@sanyaymoesera: YouTube Streaming ဆိုတာ လူ100,200 စိတ်ဝင်စားရုံလောက်နဲ့ အောင်မြင်တဲ့ ကိစ္စမဟုတ်ပါ။ Fandom တစ်ခုလုံး ညီညွတ်နေမှ အောင်မြင်တဲ့ကိစ္စဖြစ်ပါတယ်။ အခုပုံစံနဲ့ အောင်မြင်နိုင်ပါ့မလား...... နောက်တစ်ခု မနေနိုင်မထိုင်နိုင် ဝင်ပါပြီး ပြောချင်တာကတော့ မင်းသားကိုတကယ်ချစ်တယ်ဆိုရင် မင်းသားကြောင့်ဆယ်လီဖြစ်လာသူတွေက မင်းသားရဲ့ဖန်တွေကိုလေးစားပါ။ မင်းသားကိုချစ်ပေးလို့ ကိုယ်လည်းအချစ်ခံနေရတာပါ။ လူပြောများလာရတဲ့အထိ မင်းသားဖန်တွေဆီက အသံထွက်လာရင် ဆင်ခြင်ပြောင်းလဲကြဖို့တွေးတောသင့်နေပါပြီ။ ဇာတ်ဆရာတောင် ပရိတ်သတ်ကအကြံပြုရင် လက်ခံပြောင်းလဲပါသေးတယ်။ တောက်လျှောက် အချင်းချင်းဖြစ်ရတဲ့ပြဿနာတွေကလည်း ဒီကိစ္စတွေကပဲလာတာပါ။ မင်းသားအတွက်လည်း ထိခိုက်မှုတွေရှိနေတာကို ဘာလို့ ဇွတ်အတ္တကြီးနေကြတာပါလဲ? ဘာလို့မပြောင်းလဲကြတာပါလဲ? ဘာမဟုတ်တဲ့ ကလေးကလား Fan War တွေ လိုက်နေမဲ့အစား ကိုယ့်အဖွဲ့အစည်း တိုးတက်အောင်ပဲ အာရုံစိုက်ပြီးပြောကြဆိုကြပါ။ မင်းသားသည်လည်း ပုထုဇဉ်လူသားမို့ 100%အပြစ်မကင်းသလို ဇာတ်ဆရာသည်လည်း အလုံးစုံသိနေတဲ့သူတော့မဟုတ်ကြပါဘူး မှားနေရင် မှားနေကြောင်းထောက်ပြလို့ရတဲ့ ရပ်ဝန်းတစ်ခုဖြစ်စေချင်တယ်။Personal Attack တွေမပါစေရဘူး။ မင်းသားonly focus ထားပြီးအားပေးချင်တယ်။ မင်းသားသည်လည်း ထားရှိရမဲ့ Boundary တွေ ခုချိန်ထိ မသတ်မှတ်သရွေ့ အလားတူပြဿနာတွေထပ်ဖြစ်နေအုန်းမှာပါပဲ။ အားလုံး အားလုံးရဲ့ ကိုယ်ကျရာနေရာကနေ ပါဝင်ပံ့ပိုးဝန်းရံမှုတွေက အရမ်းတန်ဖိုးရှိပါတယ်။ဘယ်သူ့ဘယ်သူကိုမှ ထိခိုက်နစ်နာစေတာ ထွက်ခွာသွားရတာမျိုးမဖြစ်စေချင်ပါဘူး။ ပြဿနာတစ်ခုတည်းကိုပဲထပ်ခါထပ်ခါ ဖြစ်နေရပြီဆိုရင်တော့ ပြန်လည်သုံးသပ်ကြပါအုန်းလို့ ဒီနေရာကနေ အကြံပြုပါတယ်။
SAN YAY MOE’S ERA
Region: MM
Monday 26 October 2026 15:24:20 GMT
Music
Download
Comments
Emily Ngone 🐈 :
မင်းသားနားမကပ်ရလို့ အနားကပ်ရတဲ့လူတွေကိုမနာလိုပြီးသူတို့ကို against လုပ်နေတာဆိုတဲ့ mindset ကြီးကိုဘယ်သူထည့်ပေးလိုက်တာလဲမေးပေးဦး လူငယ်တွေကပျော်ချင်လို့fan girlလုပ်နေတာအဲ့လောက်စိတ်ရှုပ်အောင်လုပ်တာကြီးကျမပျော်တော့ဘူးတော်ပြီလေနော်
2026-10-26 15:56:31
23
YAMAHAR :
အမာခံလူတစ်စုနဲ့ရာသက်ပန်ပွဲကလို့မရဘူးဆိုတာကိုယ်တောင်ရေးတင်ဖူးပါတယ် ဆရာတစ်ခုခုကိုလုပ်မှရတော့မယ်ထင်ပါတယ်ဆရာ အခုဟာကငါ့စကားနွားရဖြစ်နေပြီ
