@moemoethwe777: “ငါ့ကို နားလည်ချင်ရင် ငါစီးတဲ့ဖိနပ်ကို စီးပြီး ငါလျှောက်သလို လျှောက်ကြည့်ပါ…”တဲ့ ။ စာကြောင်းလေးက ရိုးရိုးလေးပါပဲ ။ ဒါပေမယ့် လူတစ်ယောက်ရဲ့ဘဝကို နားလည်ဖို့ ဘာကြောင့် ခက်ခဲသလဲဆိုတာ အတော်လေး ပြောပြနေတယ် ။ ဘဝဆိုတာ လူတိုင်းအတွက် တစ်ပုံစံတည်း မဟုတ်ဘူး။ တချို့က အဆင်ပြေတဲ့နေရာကနေ စတင်ကြတယ်။ တချို့ကတော့ ဘာမှမပြည့်စုံတဲ့နေရာကနေ ရှိတာလေးနဲ့ ရှေ့ဆက်ဖို့ ကြိုးစားကြတယ် ။ တချို့လူတွေက သူများတစ်လနဲ့ ရနိုင်တဲ့အရာတစ်ခုကို ရဖို့ လပေါင်းများစွာ ကြိုးစားရတတ်တယ် ။ ဒါပေမယ့် အပြင်ကနေ ကြည့်တဲ့သူအတွက်တော့.... “ပိုက်ဆံမရှိတာ မကြိုးစားလို့…” “အလုပ်မလုပ်လို့…” “ငါ့လိုသာ ကြိုးစားရင် ဒီလိုဖြစ်မှာမဟုတ်ဘူး…”လို့ ပြောလိုက်ရတာ လွယ်တယ် ။ တကယ်တော့.... သူ့မှာလည်း အိပ်မက်ရှိတယ်၊ မျှော်လင့်ချက်ရှိတယ် ။ သူ့ဘဝကို သူတတ်နိုင်သလောက် တည်ဆောက်နေတယ် ။ တစ်ချို့လူတွေက ကိုယ့်ထက် အခြေအနေ နိမ့်ပါးနေတဲ့ သူကို တွေ့ရင် လက်တွဲပေးဖို့ထက် နှိမ်ချင်ကြတယ် ။ နေရာပေးဖို့ထက် နေရာမရအောင် လုပ်ချင်ကြတယ် ။ အမှန်တော့…. မပြည့်စုံတာနဲ့ မကြိုးစားတာဟာ အဓိပ္ပါယ်မတူဘူး ။ လူတိုင်းရဲ့ အစမှတ်တွေ မတူကြဘူး ။ လူတိုင်းရဲ့ အခွင့်အရေးတွေ မတူကြဘူး ။ လူတိုင်းရဲ့ တာဝန်ဝတ္တရားတွေ မတူကြဘူး ။ လူတိုင်းရဲ့ လမ်းအရှည်တွေ လည်း မတူကြဘူး ။ ကိုယ့်အတွက် ခြေလှမ်းတစ်လှမ်းက လွယ်ကူနေနိုင်ပေမယ့် သူ့အတွက်တော့ အဲ့ဒီတစ်လှမ်းကို လှမ်းနိုင်ဖို့တောင် အကြိမ်ကြိမ်ကြိုးစားနေရတာ ဖြစ်နိုင်တယ် ။ ကိုယ်က တစ်နေ့ကို အလုပ်တစ်ခုနဲ့ ရုန်းကန်နေရချိန်မှာ.... တစ်ယောက်ယောက်က မိသားစုအတွက် အလုပ်နှစ်ခု၊သုံးခုကို တစ်ပြိုင်နက်တည်း ထမ်းထားရနိုင်တယ် ။ မပြည့်စုံတဲ့ဘဝတွေထဲမှာလည်း တတ်နိုင်သလောက် မနားတမ်း ကြိုးစားနေတဲ့လူတွေ အများကြီးရှိပါတယ် ။ သူ့အပြုံးနောက်မှာ ဘာတွေရှိနေသလဲ...?? သူ့တိတ်ဆိတ်မှုနောက်မှာ ဘယ်လောက်ကြာကြာ ရုန်းကန်ခဲ့ရသလဲဆိုတာ အပြင်ကနေ ကြည့်ရုံနဲ့ မသိနိုင်ဘူး ။ အထူးသဖြင့် ကိုယ့်ထက် အခြေအနေနိမ့်ပါးနေတဲ့သူတစ်ယောက်ကို