@lawyer.daw.thazin: လင်ခန်းမယားခန်း ပြတ်စဲခြင်းနှင့် ပတ်သက် ၍ သိထားသင့်သော ဥပဒေအချက်များ လင်မယား ဘယ်အချိန်မှာ ကွာရှင်းပြီးဖြစ်မလဲ ▪️ လင်မယား အတူမနေ၊ မထောက်မပံ့၊ အဆက်အသွယ်မလုပ်လျှင် လင်ခန်းမယားခန်း ပြတ်စဲလား။ ▫️ ဖြေ။ ။ မပြတ်စဲပါ။ တရားဝင် ကွာရှင်းခြင်းမရှိဘဲ သေကာမှ လင်ခန်းမယားခန်း ပြတ်စဲသည်။ ▪️ နှစ်ဦးသဘောတူပြီး ကွာရှင်းပြတ်စဲကြောင်း မြွက်ဟထုတ်ဖော်ပါက တရားဝင်ပြတ်စဲခြင်း ဖြစ်လား။ ▫️ ဖြေ။ ။ ပြတ်စဲခြင်းမြောက်ပါသည်။ သို့သော် ကွာရှင်းကြောင်း မြွက်ဟထုတ်ဖော်မှုအား အထောက်အထားပြနိုင်ဖို့ လိုအပ်သည်။ ဥပမာ - လူသက်သေ၊ စာသက်သေ၊ တခြားအထောက်အထားများ။ ▪️ ပြတ်စဲပြီးလို့ အတူပြန်လည်နေထိုင်ပါက လင်မယားပြန်ဖြစ်နိုင်လား။ ▫️ ဖြေ။ ။ လင်မယားပြန်ဖြစ်နိုင်သည့် အတူနေထိုင်မှုအပေါ် မူတည်ပါတယ်။ နှစ်ဦးသဘောတူ အကြင်လင်မယားအဖြစ် ခံယူပြီး အတူပြန်လည်ပေါင်းသင်းဆက်နွယ်ပါက လင်မယားပြန်ဖြစ်သည်။ ▪️ အိမ်တွင်းအကြမ်းဖက်မှု၊ ရက်စက်မှုအပေါ် ကွာရှင်းနိုင်ပါသလား။ ▫️ ဖြေ။ ။ လင်ဖြစ်စေ၊ မယားဖြစ်စေ အမြဲတစေ ကိုယ်၊ စိတ် နှစ်ပါး ထိခိုက်မှုပြုလုပ်နေပါက တရားရုံးတော်သို့ သက်သေ၊ အထောက်အထားများဖြင့် ကွာလိုမှု လျှောက်ထားနိုင်သည်။ ▪️ လင်ဖြစ်စေ၊ မယားဖြစ်စေ ဖောက်ပြန်ပါက ပြတ်စဲလို့ရလား။ ▫️ ဖြေ။ ။ ရသည်။ တရားရုံးတော်သို့ ပြတ်စဲကွာရှင်းပေးရန် လျှောက်ထားရမည်။ မယား၏ ဖောက်ပြန်မှုသည် ကြီးလေးရက်စက်မှု၊ လင်၏ ဖောက်ပြန်မှုသည် သာမန်ရက်စက်မှု။ ▪️ လင်ဖြစ်သူမှ မယားကို ၃ နှစ်ဆက်တိုက် အတူမနေ၊ မထောက်မပံ့၊ လင့်ဝတ္တရားပျက်ကွက်ပြီး စွန့်ပစ်ပါက လင်ခန်းမယားခန်း ပြတ်ပါလား။ ▫️ ဖြေ။ ။ အလိုအလျောက် မပြတ်စဲပါ။ သို့သော် စွန့်ပစ်မှုကို အခြေခံ၍ လင်မယားမဟုတ်တော့ပါကြောင်း အများသိထုတ်ဖော်ခြင်း (သို့မဟုတ်) တရားရုံးတော်သို့ လင်မယားမဟုတ်ကြောင်း အမိန့်ချမှတ်ပေးဖို့ လျှောက်ထားပြီး အမိန့်ရပြီးမှသာ ပြတ်စဲခြင်းဟု မှတ်ယူရမည်။ ▪️ မယားဖြစ်သူမှ လင်ကို ၁ နှစ်ဆက်တိုက် အတူမနေ၊ မထောက်မပံ့၊ မယားဝတ္တရားပျက်ကွက်ပြီး စွန့်ပစ်လျှင် လင်ခန်းမယားခန်း ပြတ်ပါလား။ ▫️ ဖြေ။ ။ အလိုအလျောက် မပြတ်စဲပါ။ သို့သော် စွန့်ပစ်မှုကို အခြေခံ၍ လင်မယားမဟုတ်တော့ပါကြောင်း အများသိထုတ်ဖော်ခြင်း (သို့မဟုတ်) တရားရုံးတော်သို့ လင်မယားမဟုတ်ကြောင်း အမိန့်ချမှတ်ပေးဖို့ လျှောက်ထားပြီး အမိန့်ရပြီးမှသာ ပြတ်စဲခြင်းဟု မှတ်ယူရမည်။ ▪️ လင်ဖြစ်သူ၊ မယားဖြစ်သူ ထောင်ကျပါက လင်ခန်းမယားခန်း ပြတ်လား။ ▫️ ဖြေ။ ။ လုံးဝ မပြတ်စဲပါ။ ▪️ လင်ဖြစ်သူ ရဟန်း (ဘုန်းကြီး) ပြုလျှင် လင်ခန်းမယားခန်း ပြတ်စဲပါလား။ ▫️ ဖြေ။ ။ ဒုလ္လဘရဟန်း (ဘုန်းကြီး) မဟုတ်ဘဲ ရာသက်ပန်ရဟန်းပြုမည်ဟု ပြောဆိုပါလျှင် မယားဖြစ်သူမှ လင်ခန်းမယားခန်း ပြတ်ချင်ပါက စွန့်ပစ်မှုကို ခံယူပြီး ကွာရှင်းပြတ်စဲနိုင်သည်။ ဘုန်းကြီးပြန်ထွက်လာပါက ပြန်ပေါင်းလိုက ပေါင်းနိုင်သည်။ ▪️ တစ်လင်တစ်မယားစနစ်ဥပဒေနဲ့ ထောင်ကျပါက လင်ခန်းမယားခန်း ပြတ်လား။ ▫️ ဖြေ။ ။ ကွာရှင်းမှုမပြုလုပ်ဘဲ လုံးဝ မပြတ်စဲပါ။ #ရှေ့နေဒေါ်သဇင်အောင် #ဥပဒေဗဟုသုတအဖြစ်လေ့လာနိုင်ပါတယ် #ဥပဒေအကြောင်းရာများဆွေးနွေးတိုင်ပင်နိုင်ပါသည်။ #09693028338
Daw Thazin Aung ( ရှေ့နေ )
Region: MM
Tuesday 27 October 2026 10:58:27 GMT
Music
Download
Comments
သားသားလေမေမေပါ🥳🥰 :
မယားကြီးနဲ့တယ်ရယ်ဝင်းကာရှင်းပြီးမှနောက်မိန်းမယူထားတယ်မိန်းမရှိပါလှက်နဲ့ကွာရှင်းပြီးသားမိန်းမကိုပြန်ဆက်သွယ်ပြီးနင်နဲ့ငါနဲ့ပြန်ပေါင်းအောင်ပြောတာအရေးယူလို့ရပါသလားရှင်ဖြေပေးပါနော်
2026-11-04 16:34:51
4
Khin Moe Z acc2 :
သူတို့လုပ်ချင်ရာလုပ်ပြီးမကွာပေးဘူးဆိုရင်မိန်းမတွေကဘာတွေဆက်လုပ်ရမလဲရှင့်
2026-11-05 01:59:34
2
toe toe :
တည်ခိုးခန်းအိပ်တာvcပြနိုင်တာတောင် သက်သေမရှိလို့တဲ့
2026-11-05 02:56:47
3
အရမ်းချစ်ရသောကိုကိုရှိတယ် :
မယားကြီးကမကွာပဲနောက်အိမ်ထောင်ပြုရင်တိုင်လိုရလားဆရာမ
2026-11-08 19:15:17
1
Nyein Ei Phyoe :
ဆရာမရှင့် ကျွန်မတို့သားအမိကိုပစ်ထားတာ အခုဆို2နှစ်ပြည့်ပါပီး သူ့က ဝန်ထမ်းပါ အခုအချိန်ထိ ဘာထောက်ပံ့မှုမှမရရှိခဲ့ပါ အဲ့အတွက် ကျွန်မ နိုင်ငံခြားထွက်လာခဲ့ပါတယ် အခုသူတို့ဘက်က ကျွန်မကို ကွားရှင်းပေးဖို့ တရားရုံးကိုတိုင်ပီး စာရွက်စာတမ်းနဲ့ ကျွန်မဆီပို့ပါတယ် ကျွန်မက ပြန်လို့အဆင်မပြေသေတော့ လက်မှတ်မထိုးရသေးဘူး ဆရာမ အဲ့ဒါဆို သူ့အလိုလို လင်ခန်းမယားခန်းပြတ်ပါသလား သူတို့ဘက်က ပြန်လာမထိုးပေးရင် ပြတ်တယ်ပြောနေပါတယ် အဲ့ဒါ ဟုတ်ပါသလား ဆရာမ ေဖြပေးပါနော် အားကိုးပါတယ်
