@xiyan669: လက်လွှတ်ခြင်း… 🥀 ------------------------------|အေးရိပ်ညို မင်းကို ချစ်တဲ့စိတ်နဲ့ မင်းကို ပိုင်ဆိုင်ချင်တဲ့ဆန္ဒကြားမှာ နောက်ဆုံးတော့ ကိုယ်ကပဲ အရှုံးပေးခဲ့ရတယ်။ မင်းနဲ့နီးဖို့ ကြိုးစားတိုင်း မဖြစ်နိုင်ခြင်းတွေက တားဆီးနေခဲ့ပြီး မင်းကို လက်လွှတ်ဖို့ ကြိုးစားတိုင်း အချစ်တွေက ပြန်ဆွဲထားခဲ့တယ်။ နောက်ဆုံးမှာတော့ မင်းအတွက် အချစ်ဆုံးလူ ဖြစ်ချင်ခဲ့သူက မင်းဘဝထဲကနေ တိတ်တိတ်လေး ထွက်သွားပေးခဲ့ရတယ်။ ကိုယ်က မင်းကို မချစ်တော့လို့ ထွက်သွားတာ မဟုတ်ဘူး… မင်းပျော်ရွှင်ဖို့အတွက် ကိုယ်မရှိပေးသင့်တော့ဘူးလို့ နာကျင်စွာ နားလည်လိုက်ရတာပါ။ တစ်နေ့ မင်းပျော်ရွှင်နေတဲ့အခါ ကိုယ်မရှိတာကို မခံစားရပါစေနဲ့။ ကိုယ်မင်းကို လွမ်းနေသလို မင်းလည်း ကိုယ့်ကို လွမ်းနေဖို့ မလိုပါဘူး။ မင်းဘဝမှာ ကိုယ်က မဖြစ်နိုင်ခဲ့တဲ့ အချစ်တစ်ခုသာ ဖြစ်ခဲ့ပေမဲ့ ကိုယ့်ဘဝမှာတော့ မင်းက တစ်သက်လုံး မေ့မရမယ့် အချစ်ဆုံးလူတစ်ယောက်ပါပဲ။ တချို့လူတွေကို အချစ်နဲ့ နီးကပ်ခွင့်ရခဲ့ပေမဲ့ မေတ္တာနဲ့ပဲ ဝေးကွာပေးခဲ့ရတယ်။ ကိုယ်တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းမှာ အတူတူပျော်ရွှင်ရတဲ့ အဆုံးသတ်မရှိခဲ့ပေမဲ့ မင်းအေးချမ်းဖို့အတွက် ကိုယ်တစ်ယောက်တည်း နာကျင်ပေးခဲ့တာကိုတော့ အချစ်လို့ပဲ သတ်မှတ်ထားချင်တယ်။ 🥀

𝐀𝐲𝐞𝐘𝐞𝐢𝐤𝐍𝐲𝐨
𝐀𝐲𝐞𝐘𝐞𝐢𝐤𝐍𝐲𝐨
Open In TikTok:
Region: MM
Tuesday 27 October 2026 09:56:55 GMT
7854
334
3
24

Music

Download

Comments

yz2145t5x
The Special One :
ဒီတခါတော့လက်ခံပါတယ်ကိုယ်ဘာလုပ်ပေးပေးအကောင်းပြောမခံရတာများလာတော့ပင်ပန်းလာတယ်
2026-10-27 12:12:59
1
may968744
Luna🌜 :
🥺🥺🥺
2026-11-01 13:58:03
0
moethiriswe97
Moe 😍 :
🥺🥺
2026-11-07 14:58:35
0
To see more videos from user @xiyan669, please go to the Tikwm homepage.

Other Videos


About