တွေ့တဲ့အခါ.... နှိမ်ချဖို့ထက် ဖေးမပေးနိုင်ရင် ပိုကောင်းမယ် ။ နေရာမပေးချင်တာထက် နေရာတစ်ခု ဖန်တီးပေးနိုင်ရင်ပိုတန်ဖိုးရှိမယ် ။ ဒီနေ့ သူက ကိုယ့်နောက်မှာ ရှိနေတာဟာ မနက်ဖြန်လည်း အဲ့ဒီနေရာမှာပဲ ရှိနေမယ်လို့ မဆိုလိုဘူး ။ လူတစ်ယောက်ရဲ့ လက်ထဲမှာ ဒီနေ့ ဘာရှိသလဲဆိုတာထက် အဲ့ဒီအရာတွေ ရဖို့သူဘယ်လောက် လမ်းလျှောက်ခဲ့ရသလဲဆိုတာကို ပိုနားလည်ပေးဖို့ အရေးကြီးတယ် ။ ကိုယ်က အဆင်ပြေတဲ့နေရာကို ရောက်နေပြီဆိုရင်..... အောက်မှာ ရုန်းကန်နေတဲ့သူကို တတ်နိုင်သလောက် လက်ကမ်းပေးစေချင်တယ် ။ အနည်းဆုံးတော့ စိတ်ဓာတ်ကျအောင် မပြောမိဖို့ပဲ ။ ဘာလို့လဲဆိုတော့ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းက သူ့အတွက် ရှေ့ဆက်ဖို့ အားတစ်ခု ဖြစ်နိုင်သလို.... နောက်ဆုတ်သွားဖို့ အကြောင်းတစ်ခုလည်း ဖြစ်နိုင်လို့ပါပဲ ။ လူတိုင်းရဲ့ ဖိနပ်တွေက မတူပါဘူး ။ လူတိုင်းရဲ့ သွားရမယ့် လမ်းတွေကလည်း မတူကြပါဘူး ။ ကိုယ့်ဘဝက အဆင်ပြေနေတာဟာ..... ကိုယ်တစ်ယောက်တည်း ပိုကြိုးစားလို့ ဖြစ်နိုင်သလို ကိုယ်ရခဲ့တဲ့ အခွင့်အရေးတွေ၊ အခြေအနေတွေကလည်း တိတ်တဆိတ် ကူညီပေးနေတာ ဖြစ်နိုင်ပါတယ် ။ ကိုယ့်ခြေရာနဲ့ တစ်ပါးသူရဲ့ခြေရာတွေကို မတိုင်းပါနဲ့ ။ လူတိုင်းမှာ လျှောက်လာရတဲ့လမ်း မတူနိုင်ကြလို့ပါ ။ ဒါကြောင့်..... သူ့ဖိနပ်ကို မစီးဖူးသေးသရွေ့ သူ့ခြေလှမ်းကို အလွယ်တကူ မဆုံးဖြတ်မိဖို့ပါပဲ ။ ကိုယ်က တစ်နေ့မှာ နေရာရခဲ့တဲ့သူဖြစ်ရင်..... တစ်ချိန်က နေရာမရသေးတဲ့သူတွေကို နေရာပေးတတ်တဲ့သူ ဖြစ်ပါစေလို့ ဆန္ဒပြုရင်း.... ဒီစာစုလေးကို မျှဝေပေးလိုက်ပါတယ် ။ #𝐂𝐫𝐞𝐝𝐢𝐭#foryou #fypシ゚viral🖤tikto@Zar Ni Zin
Moe Moe Thwe
Region: MM
Tuesday 27 October 2026 03:05:11 GMT
Music
Download
Comments
Moe Moe Thwe :
ယောက်ကျားတွေအရက်ဘီယာသောက်ခေါ်ရင်တောင်မကြိုက်တဲ့ကျမဘယ်လိုမိန်းမတွေကအရက်ဘီယာသောက်ဖို့လာခေါ်နေတာလဲစဉ်းစားမရဘူး😏🤧
2026-10-27 03:08:22
487
zinthannwe :
သူငယ်ချင်း ဆိုတာတွေကပိုဆိုးတယ် သူငယ်ချင်းဆိုတဲ့စည်းတောင်မထားဘူး အတင်းကိုလိုချင်နေတာတွေကရှိသေး
