@chitthat9685432: . ✨ စိတ်ကို သတိဖြင့်စောင့်ရှောက် ~~~~~~~~~~~~~~~~~~~~~~~~~~~~ လူတွေက အမြဲတမ်း ပြဿနာတစ်ခုခုကို ဖြေရှင်းနေရတယ်။ ပြဿနာတစ်ခု ပြီးသွားရင် နောက်တစ်ခု ပေါ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကိုက မလေ့ကျင့်ထားလို့ပဲ။ စိတ်ဆိုတာ မလေ့ကျင့်ရင် မျောက်လိုပဲ၊ တစ်ကိုင်းပြီး တစ်ကိုင်း ကူးနေ ခုန်နေမယ်၊ ငြိမ်တယ်ဆိုတာ မရှိဘူး။ အဲဒီမငြိမ်တဲ့ စိတ်နဲ့ပဲ အလုပ်တွေလုပ်တယ်၊ ဆက်ဆံတယ်။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ စိတ်ဆင်းရဲမှုတွေ၊ ပူပန်မှုတွေက နောက်ကနေ အမြဲတမ်း လိုက်လာတယ်။ တချို့လူတွေက ထင်ကြတယ်၊ "ငါ ငွေတွေအများကြီးရရင်၊ အိမ်ကြီးအိမ်ကောင်းနဲ့ နေရရင်၊ ရာထူးတွေကြီးရင် ချမ်းသာမှာပဲ၊ အားလုံး အဆင်ပြေသွားမှာပဲ" လို့ ထင်ကြတယ်။ တကယ်တော့ အဲဒါ လောကကြီးကို မှားပြီး မြင်နေတာပဲ။ ပြင်ပအခြေအနေတွေ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ကိုယ့်ရဲ့စိတ်ထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေ ရှိနေသမျှ ကာလပတ်လုံး ဘယ်တော့မှ စိတ်ချမ်းသာစရာ မရှိဘူး။ တိုက်ခန်းကျဉ်းလေးထဲမှာ နေရရင်တောင် စိတ်ထားတတ်ရင် ချမ်းသာသလို၊ တိုက်ကြီးတာကြီးတွေနဲ့နေပြီး စိတ်မချမ်းသာတဲ့သူတွေလည်း အများကြီးပဲ။ တကယ်တမ်း လုပ်ရမယ့်အလုပ်က အပြင်လောကကို လိုက်ပြီး ပြင်နေဖို့ မဟုတ်ဘူး။ ကိုယ့်ရဲ့စိတ်ကို ပြင်ဖို့၊ ကိုယ့်ရဲ့စိတ်ကို လေ့ကျင့်ဖို့ပဲ ဖြစ်တယ်။ တရားထိုင်တယ်ဆိုတာလည်း တခြားမဟုတ်ပါဘူး၊ ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်တာပါပဲ။ စိတ်က ဘယ်ကိုပြေးနေလဲ၊ ဘာတွေတွေးနေလဲ၊ လောဘတွေ တက်နေလား၊ ဒေါသတွေ ထွက်နေလားဆိုတာကို သတိနဲ့ အမြဲတမ်း စောင့်ကြည့်နေရတယ်။ သတိဆိုတာ အလွန်အရေးကြီးတယ်။ သတိမရှိရင် ကိုယ်ဘာလုပ်နေမှန်း ကိုယ်မသိဘူး။ မသိတော့ အမှားတွေ ကျူးလွန်မိတယ်။ စကားတွေ မှားပြောမိတယ်။ စိတ်ဆိုးစရာကြုံလာရင် တန်းပြီး ဒေါသထွက်လိုက်တယ်။ အဲဒီလို ဒေါသနဲ့ တုံ့ပြန်လိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် မီးနဲ့ရှို့နေတာနဲ့ အတူတူပဲ။ သူများကို ဒုက္ခပေးချင်လို့ ဒေါသထွက်လိုက်ပေမဲ့ ပထမဆုံး ဒုက္ခရောက်သွားတာက ကိုယ့်ရဲ့စိတ်ပဲ။ ဒါကြောင့် ဘာပဲလုပ်လုပ် သတိလေးနဲ့ လုပ်ပါ။ တစ်ယောက်ယောက်က ကိုယ့်ကို မကောင်းတာပြောရင်တောင် တန်းပြီး မတုံ့ပြန်လိုက်နဲ့ဦး။ ခဏလေး ရပ်ပြီး စဉ်းစားကြည့်... "ဒီစကားက ငါ့ကို ဘာဖြစ်စေလဲ၊ ငါ့စိတ်ကို ဘာလို့ ပူလောင်စေတာလဲ" လို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ။ စိတ်ကို ထိန်းနိုင်ပြီဆိုရင် ပြဿနာဆိုတာ မဖြစ်တော့ပါဘူး။ တရားဆိုတာ ကျောင်းမှာထိုင်ပြီးမှ လုပ်ရတာမျိုးချည်း သက်သက် မဟုတ်ပါဘူး။ ကိုယ့်ရဲ့နေ့စဉ်ဘဝ၊ အလုပ်လုပ်တဲ့အခါ၊ လူတွေနဲ့ ဆက်ဆံတဲ့အခါ, စားတဲ့အခါ၊ သွားတဲ့အခါမှာ စိတ်ကို သတိနဲ့ထားပြီး နေတတ်တာဟာ တရားပါပဲ။ လူ့ဘဝဆိုတာ တိုတိုလေးပါ။ မကြာခင်မှာ အားလုံး သေကြရမှာချည်းပါပဲ။ အဲဒီလို သေရမယ့်ဘဝမှာ အချိန်တွေ အများကြီးကို စိတ်ဆိုးဖို့၊ မုန်းဖို့၊ မနာလိုဖို့နဲ့ ပူပန်ဖို့အတွက် မသုံးသင့်ပါဘူး။ ကိုယ့်စိတ်ကို ကျေနပ်အောင်၊ ငြိမ်းချမ်းအောင် ဘယ်လိုထားရမလဲဆိုတာကိုပဲ အဓိက လေ့ကျင့်သွားကြပါ။ ကိုယ့်စိတ်ကိုယ် ငြိမ်းချမ်းအောင် ထားနိုင်တဲ့သူဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူပါပဲ။ ဘယ်သူကမှ လာပြီး ဒုက္ခမပေးနိုင်တော့ဘူး။ ဒါကြောင့် စိတ်ကို အမြဲတမ်း သတိဖြင့် စောင့်ရှောက်ပါ၊ လေ့ကျင့်ပါ။ .မူရင်း# 🪷 ဆရာတော်ဦးဇောတိက 🪷 မဟာမြိုင်တောရ ပြန်လည်မျှဝေပါသည်။ 💕ချစ်သက်💕
chitthat9685432
Region: SG
Monday 26 October 2026 20:14:39 GMT
Music
Download
Comments
user9724342811703 :
ဟုတ်ကဲခဗျာကျနော်သတိရှိပါတယ်ဒါပေးမဲအကောက်ပိုင်ရှင်လေတောဘယ်တောမမေ့နှိင်ဘူ
ဆိုတာလက်ခံလိုက့်ပါကျနော်ဘဝမှာတောအကောက်ပိုင်ကိုဘဲချစ်တယ်ဆိုးတာခဗျာသိပါ
လိမ်းမယ်ဒါပေးမဲအကောက်ပိုင်ကိုဘယ်တောမမေ့ဘူးဆိုးတာခဗျာသိဘိုရာကျနော်ချစ်လဉ်းချစ်တယ်နော်
2026-10-26 21:10:12
2
U Kyaw :
🥰🥰🥰🥰ရင်ဘက်ကစကာေပြာ🥰🥰🥰🥰မိုက်တယ်🥰🥰🥰အာေပးပါတယ်ချစ်ညိမ🥰🥰အိုေက
2026-10-27 14:22:04
1
ThanThanMi :
🙏
2026-10-27 15:51:58
1
1963 born :
ကျေးဇူးတင်ပါတယ်
2026-10-27 14:17:40
1
Ye' Lin :
ဟုတ်ကဲ့ကြိုးစားပမယ်
2026-10-27 13:20:30
1
koMyo :
🤭🤭🤭ဟုတ်ကဲ့စောင့်ရှောင်ပံ့မယ်ဆရာမရယ်👍👍👍👍👍🥰🥰
2026-10-27 05:27:24
1
Ko Choon :
2026-10-27 10:07:25
1
🪷Hôñëy🍁Mævēry🍂♉ :
🤍🥰
2026-10-27 08:08:39
1
Khin Mar Cho :
ဟုတ်ကဲ့ပါရှင်ကျေးဇူးပါရှင်
2026-10-27 14:24:44
1
U Kyaw :
🥰🥰🥰🥰🥰အာေပးပါတယ်ချစ်ညိမ🥰🥰မိုက်တယ်ကြိုက်တယ်🥰🥰🥰
2026-10-28 02:31:52
0
TK ATIN :
ကျေးဇူးပါ
2026-10-27 15:49:14
0
U Kyaw :
မှတ်😂ေကာင်ပါတယ်😏😂အာေပပါတယ်😳ရပ်😳😅😌ညိမ
2026-10-27 10:49:20
1
kolatt..မေပုလဲချိုဖေဖေပါ :
မမရယ်လူကိုယ်တိုင်ပြည့်စုံပြီးစိတ်ကလဲးချမ်းသာမယ်ဆိုရင်ဖငြ့်ပိုကောင်းမှာပဲနော်
2026-10-26 23:24:14
1
ZYMH :
👍👍👍
2026-10-27 23:05:16
1
U Kyaw :
😁😁😁
2026-10-27 10:46:22
1
Da Na Taung :
🥰🥰🥰
2026-10-27 08:43:39
1
Aye Gyi :
🥰🥰🥰
2026-10-27 04:49:31
1
မောင်တော်💚 :
🥰🥰🥰
2026-10-27 06:15:18
1
Ko Gyi :
🥰🥰🥰🥰🥰
2026-10-27 05:04:47
1
Phone Thet Naing :
🥰🥰🥰🥰🥰🥰🥰🙏🙏🙏🙏🙏🙏🙏
2026-10-27 06:25:36
1
BiBi :
🥰🥰🥰
2026-10-27 06:31:12
1
user9724342811703 :
@
2026-10-26 21:10:18
2
Myo Zaw Aung 884 :
🥰🥰
2026-10-27 03:46:44
1
To see more videos from user @chitthat9685432, please go to the Tikwm
homepage.