင်တယ်။ ➖➖➖➖➖➖ - အတွေ့ ချစ်ကြောင့် ကျုပ်တို့ ထောင်ကျ နေရတာကို ထည့်ပြောလေ။ လူမိတဲ့ အခါ••• ခိုးလာတဲ့ အပ်တစ်ချောင်း ဆိုရင်လဲ ပြန်ပေးရတယ်။ ခိုးလာတဲ့ ငွေ ဆိုရင်လဲ ပြန်အပ် ရတယ်။ ခိုးလာတဲ့ မိန်းမကိုတော့ ပြန်ပေးရင် အမှုကြီးဖို့ပဲ ရှိတယ်။ အပ်တစ်ချောင်း ခိုးမှုက ရက်တို အချုပ်လောက်ပဲ ကျပေမယ့် ငွေခိုးမှုကျတော့ လ က နေ နှစ် အထိ ထောင်ကျတတ် တယ်။ မိန်းမ ခိုးမှု ကျတော့••• သွားရော အိမ်ထောင်ကျတော့ တစ်သက် တစ်ကျွန်း လွတ်ရက် မရှိ ကျတာဗျား.. လမင်းချစ်သူ✍ စာဖတ်ခြင်းဖြင့်ဘဝကိုမြှင့်တင်ပါ

About