2026-10-27 04:50:02
13
San Yay Ei 💦 :
မင်းသားလေးကို အားပေးလဲမပျက်ဘူး၊
မင်းသားသိက္ခာကျမယ့် အပြောဆို၊ အရေးသား ဘယ်တော့မပြောဘူး၊ မရေးဘူ။
ကိုယ့် focus သည် မင်းသား only မို့ပါ🥰
2026-10-26 16:12:24
111
🌸 Soe Moe Thiri 🌸 :
Interထိဒိုးကြမယ်ဆိုပြီး အားတတ်သရောကြွေးကြော်ထားခဲ့တာလေ အဲ့ဖွဲတဆုပ်စာလူတစုကြောင့်ပဲrunနေတဲ့ project တွေနားထားရပြီးအကြည်ဓာတိတေလျှော့ပါးလာတာ
2026-10-26 16:28:30
70
LA MIN :
ပရိတ်သတ်တွေက မင်းသားကို ချစ်လို့ သူ့အနုပညာကို ကြိုက်လို့အားပေးကြတာ မဟုတ်ဘူးလားဟင် မကြိုက်တော့လို့ မကြည့်တော့ရင်လည်း ဒီအတိုင်း နေလိုက်လို့ ရနေရဲ့သား နဲ့ ဘာလို့ ပို့စ်တွေ တင်ပြီး အားမပေးတော့ဘူး Fan ကနေထွက်တော့မယ်လို့ လိုင်းပေါ် တင်ပြောစရာလိုလို့လား ခုတလော ဒီလို ပို့စ်တွေ တက်လာလို့ မင်းသားကို တိုက်ခိုက်နေတဲ့လူတွေ ပိုဝမ်းသာ ကျေနပ်အောင်လုပ်နေကြသလိုပဲ
2026-10-26 21:41:41
41
စမ်းရေမိုးကို အစမလုပ်မိစေနဲ့ :
ပိုပီးအားပေးနေမှာပါ စိတ်ပျက်သွားမယ့်ထဲတော့ ဒီတစ်ယောက်မပါသေး
ထွက်သွားမယ့်သူတွေကိုတော့မတားလိုပါဘူး ဒါပေမယ့် ဒီမိသားစုက အမြဲတမ်းလမ်းဖွင့်ထားပီးကြိုဆိုနေမှာပါ ဘယ်ချိန်ပဲပြန်လာလာ တူတူအားပေးကြပါမယ် တချို့အချစ်တွေမှာ ဘာကြောင့်ချစ်တာလဲဆိုတာ အဖြေမရှိသလို အကို့ကို ဘာကြောင့်အားပေးဖစ်တာလဲဆိုတာ တိကျတဲ့အဖြေမရှိပါဘူး သေချာတာကတော့ အကို့ကိုအားပေးရင်းနဲ့မှ မြန်မာသီချင်းကြီးတွေ အကအလှတွေ ကို မအိပ်ချင်ပဲ အားပေးတက်လာတယ် ကြည့်ရတာအရသာရှိလာတယ်
2026-10-26 16:02:26
64
🦋🦋 Yurika 🦋🦋 :
အစကတည်းက မင်းသားလေးသဘောကျလို့ အပြင်ပွဲတွေကို အိပ်ရေးပျက်ခံ ငွေကုန်ခံပီး 7ည ကြည့်ဖူးပါတယ် ကိုယ်တွေက ဆုတွေ အများကြီးမချနိုင်တဲ့သူမို့ silent fan အဖြစ်ပဲနေပါတော့တယ် ခုလဲရွှေကြက်ယက်ကြည့်ဦးမှာပါ silent ပါပဲ
2026-10-26 16:37:23
40
Khin Pa Pa Aye :
စည်းတစ်ခုခြားမှရတော့မှာပါမင်မင်ရေ
အားနာတတ်ခြင်းကအားနည်းချက်ပါ၊တီတီတို့အသက်အရွယ်အတွေ့အကြုံအရတော့ဖြတ်သင့်တာကိုအားမနာဘဲရဲရဲတင်းတင်းဖြတ်ရဲပြောရဲရမယ်လို့မြင်ပါတယ်၊အားနည်းချက်ကိုအခွင့်ကောင်းယူနေတဲ့သူတွေကတော့ယူမှာဘဲ၊ကိုယ်တဒင်္ဂစိတ်ကျေနပ်ဘို့သာယာဘို့အတွက်ရှေ့တက်မဲ့သူလေးကိုချနင်းတယ်လို့မြင်ပါတယ်၊ဇာတ်ဆရာပြောသလိုဇာတ်ကိုသွားရှုပ်နေကြပြီ၊မင်မင်ရေ၊တို့ကတော့သမီးကိုဘဲတိုင်တည်ပြီးသမီးရဲ့postအောက်မှာဘဲရေးဖြစ်ပြောဖြစ်တာ၊များသွားရင်ဆောရီးနော်❤️