2026-11-07 21:01:28
1
Win pa pa Khaing :
ဆရာမရေကွဲတာ8နှစ်ရှိပြီကွာရှင်စာချုပ်န ဲ့တော့မဟုတ်ဘူးဆရာမရယ်
2026-11-06 12:30:48
1
✍ :
မဂ်လာလဲမဆောင်ရသေးပုလက်မှတ်လဲမရှိပု ကွာချင်ရင်လက်မှတ်ထိုးရသေးလား
2026-11-06 12:53:34
1
Su Su Hlaing :
ယောက်ကျားက မိန်မကို3နှစ်လောက်ရှိပီ့း မထောက်ပံ့ဘူး သူ့မိဘကိုတော့ ထောက်ပံ့တယ် အဲတာကို မကျေနပ်ရင် တရားရုံကနေပြီး မယားစရိတ်တောင်းလို့ရလား ဖြေပေးပါနော်
2026-11-06 12:44:12
1
In Jinn May :
မတရားဘူးလိုမြင်ပါတယ်ဘာအထောက်ပံလည်းမပေးဘူးအတူလည်းမနေဘူးခလေးနဲ့တယောက်ထဲရုန်းနေရတဲ့မိန်းမသားတွေကိုသက်သက်နစ်သွားအောင်လုပ်နေတဲ့ဥပဒေလိုပြောချင်ပါတယ်
2026-11-06 17:24:38
3
🥰 Kyaing 🥰 :
ဆရာမရေကျွန်မယောက်ကျားနဲ့ကျွန်မမောင်မိန်းမနဲ့ယူသွားကြပါတယ်ဘယ်လို့ဦးပဒေနဲ့တရားစွဲလို့ရပါလဲရှင်
2026-11-05 12:21:42
1
🌿🍎🌿 :
မယားကကိုယ်ဝန်နဲ့အပစ်မရှိပဲမပေါင်းချင်တဲ့ယောကျာ်းကိုတရားစွဲလို့ရလားရှင့်
2026-11-07 12:35:03
2
ကိုကိုရဲ့မိဆိုးလေ :
အဆက်အသွယ်မလုပ်သာ5နှစ်ကျော်ပြီထောက်ပံကြေးလည်းမရဘူးလင်းမယားခန်းပျတ်ပြီးလားရှင့်
2026-11-05 09:34:03
2
🌹၅/ထီးချိုင့်သူ :
မတရားရုံးပါ မယားဖောက်ပြန်ရင်တော့ကြီးလေးတဲ့ရက်စက်မူ့တဲ့လားလင်ဖောက်ပြန်ရင်တော့သာမန်ရက်စက်မှု့တဲ့လားပစ်မှု့ကအတူတူဖြစ်ရမှာလေဘာလို့ယျောက္ကျားပစ်မူ့ကသာမန်ဖြစ်နေရတာလဲ မတရားရုံးပဲ
2026-11-07 07:36:26
1
Yu Yu Si :
တစ်ခုမေးချင်လို့ပါရှင့်မူးယစ်ဆေးသုံးနေပါတယ်ကိုယ့်လုပ်စာပဲ့ထိုင်စားနေပီးမယားကျွေးမှုသားကျွေးမှုဘာမှမရှိပဲမူးယစ်သုံးပီးအသိစိတ်ပါပျောက်ချင်နေပါပီကျွန်မလည်းဆက်မပေါင်းနိုင်တော့လို့ကွာရှင်းဖို့ပြောတာမကွာပေးဘူးငါနှင့်တို့ကိုတာဝန်မယူနိုင်ဘူးဆိုပီးသားသမီးတွေကိုပြောပီးအိမ်ပေါ်ကဆင်းသွားပါတယ်ကျွန်မကတော့သူနဲ့ပြတ်စဲချင်ပါပီ
2026-11-06 01:13:11
2
Khant lay🥰🥰🥰 :
ph လေးတင်းပေးပါလားရှင့်
2026-11-03 22:17:50
1
DawThanThanAye :
ဆရာမရေလင်ဖြစ်သူကိုချုပ်ထဲမှာ12ညထားပီးငွေသိန်းငါးဆယ်ပေးရင်အမှု့ရုပ်ပြီးသူ့ကိုလဲကွာပေးဆိုလို့သိန်းငါးဆယ်ပေးပီရပ်ကွပ်လူကြီးအိမ်မှာရဲနဲ့အသိသက်များနဲ့ကွာရှင်းလိုက်တယ်ဒါကိုမိန်းမကစာချုပ်ကိုတရားမဝင်ဘူးဆိုပီးပြန်လာတောင်းသွားတယ်အခုဆို၄နှစ်ပြည့်ပါပီအဲဒါသူနဲ့သက်ဆိုင်ပါသေးလားဆရာမကျမကနောက်အိမ်ထောင်ပါသိပါရစေခုထိသူ့ကိုကြောက်နေရတုန်းပါပဲအရေးကြီးလို့ပါ
