@kbztainews: ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် . ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ဂိုဒေါင်တစ်ခုတွင် ယမန်နေ့ အောက်တိုဘာ ၂၅ ရက်၊ ညနေပိုင်းက ယစ်မျိုးလိုင်စင်မရှိဘဲ တရားမဝင် သိုလှောင်ထားသည့် အရက်/ဘီယာ သိန်း ၁၆၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ . အေးသာယာမြို့၊ ရပ်ကွက် (၄)၊ နယ်မြေ (၄)ရှိ ဂိုဒေါင်တစ်ခုအတွင်း တရားဝင် ယစ်မျိုးလိုင်စင်မရှိဘဲ အရက်/ ဘီယာများ သိုလှောင်ထားကြောင်း သတင်းအရ ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်၊ ညနေ ၄ နာရီခွဲခန့်က အေးသာယာနယ်မြေရဲစခန်း တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ . ထိုသို့ စစ်ဆေးရာတွင် ပိုင်ရှင် ဦးငြိမ်းချမ်းအား တွေ့ရပြီး ဂိုဒေါင်အတွင်းမှ ယစ်မျိုးလိုင်စင် မရှိဘဲ တရားမဝင် သိုလှောင်ထားသည့် အရက်/ဘီယာ တန်ဖိုး ၁၆,၁၅၉,၆၀၀ ကျပ်ခန့်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ . အဆိုပါ ယစ်မျိုးလိုင်စင်မရှိဘဲ အရက်/ဘီယာများ သိုလှောင်ထားသူ ဂိုဒေါင်ပိုင်ရှင် ဦးငြိမ်းချမ်း ကို အေးသာယာ နယ်မြေရဲစခန်းတွင် ယစ်မျိုးဥပဒေပုဒ် ၃၀ (က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ . https://shorturl.at/tBLjh . #KBZTai #Shan #AyeTharYar .
KBZTai News
Region: MM
Monday 26 October 2026 06:25:33 GMT
Music
Download
Comments
Garlic :
ဟာသ ပဲ 🤭
2026-10-27 10:46:38
0
🇲🇲 Htun🩷🩷Nwe🇲🇲🌲🌲🌸🌸 :
မရောင်းလည်းသိုလှောင်ခွင့်အတွက်လိုင်စင်လိုပါတယ်ဗျာ
2026-10-26 11:24:52
0
Moe sat :
မရောင်းရင် ဥပဒေနဲ့မငြိဘူးမလား.. မသိလို့မေးကြည့်တာ
2026-10-26 07:57:32
0
U Oo Reh :
🥺🥺
2026-10-27 09:21:56
0
shanmalay :
🥰🥰🥰
2026-10-27 12:39:11
0
To see more videos from user @kbztainews, please go to the Tikwm
homepage.