2026-10-26 16:51:48
17
P ᥫ᭡ :
ကိုကိုစမ်းရေမိုးနဲ့မှ စိတ်တွေပင်ပန်းရ ဒေါသတွေထွက်ရနဲ့ ဟီးဟီးဟားဟားကြူးကြတဲ့ပို့ကနည်းနည်း ရန်ဖစ်တဲ့ပို့ကခပ်များများ သူဘာလို့ဒီလိုလေးမျှောလိုက်နေတာလဲစဉ်းစားမရတေ့ာဘူး international ကို family type လက်တစုပ်စာနဲ့တက်ဖို့သူကြံရွယ်ထားလေသလား🥲
2026-10-27 00:14:14
7
梅图觉 :
ဒို့ကတော့တနယ်တကျေးကဆိုတော့ကိုယ်တိုင်တော့သွားပီးအားမပေးနိုင်ပေမယ့်လိုင်းပေါ်ကတော့တရက်မှအကြည့်မပျက်ဘူး
ကိုယ်ကဘာမှမတတ်တော့ဆရာလည်းဝင်မလုပ်ဘူး။စန်းရေမိုးပွဲကြိုက်တယ်ကြိုက်လို့ကြည့်တယ်။မကြိုက်တဲ့လူမကြည့်ဘူးကျော်တယ်။တယောက်တမျိုးဆိုဦးနှောက်စားတယ်။စန်းရေမိုးကိုကြည့်တော့သူပြုံးရင်ကိုယ်ပျော်တယ်ဒါဘဲ့။
2026-10-27 06:06:29
6
Smile :
မတူညီတဲ့ပတ်ဝန်းကျင်မှာစမ်းရေမိုးဆိုတဲ့အရာလေးကြောင့်စုဝေးဖြစ်ခဲ့ကြတာပါမင်းသားလေးကအမြင့်ကိုပျံသန်းဖို့ကြိုးစားနေသူမို့အသေးဖွဲလေးကစသူ့အတွက်အနှောက်ယှက်ဖြစ်နိုင်ပါတယ်တယောက်ကတော့အများဆန္ဒကိုလိုက်လျောဖို့ခက်နိုင်ပါတယ်အများကပဲနားလည်ပေးကြပါအမြဲအားပေးနေမှာမို့အကုန်းလုံးကိုမင်းသားလေးအတွက်တောင်းဆိုပါတယ်နော်
2026-10-27 03:03:45
6
July_Blooms :
လူငယ်မဟုတ်တဲ့ အမလည်း ..Fangirl life နေရာစုံ ကျင်လည်ခဲ့ပြီမို့ နားနေချိန် မှာပဲ ..ဒီ ရှားပါး ပြည်တွင်းဖြစ် လေးတော့ နောက်ဆုံးတစ်ယောက် အနေနဲ့ ဝန်းရံ အုံးမှာပဲ ဆိုပြီး Fangirl life ထဲ come back ပြန်လုပ်လာတာ..တစ်နေ့ တစ်နေ့ မမြင်အောင် ကျော်လိုက် ခွလိုက် နဲ့ နေလာသမျှ ..ဟော ပြသန ာ ကိုယ်နဲ့ အနီးဆုံးကို ရောက်လာပြန်တယ် …တကယ်စိတ်ပင်ပန်းရပါတယ် …လွတ်မချနိုင်သေးလို့သာ…
2026-10-26 17:02:58
12
Nan Yadanar Saw :
ဘာပဲဖြစ်ဖြစ်မင်းသားလေးကိုအားပေးနေဦးမှာပါပဲ အခုမင်မင်ပြောထားသလိုပြောချင်ပေမယ့်လဲကိုယ်ကဘာမဟုတ်တဲ့fanအသေးစားလေးမို့မပြောရဲပါဘူး မင်းသားကိုတကယ်ချစ်တယ်ဆိုရင်ဆင်ခြင်ပေးကြသင့်ပါတယ်
2026-10-26 16:24:45
15
N :
အရေးပါအရာရောက်ချင်ကြတဲ့အတ္တတွေကိုလျော့ပြီးတော့စည်းဘောင်တစ်ခုအတွင်းကမင်းသားကိုချစ်ပေးကြရင်ကောင်းမယ်နော်🥰🥰🥰
2026-10-26 16:27:51
20
Khaing Lay :