2026-11-06 07:56:23
0
🌹Khumi.Chinကီမိုမြေသူလေး🇲🇲 :
မေးတာဖြေပေးပါ ကျမကကွဲတာ7နှစ်ရှိ သူကလက်မှတ်ထိုးမပေးတာ သူအိမ်ကဆင်းလာကတည်ကထောက်ပံမူမပေးသလိုဆက်သွယ်လဲမလုပ်ပါဘူးဒါကျရော့ တရားဝင်ပြတ်စဲမူရှိလား
2026-11-04 22:49:27
0
Wah Wah :
သိပ် ကောင်ပါတယ်ခံစားချက်ရှိတယ်သူ ပေါ့
2026-10-31 15:04:50
0
Moe San :
မိန်းမယူပြီး မိန်းမကို လုပ်ကိုင်မပေးပဲ မိန်းမကို သူ့အိမ့်မနေနဲ့ဆိုပြီး မောင်းထုတ်ပြီး ညီဖြစ်သူရဲ့ မယားနဲ့သမီးတွေကို လုပ်ကိုင်ပေးနေတာကို တရားစွဲလို့ရလားရှင့်
2026-10-28 12:40:19
2
436788 :
ရက်ရွာလူးကြီ ေသက်သေရှီပါတယ်ကွာရှင်စာချုပ်တော့မရသေဘူး သူကိုတိုင်လည်းရွာလူးကြီအိပ်မတတ်ဘူးတီလိုဆိုရင်ကောဘာစက်လုပရမလည်း ကလေးနှစ်ယောက်ကညမဆီမှာ တစ်နှစ်ရပြီ ဘာအဆက်သွယ်မှလည်းမလုပ်ဘူး
2026-11-05 13:33:49
1
@အီသံဇဉ်ကို (သမီးငယ်) :
တူရှိပါရက်နဲ ဖောက်ပြန်ခဲ့ပါတယ် ရှေ့မှာလဲတူနေကျတာပါ အဲ့အချိန်တုန်းကလေးတွေမျက်နှာ ဂုဏ်သိပ်ခါကြောင့်ဘာမှမလုပ်ခဲ့ပါဘူး ရိုပ်နပ်နိုတ်ဆက်တယ့်သွေးပါ ပါးစပ်ကထွက်တယ်
2026-11-06 04:29:10
1
သမီးလေးဖူးဖူးလေးရဲ့မေမေ❤️😍 :
မိန်းမနဲ့သမိးကိုအဝေးမှာထားပီလစာလည်းမပေးတာတိုင်လို့ရလား
2026-11-01 10:48:59
1
Thu Thu🌼 :
မကွာပေးရင်ဒီမိန်းမတစ်သက်လုံးနေရမှာလားဆရာမ မိန်းမတွေဘဝသနားဖို့ကောင်းတယ်နော်
2026-11-03 06:08:17
1
waiyan :
2ဦးသဘောတယကွားထား စာချုပ်ရှိရင်ပြတ်စဲပါသလားရှင့်
2026-11-01 12:54:46
1
@fussy girl 👧Al SHIE THAW :
မိန်းမကနိုင်ငံခြားမှာအလုပ်လုပ်ပြီးပို့တယ်ယောကျ်ားနဲ့သမီးဆီကိုစကားများရန်ဖြစ်တိုင်းယောကျ်ားကပြောတယ်ခလေူကိုညီမကမြှောက်ပေးတယ်ဆုံးမလို့မရဘူးရိုင်းတယ်ရန်ဖြစ်တိုငိးခနခနပြောတယ်သမီးကလဲ၁၈နှစ်ပြည့်ပြီးဆိုတော့ဖအေပြောတာတာတွေမခံနိုင်လို့အိမ် ေပေါ်ကဆင်းသွားတယ်ခုသူကကျန်မကိုပြောတယ်သူနဲ့မပတ်သက်ဖို့ညီမတို့သားမိနှစ်ယောက်ကိုဝယ်ထားတဲ့ခြံမြေနေရာကလဲသူ့နာမည်နဲ့ဆိုတော့တရားရင်ဆိုင်တဲ့အခါရှံုံးနိုင်သလားအမ
2026-11-01 12:03:52
0
To see more videos from user @lawyer.daw.thazin, please go to the Tikwm
homepage.