@nyi.zay14: ယနေ့ကျရောက်သော သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ သစ်သီးဆွမ်းကပ်လှူဒါနပြုတာလေးပါ။ ကြည့်ရှူသူ သူတော်စင်အပေါင်းလည်း လှူဒါးရတဲ့ ကုသိုလ်အဖို့ဘာဂကို ရရှိကြပါစေသောဝ်။ 🙏 မေ- တပည့်တော်၏၊ ဣဒံပုညံ- ဤကောင်းမှုသည်၊  နိဗ္ဗာနဿ - နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်း ပစ္စယော - အကြောင်းအထောက်အပံ့ကောင်းသည်၊ ဟောတု - ဖြစ်ပါစေသတည်း။ ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင့်မိုရ်တောင်ဦး၊ မကကျူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏။ မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေတတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။ မိတ္တဆွေဉာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ မပြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏။ ထိုမှတဖန် တရားနာကြွရောက်ကြကုန်သော သမ္မာဒေဝ နတ်မြတ်နတ်ကောင်း နတ်အပေါင်းနှင့် ဗြဟ္မာမင်းအပေါင်းတို့အား ကုသိုလ်အမျှရကြပါစေ အမျှဝေ၏။ သဗ္ဗေသတ္တာ၊ သတ္တဝါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ်စဉ်က၊ သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏဌိတိ၊ တည်ရှိခုနစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏။ ထို့အပြင် ဤခြံဝန်းအတွင်း၌ နေထိုင်ကြကုန်သော သက်ရှိသတ္တဝါအားလုံးတို့အားလည်းကောင်း၊ ဤခြံဝန်းအတွင်း၌ နေထိုင်ကြကုန်သော ရုက္ခစိုး ဘုမ္မစိုးတို့အားလည်းကောင်း၊ ဤခြံဝန်းအား စောင့်ရှောက်ကြကုန်သော ခြံစောင့်နတ်မင်းတို့အားလည်းကောင်း၊ ဤခြံပါတ်ဝန်းကျင်၌ ရှိကြကုန်သော တောစောင့်နတ်၊ တောင်စောင့်နတ်၊ သမုဒ္ဒရာစောင့်နတ်၊ မြစ်စောင့်နတ်၊ ချောင်းစောင့်နတ် အပေါင်းတို့အားလည်းကောင်း၊ ဤအိမ်ဤအဆောက်အဦး အတွင်းတွင် မှီတင်းနေထိုင်ကြကုန်သော သက်ရှိသတ္တဝါအားလုံးတို့အားလည်းကောင်း၊ ဤအိမ်ဤအဆောက်အဦးအား စောင့်ကြပ်​လျှက်ရှိကြကုန်သော အိမ်စောင့်နတ်အပေါင်းတို့အားလည်းကောင်း အမျှကုသိုလ်ပေးဝေငလိုပါ၏။ ထိုကုသလ၊ ဤပုညကို၊ အမျှရကြသည်၊ ဖြစ်စေသော်၊ ဝသုန္ဓရေ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု၊ တည်စေသော်။ (အားလုံးကြားကြားသမျှ ကုသိုလ် အမျှအမျှအမျှ ယူတော်မူကြပါကုန်လော၊ သာဓု သာဓု သာဓု) "သုံးကြိမ်ရွတ်ဆိုရန်"

Nyi Zay
Nyi Zay
Open In TikTok:
Region: EG
Monday 26 October 2026 05:25:15 GMT
153
47
4
1

Music

Download

Comments

daw.tin.aye974
Daw Tin Aye :
🙏🙏🙏🙏🙏
2026-10-26 06:29:22
0
user5306239545014
✍︎ ခင်မျိုးအေး... :
✍︎နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ🙏 𝐍𝐚𝐦𝐨𝐭𝐚𝐬𝐬𝐚 𝐁𝐡𝐚𝐠𝐚𝐯𝐚𝐭𝐨 𝐀𝐫𝐚𝐡𝐚𝐭𝐨 𝐒𝐚𝐦𝐦𝐚𝐬𝐚𝐦𝐁𝐮𝐝𝐝𝐡𝐚𝐬𝐬𝐚🙏"' ✍︎ အရဟံ... လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား 🙏 ✍︎ အရ...ဟံ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား 🙏 ✍︎ အ...ရဟံ စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူတတ်သော မြတ်စွာဘုရား 🙏 ✍︎ သာဓု သာဓု သာဓု🙏 ဤကုသိုလ်သည် နိဗ္ဗာန်အထိတိုင် အထောက်အပံ့ဖြစ်ပါစေ။ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကင်းကွာ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး သာသနာပြုနိုင်ပါစေ။ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့၌ရှိကုန်သော ကိုးဆယ့်ခြောက်ပါး အနာရောဂါဝေဒနါများအားလုံး ကင်းဝေးပါစေ။ ကပ်ကြီးသုံးပါးဘေးမှလည်း ကင်းဝေးလွတ်မြောက်ပါစေ။ သူတော်ကောင်း သူမြတ်လောင်းများ သမာဒေဝ နတ်ကောင်းနတ်မြတ်များ ချစ်ခင်နှစ်သက်၍ စောင့်ရှောက်ခြင်းများကိုလည်း ရရှိပါစေ။ ရိုးသားကြိုးစားမှုများကြား ကောင်းသောဆန္ဒများလည်း ပြည့်စုံပါစေ။🙏 မေတ္တာဖြင့် 𝓴𝓶𝓪 ✍︎ကုသိုလ်ရှင်ကောင်းမှုရှင် ပို့သသော မေတ္တာဓာတ်ကိုလည်း အကျွန်ပ်ကိုယ်တိုင် ခံယူပါသည်🤲
2026-10-26 07:00:50
1
To see more videos from user @nyi.zay14, please go to the Tikwm homepage.

Other Videos


About