@lifewitajjj:

AJ
AJ
Open In TikTok:
Region: US
Tuesday 27 October 2026 01:35:37 GMT
491
61
1
0

Music

Download

Comments

kynlee.whitehead0
Kynlee whitehead :
My parents never told me that so when someone says they’re proud of me my heart go warm
2026-10-27 05:02:38
0
To see more videos from user @lifewitajjj, please go to the Tikwm homepage.

Other Videos

##ထားခဲ့တော့မလို့လား ?  နေခဲ့မယ်နော် ။ ဒါပေမယ့် တစ်ခုပဲ ဖြေခဲ့ပေးပါ ။  ခဏလေး မျက်လုံးမှိတ်ပြီး တွေးကြည့်ပေးပါ  ကျ တော် ကြောင့် မပျော်ခဲ့ရဖူးဘူးလား  ကျ တော် ရပ်နေသမျှ တစ်လျှောက်လုံး  အတတ်နိုင်ဆုံးတော့ မင်း အတွက်တွေးပေးခဲ့ပါတယ် ။ အများကြီး မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးဆိုရင်တောင် အတတ်နိုင်ဆုံးတော့ ကိုယ်ခက်ခဲနေလည်း မင်းအတွက်ဆိုပြီး ရှေ့တန်းတင်ခဲ့တာပါ ။ အဆင်ပြေပါတယ်ဆိုတဲ့ စကားတွေ တဖွဖွ ပြောခဲ့တဲ့ ကျွန်တော်ဟာ လက်တွေ့တွေမှာကျတော့ ဘာတစ်ခုမှ အဆင်ပြေနေတာတော့ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် နှစ်ယောက်အတူ စကားပြောနေခွင့်ရှိတဲ့အချိန်မှာ အနည်းဆုံးတော့ ပျော်စရာတွေချည်း ပေးချင်ခဲ့တာပါ ။ မင်းဖုန်းလေးလာရင် ဘယ်လောက်မအားနေပါစေ အားပါတယ်ဆိုတဲ့ စကားလေးပဲ သုံးခဲ့တယ် ။ မင်းစိတ်လိုလက်ရဆက်တဲ့ဖုန်းတွေကို အလွတ်မပေးချင်ခဲ့တာလေ ။ ထမင်းစားနေရင် ထမင်းစားတာ ရပ်ထားတတ်တယ် ။ မီးအားသွင်းထားရင် အားသွင်းကြိုးတန်းလန်းနဲ့ စကားပြောနေတတ်တာ ပါ။ အများကြီးပေါ့ နေရာတကာမှာ မင်းပြီးမှပဲ ကိုယ့်ကိုယ်ကိုယ် အတွက်တွေးဖြစ်ခဲ့တာပါ ။ ဘယ်အရာမှာမဆို ဂရုတစိုက်ရှိပေးခဲ့သလို ဘယ်အရာကိုမဆို အလေးအနက်ထားခဲ့တာတော့ ယုံပါ ။ အများကြီး မဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် တတ်နိုင်တာထက် ပိုပြီးတော့ မင်းအတွက်ဆိုပြီး လုပ်ပေးခဲ့ဖူးတာကိုတော့ ယုံပါ ။ ဘယ်လောက်ပဲတားတား နောက်ဆုံး မင်း ထားပြီး ထွက်သွားတော့မှာပဲ မဟုတ်လား ။ ဒီလူကြောင့် မပျော်ခဲ့ရဖူးဘူးဆိုရင်တော့ ဒီလူကက မချစ်တတ်ခဲ့တာလို့ပဲထားပါ ။ တကယ်တမ်းကျတော့ သိပ်ချစ်ပါတယ် ။ ပျော်ခဲ့ဖူးတယ်ဆိုရင်တော့  လုပ်ပေးခဲ့တာတွေ အလဟသမဖြစ်တော့ဘူးပေါ့ ။  မျိုသိပ်ခဲ့ရတာတွေ  ထိန်းချုပ်ခဲ့ရတာတွေ နောက်ဆုံး  ငိုခဲ့ရတာတွေ အလကား မဖြစ်တော့ဘူးပေါ့ ။ ဟုတ်တယ်မလား ။ တကယ်ပဲ အနားမှာ တစ်သက်လုံး ပျော်အောင် ထားချင်ခဲ့တာပါ ။ ဒါပေမယ့် ချန်ခဲ့လဲ ရပါတယ်....

About