2026-10-27 03:17:01
29
Win Latt :
[Red heart]
2026-10-27 12:20:28
0
Thaung Thaung :
ပြောပြစ်သမီးကြိုက်တယ်ကိုကလေးတွေနဲ့မိသားစုအတွက်
2026-10-27 04:34:17
39
မိမိအေး ၂ :
ငါ့သမီးရေ မိန်းကလေးတွေကစတဲ့ဇာတ်လမ်းတွေကပိုများတယ်😌
2026-10-27 03:13:50
66
Phyo Ei :
ညီမတော့ အဲ့လိုကမြင်းနေတဲ့ယောကျာ်းဆွဲမထားဘူး သံသယထားပြီးနေရတာလဲပူလောင်တယ် အဲ့တော့လွှတ်ချထားလိုက်တာပိုကောင်းတယ် အချိန်တန် နင်ဘာလဲငါဘာလဲသိသွားတာပေါ့
2026-10-27 05:15:05
17
Wendy :
အမျိုးသားက အသက်ကြီးလာလေ ပိုအပေါင်းအသင်းမင်လေ ပဲ၊ သူကိုယ်တိုင်က စည်းကမ်းမရှိတော့ သူ့အပေါင်းအသင်းတွေကဖျက်ဆီးတဲ့ အတိုင်း ပျက်ဆီးတယ်၊ သူ့ဖုန်းကိုမျက်လုံးနဲ့တောင် ကြည့်လို့မရဘူး ကိုင်ဖို့တော့ဝေလာဝေးပါ။ အဲ့ထဲက ဒီလူ လမ်းမှားရောက်နေမှန်းသိခဲ့ပြီးသားပါ။ စည်းကမ်းနဲ့စနစ်တကျနေတဲ့ အိမ်ထောင်ရှင်မကို အမျိုးမျိုး အပြစ်ရှာတာ သူ့ သူငယ်ချင်းတွေကလည်း အိမ်ထောင် ပျက်အောင်အထိ မြှောက်ပေးကြတယ် ဖျက်ဆီးကြတယ် ညီမလေးရေ။
2026-10-27 07:09:57
13
Emily🌻 :
သူငယ်ချင်းတွေနဲ့တောင်မတွေ့အားတဲ့ ဆရာကို ခေါ်တယ်တဲ့ ။တို့လိုအားယားနေတဲ့သူကျမခေါ်ဘူး ကမတွေကစိတ်ဓာတ်ပဲ🫢
2026-10-27 03:29:23
43
Maymiko :
ဘာသာရေး အားနဲလာတယ်
ချမ်းသာဖို့ဆို စောင့်ထိန်းဖို့နေနေသာသာ ဘယ်လိုနည်းနဲ့ရရလိုက်ချငိကြတယ်
2026-10-27 05:05:13
12
Shin Thant may may :
အဲလိုပြောရင်မိန်းမချင်းကိုယ်ချင်းမစာဘူးပြောကြအုန်းမယ်။အစ်မပြောတဲ့မိန်းမမျိုးတွေ တွေ့ဖူးမြင်ဖူးနေလို့ပါ
2026-10-27 09:22:49
5
zinzin :
👍👍👍
2026-10-27 11:16:33
1
Phyu Lay :
ဟုတ်တယ်။ကိုယ်လင်ကိုယ်မယားအဆင်ပြေပြီးချစ်နေရင် မနာလိုပြီးကိုယ့်စိတ်ကိုဆွနေတဲ့သူတွေကရှိပြီးသား အဲ့ဒါကလဲမိန်းမချင်းနော်။ကိုယ့်စိတ်နဲ့မတူလို့အံသြရတာခဏခဏပဲ။
2026-10-27 04:49:33
7
Cho Cho Oo :