ဘာလို့စိတ်ပျက်ရမှာလည်းမင်းသားလေးနဲ့အတူဇာတ်တဖွဲ့လုံးကတော်ပြီးသားဘယ်တော့မှစိတ်မပျက်ဘူးချစ်မြဲချစ်လျှက်ဘဲ
2026-10-26 16:25:26
19
YesIaM :
အားလျော့မဲ့အပြုအမူအပြောအဆိုထက် ပြုပြင်ဖို့အတွက် အပြုသဘောဆောင်တဲ့ တိုက်တွန်းမှုတွေ ဝေဖန်မှုတွေနဲ့ စုပေါင်းတွန်းကြပါ ဒီဇာတ်မှာ ဇာတ်ဆရာက အခရာဆိုတော့ သူ့နားထဲရောက်အောင်ပြောကြပါ ပြောလို့မှမရရင်တော့လည်း လွှတ်ချသင့်လွှတ်ချပေါ့
2026-10-26 16:19:04
5
Boke :
Stream နေတယ်နော် international ထသွားချင်တဲ့ မင်းသားလေးနဲ့ international ကိုတွန်းပို့နိုင်တဲ့ပရိတ်သတ်များဆုံကြပါစေ လူငယ်ဖန်တွေကိုအဝေးတွန်းထုတ်တဲ့ အပြုအမူတွေနဲ့လဲဝေးအောင် ရှောင်နိုင်ကြပါစေ
2026-10-26 15:54:36
16
NuNu :
အဝေးကနေ ချစ်နေပေးလိုက်တော့မယ် ကိုယ် ချစ်လာရတာ 2016 ခုနှစ်က စလို့ပေါ့
2026-10-26 22:44:24
7
Magnolia :
ကိုယ်တို့ကအပြင်လူအနေနဲ့ကြည့် ပြီး အရင်ကမကြည့်တဲ့ဇာတ်ကို ဒီတခါတော့ ကမ္ဘာသိရမဟဲ့ဆိုပြီး အားပေးတာပါ Inter fan တွေအတိုင်းဒီကလူတွေကိုဖြစ်စေချင်သော်လဲ အငယ်ကတမျိုး အကြီးကတမျိုး mindset တွေက ဇာတ်ဆိုဒီလိုအားပေးရတယ် ဆိုတာမျိုး ပြင်လို့မရဖြစ်ပုံဘဲ ရိုးရိုးသားသားပြောရရင် feeling disappointed ပဲ
2026-10-26 16:02:04
7
SYM's Rainbloom _YAN :
အကြည်ဓာတ်အပြည့်ရလို့ဆိုပြီး ရောက်လာခဲ့မိတဲ့ ရပ်ဝန်းလေး
အကြည်ဓာတ်တွေ လျော့ပါးလာရလို့ တဖြည်းဖြည်း တစ်လှမ်းချင်း နောက်ဆုတ်ရင်း ဝေးကွာလာပါပြီ
2026-10-26 15:44:47
16
🍀Lwin Hnin Ko🍀 :
မင်းသားမြင်ပီး အမြန်ဆုံးဆင်ခြင်ပြောင်းလဲနိုင်ပါစေကွယ် စိတ်လဲတော်တော်ပင်ပန်းနေပါပီ🥹
2026-10-26 17:28:15
7
Cherry Cherry :
တသက်လုံး အားပေးသွားမဲ့ မင်းသားလေးပါ
2026-10-26 17:00:57
6
Moe Myint Thaw(ရွှေမန်းသူလေး) :
တဖြည့်ဖြည်းများလာပီ😥
အဲ့လူတစုကြောင့်🙃
ပွဲတစ်ခါကြည့်တစ်ခါ စိတ်ပျက်ရ
2026-10-26 16:32:10
6
🩷EimonLay♊🩷SYM🩵♋ :
IGမှာတော့ အမြဲတင်တယ်နော်မင်မင် ဆက်ပီးလည်းတတ်နိုင်တဲ့အားလေးနဲ့ဝန်းရံနေအုံးမှာပါ😍😍
2026-10-26 15:47:33
6
NyoNyo :
အမတို့က တော့ streaming ပေး နေမှာပါ။ fan အချင်းချင်းပွတ်တိုက်မှု့ လေး တွေကလည်း. ဒီလိုပါဘဲ. ဖြစ်တတ်ပါတယ်။
2026-10-27 09:19:54
3
To see more videos from user @sanyaymoesera, please go to the Tikwm
homepage.
© 2021-2026 TikWM. All rights reserved.