@hmue.hmue8154: (၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်း ပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။ (၃) ကိုယ့်ကိုယ်ကို လေးစားပါ။ သူတစ်ပါးကို လေးစားပါ။ လေးစားမှု ကို ထိန်းပါ။ အဲဒီလေးစားမှ သုံးခုကို မှတ်ထားပါ။ (၄) ငွေဆိုတာ ရေလိုပဲ။ ငွေခမ်းရင် ငတ်သေတတ်တယ်။ ငွေမက်လွန်း ရင် နစ်သေတတ်တယ်။ (၅) အရာဝတ္ထုတစ်ခုတိုင်းကို ရှူထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစား ပါ။ (၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အဖြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့ လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။ (၇) လောဘမကြီးနဲ့။ မကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံ ဘူး။ (၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့ အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလို တယ်။ (၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူ ရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့ အတွက် ပိုစဉ်းစား သင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေး တဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။ (၁ဝ) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့် ချစ်သူ မဟုတ်သေး ဘူး။ (၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့် ကိုယ်ကိုယ် သတိပေးပါ။ (၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။ တစ်ဘဝအတွက် ဖြစ် တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။ (၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင် ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ် တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။ (၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ လူတိုင်းတက်ရ တဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင် သူက သန်မာထက်မြက် သူဖြစ်တယ်။ (၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက် ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ် တဲ့ အရည်အချင်းရှိအောင်အရင်လုပ်ပါ။ ကောင်းကွက်ကို လည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီ သံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။ (၁၆) အပြစ်ရှာ ညည်းထွားတတ်တဲ့ လူတွေဟာ စိတ်သဘော ထား မ ကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက် သူတော့ မဟုတ်ခဲ့ ဘူး။ (၁၇) ဦးနှောက်ခြောက် စိတ်ချုပ်တာတွေက မနက်ဖြန်ရဲ့ ဝန် ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော် ရွင်ခြင်းကိုတော့ဆုံးရှုံးသွားစေမှာ။ နည်းနည်းသည်းခံလိုက် နည်းနည်းတောင့်ခံလိုက် ... တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။ (၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့ အာရုံ နဲ့အကြည့် ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မ ထားပေါ်နဲ့။ (၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ် အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင် ပေါင်းသင်းတတ် အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွား တဲ့အခါ နောက်ဆုတ် နုတ် ထွက်တတ်အောင် သင်ယူပါတယ်။ (၂ဝ) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမ လည်သူ လို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်း သမားဆိုတာ ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေ ထက် စာရင် ပို အမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။ #Nan📚 #စာပေချစ်သူ✍ #credit #fry #follower❤
💌H🍂
Region: MY
Monday 26 October 2026 12:12:38 GMT
Music
Download
Comments
Ma Tin Zar Moe7860 :
Your idea is very good.Thank.🥰😊
2026-10-27 10:56:46
0
nang.mo.hseng.khay :
Pls, copy ..
2026-10-27 09:24:02
0
လွမ်းဝယ် ့့ :
ငါလဲ ဗဟုသုတရမဲ့စာတွေ ဖတ်တယ် အားဖြစ်စေမယ့်စာတွေလဲ ဖတ်တယ် ဒါမဲ့ သန်မာ မလာဘူး ပိုလို့တောင် ပျော့လာတယ်😁😁
2026-10-27 13:20:10
4
Kk Mobile :
👍👍👍👍👍အရမ်းကောင်းတဲ့စာသားလေးပါ
2026-10-27 04:25:51
2
Po Po Zin :
ပြန်တင်ခွင့်ပြုပါ🙏🙏🙏
2026-10-27 02:25:52
3
Naing Naing Win 💜 (S.Y.M) 💜 :
စာသားလေးတွေဖတ်ရတာတန်ဖိုးရှိလိုက်တာ 🥰🥰🥰
2026-10-27 08:39:33
2
Daw Nilar :
မဂ်လာပါရှင်--သဘောကောင်းလွန်းလို--ဂေါင်းပေါ်တက်နင်းတာရောသီးခံပေးရမှားဆိုတာလေးဖြေပေးပါအုန်းရှင်ဘဝပါပျက်ဆီးအောဂ်လုပ်ရက်တတ်တဲ့သူတွေကိုသည်းခံသည်းခံနဲ့ခံရလွန်းသူကိုရောဘယါ်သူကကိုယ်ချင်းစာပေးမှာလဲ--သူများအတွက်ဘဲကြည့်တယ်သူများအတွက်ဘဲနားလည်ပေးတယ်--သူများအတွက်ဘဲချစ်ခဂ်ပေးတယ်--သူများအတွက်ဘဲအနစ်နာခံပေးတယ်--အဲဒါတွေကပြန်ရတာက--တန်းဘိုးမထားခံရတာ--ထိုအချင်းအရာတွေနဲ့ဘဝပါရင်းပေးစသူတွေနေရာကနေဘာပြောပေးနိူင်ပါသလဲရှင်--သူများဆီကဘာမှမမျှော်လင့်ဘဲမေတာစေတနာကိုတန်ဘိုးထားရင်ကျေနပ်နိူင်ပါတယ်--ကျေးဇူးတင်ပါတယ်
2026-10-27 05:05:04
3
Min Htet :
အရမ်းကောင်းတယ်ဗျာ
2026-10-27 11:50:08
0
K L W T :
ကောင်းလိုက်တဲ့စာသားတွေပါ
2026-10-27 15:18:49
0
❤️Win Theingi❤️ :
စာသားလေးလိုချင်ပါတယ်ရှင်
2026-10-27 15:24:43
0
မချစ်မွန်ု၊☺️☺️☺️ :
🥰အရန်ကောင်းတဲ့စားသာလေးပါမှတ်သားထားပါ့မယ်🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-10-27 22:34:25
0
Su Yi Phyo :
ကြိုးစားးအံုးမယ် 🥰
2026-10-27 16:06:54
0
NNS :
အရမ်းကောင်းတဲ့စာသားလေး
2026-10-27 14:39:32
0
Khin Ohn :
ကော်ပွယူခွင့်ပြုပါရှင့်
🥰🥰🥰
👍👍👍
🙏🙏🙏
2026-10-27 17:16:05
0
Yu Yu Mon😘😘😘 :
ပြန်တင်ခွင့်ပြုပါ🙏🙏🙏
2026-10-27 14:36:44
0
@Ah Lwin💎🐘☘️💎 :
ထိရှ
2026-10-27 16:58:03
0
လရိပ်နွယ် :
ကျေးဇူးတင်ပါတယ်ဆရာ
2026-10-27 14:34:29
0
梅暴雪 ( Mei Bao Xue ) :
ထိရှ
2026-10-27 16:23:43
0
Yin Yin Aye :
2026-10-27 13:21:50
0
အေးချမ်းမေ :
2026-10-27 13:18:03
0
JeWel :
ပြန်တင်ခွင့်ပြုပါရှင့်
2026-10-27 13:27:45
0
Ma Cho :
ပြန်တင်ပါရစေ🥰🥰🥰🥰
2026-10-27 20:04:21
0
Yuri :
တန်ဖိုးရှိတဲ့စာပေတွေဖက်ရတာကျေးဇူးပါ🙏🙏🙏
2026-10-27 13:58:32
0
Kham pay :
🥰🥰
2026-10-27 14:24:11
0
🐁𝐵𝒶𝒷𝓎 𝓂𝑜𝓊𝓈𝑒🐁 :
ရှယ်မယ်နော်
2026-10-26 14:16:02
0
To see more videos from user @hmue.hmue8154, please go to the Tikwm
homepage.