ညီမတို့ဆိုင်တော့အရက်ရောင်းပေမဲ့ ဘယ်သူ့ကိုမှတိုက်တိုက်တွန်းတွန်းမရောင်းဖြစ်ဘူးမမရေ ဖြတ်ဖို့ လျှော့ဖို့ပြောပြီးတော့ကိုရောင်းတာမမ အကုသိုလ်အလုပ်မို့ အကုသိုလ်ထပ်ဖြစ်မဲဲ့အလုပ်တွေ မလုပ်ချင်တော့တာပါ ဖြစ်နိုင်ရင် ဆိုင်မှာတောင်မှ အရက်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည် လို့ ရေးပြီးတော့ကို ဆိုင်းဘုတ်တပ်ထားချင်တာ ပိုတယ်ဖြစ်မှာစိုးလို့ တခြားလုပ်ငန်းပြောင်းဖို့လည်း သားအမိတွေ ကြိုးစားနေတာပါ မမရဲ့ပြောစကားနဲ့ စာလေးတွေကိုအမြဲဖတ်ရှုနေသူဖြစ်ပါတယ်ရှင့် အခုခေတ် တိုးတက်လာတာနဲ့အမျှ ဆုတ်ယုတ်တာတွေလည်းပေါသလို ပတ်ရှုပ်နေတာ စည်းကမ်းတွေလည်းမရှိကြဘူး သူများယောက်ျားpostအောက်မှာလည်း comရိုးရိုးမရေးကြ စိတ်မခိုင်သူအချင်းချင်းလည်းတွေ့ရော ဖောက်ပြန်တာတွေဖြစ်ကုန်ရော ခေတ်ကိုက မကောင်းတော့ဘူးဖြစ်နေတာ ညီမတို့တော့အပျိုတုန်းကလည်း ဘယ်ယောက်ျားနဲ့မှ မပတ်သက်သလို စကားစမြည်တောင်မပြောဘူး အခုအိမ်ထောင်ကျတော့လည်း ပိုပြီးထိန်းထိန်းသိမ်းသိမ်းနေဖြစ်တယ်မမရေ
2026-10-27 03:40:48
5
Ma Ma Thae Thae :
မှန်တယ်အစ်မရေခုခေတ်မိန်းကလေးတွေကိုနားမလည်နိုင်တဲ့အထိအံ့ဩမိပါတယ်
2026-10-27 04:38:54
9
Linn Thit Collection :
လူ့စည်း လူ့ကျင့်ဝတ် နားမလည်တယ့်အတန်းအစားတွေ သူတပါးမိသားစုကိုဖြိုခွဲဖို့ပဲ အလွယ်လမ်းလိုက်နေတယ့် မိန်းကလေးတွေ တူသောအကျိုးပေးအုံးမှာ
2026-10-27 04:18:13
18
S :
🥰🥰
2026-10-27 11:14:12
1
Phyu Lay :
သောက်တတ်ယောက်ကျားအရက်မသောက်တော့တာ/ပြတ်သွားတာ သူ့ဇနီးမယားတွက် အဘိုးမဖြတ်နိုင်တဲ့မဂ်လာတပါးပါ ရှင်🥰🥰🥰🥰🥰🥰ဘာနဲ့မှမလဲနိုင်တဲ့လက်ဆောင်လေ🥰🥰
2026-10-27 05:03:44
5
မိုး :
❤️❤️
2026-10-27 10:27:38
1
ZNH :
ဝါကျွတ်ပြီဆိုရင် လာကန်တော့လို့
ပြောလိုက်ပါလား ညီမလေးရေ
2026-10-27 04:27:50
5
Kyaw Soe Win :
လေးစားပါသည်🥰🥰🥰
2026-10-27 10:19:39
1
kyalsin0616 :
right
2026-10-27 10:42:27
1
THU. THU :
အမှန်ပါ မမရေ
2026-10-27 10:28:07
1
ပန်းဧကရီ :
🥰🥰
2026-10-27 09:09:39
1
✞︎✞︎𝒩ℯ𝓎𝓂𝒶𝓇✞︎✞︎ :
ok
2026-10-27 09:24:21
1
Sweet Cho :
2026-10-27 09:03:27
1
To see more videos from user @moemoethwe777, please go to the Tikwm
homepage.