@lubovagapova: #посмотри в мои глаза# #прочитай мои мысли# #улыбнись и открой небеса# #мы с тобой полетим, унесëнные ветром# #оставляя в низу города...#

Любовь 💞
Любовь 💞
Open In TikTok:
Region: US
Tuesday 27 October 2026 11:07:37 GMT
90
2
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @lubovagapova, please go to the Tikwm homepage.

Other Videos

တစ်ယောက်ယောက်ကို အထိရောက်ဆုံး တုံ့ပြန်နည်းက ကိုယ့်ကိုယ်ကိုယ်  အကောင်းဆုံးရှင်သန်တာပဲ။ ကိုယ့်ကို စွန့်ပစ်လွှတ်ချခဲ့တဲ့လူတွေ ကိုယ့်မေတ္တာနဲ့ စေတနာကို နင်းခြေပြီး  ပြေးထွက်သွားခဲ့တဲ့လူတွေ ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ်  ကိုယ့်ကို နာကျင်စေခဲ့ဖူးတဲ့လူတွေကို ထိထိရောက်ရောက် လက်စားချေတုံ့ပြန်နည်းဟာ ကိုယ့်ဘဝကို အလှပဆုံးနဲ့ အကောင်းမွန်ဆုံး ရှင်သန်တာပါပဲ။ လူတချို့က ကိုယ့်ဘဝထဲကနေ ထွက်သွားတဲ့အခါ ကိုယ့်ဆီမှာ နာကျင်မှုတွေကိုပဲ  ချန်ထားခဲ့ ကြတယ်။  ကိုယ်ယုံကြည်ခဲ့သမျှတွေ မှားယွင်းသွားသလို ကိုယ်ပေးခဲ့သမျှ မေတ္တာတွေဟာ တန်ဖိုးမရှိခဲ့သလို  ခံစားရတတ်တယ်။  ဒီအခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။  ငါ ဒီလောက်တောင် မကောင်းခဲ့လို့လား။  ငါ့ရဲ့စေတနာတွေကပဲ မှားယွင်းခဲ့တာလား။ တကယ်တော့ လူတစ်ယောက်ရဲ့  ထွက်ခွာမှုဟာ ကိုယ့်တန်ဖိုးကို ဆုံးဖြတ်ပေးတဲ့အရာ မဟုတ်ပါဘူး။  ကိုယ်ကောင်းခဲ့သမျှဟာ သူတစ်ပါးက အသိအမှတ်ပြုမှ တန်ဖိုးရှိတာလည်း မဟုတ်ဘူး။  တချို့လူတွေဟာ ကိုယ်ပေးတဲ့မေတ္တာရဲ့ အဓိပ္ပာယ်ကို နားလည်နိုင်စွမ်း မရှိခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ကိုယ့်ကို နာကျင်စေခဲ့သူတွေအတွက်  ကိုယ့်ဘဝကို ထပ်ပြီး မပျက်စီးစေပါနဲ့။  သူတို့ကြောင့် ဝမ်းနည်းခဲ့ရတာကို သူတို့မရှိတော့တဲ့နောက်အထိ သယ်ဆောင်မထားပါနဲ့။  ကိုယ်ပေးခဲ့တဲ့ မေတ္တာတွေကို နောင်တနဲ့ ပြန်မရုပ်သိမ်းပါနဲ့။  ကိုယ့်ရဲ့ရိုးသားမှုကိုလည်း လူမှားတစ်ယောက်နဲ့  ကြုံခဲ့ရလို့ဆိုပြီး နောက်လူတွေအပေါ် ရက်စက်မှုအဖြစ် မပြောင်းလဲလိုက်ပါနဲ့။ တစ်စုံတစ်ယောက်က ကိုယ့်ကို စွန့်ပစ်ခဲ့ပေမယ့်  ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ဖို့ မလိုဘူး။  ကိုယ့်ကို မချစ်ခဲ့တဲ့လူတစ်ယောက်ကြောင့် ကိုယ့်ဘဝကို မုန်းတီးနေဖို့ မလိုသလို ကိုယ့်တန်ဖိုးကို မမြင်ခဲ့တဲ့လူတစ်ယောက်ကြောင့် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးလျှော့တွက်နေဖို့လည်း မလိုပါဘူး။ ရှင်သန်ပါ။  ကိုယ်တကယ်ဖြစ်ချင်တဲ့လူတစ်ယောက် ဖြစ်လာတဲ့အထိ ရှင်သန်ပါ။  ကိုယ်မြတ်နိုးတဲ့အရာတွေကို ဆက်လုပ်ပါ။  ကိုယ့်ကိုချစ်တဲ့လူတွေအတွက် နွေးထွေးမှုပေးနိုင်အောင် နေပါ။  ကိုယ့်အိပ်မက်တွေကို ပြန်ကောက်ယူပါ။  ကိုယ့်ရဲ့ပျော်ရွှင်မှုကို တခြားသူတစ်ယောက်ရဲ့ ရှိခြင်း၊ မရှိခြင်းအပေါ်မှာ မမူတည်စေပါနဲ့။ တစ်နေ့နေ့မှာ ပြန်တွေးကြည့်တဲ့အခါ  ကိုယ့်ကို နာကျင်စေခဲ့သူတွေကို မုန်းတီးနေစရာ မလိုတော့တဲ့အထိ ကိုယ့်ဘဝကို တည်ဆောက်ထားနိုင်ဖို့ လိုတယ်။  ကိုယ့်ဘဝရဲ့ အလှပဆုံးအချိန်တွေကို ကိုယ့်ကို နာကျင်စေခဲ့သူတွေအကြောင်း တွေးတောရင်း ကုန်ဆုံးမပစ်ပါနဲ့။  ကိုယ့်ကို မချစ်ခဲ့တဲ့လူတွေအတွက်  ကိုယ့်ကိုယ်ကိုယ် အရှုံးပေးရင်း အသက်မရှင်ပါနဲ့။  သူတို့က ကိုယ့်ဘဝထဲမှာ နာကျင်စရာအခန်းတစ်ခန်း ဖြစ်ခဲ့နိုင်ပေမယ့် ကိုယ့်ဘဝတစ်အုပ်လုံးရဲ့ အဆုံးသတ်ကိုတော့ သူတို့ကို  ရေးခွင့်မပေးပါနဲ့။ တစ်ချိန်က သူတို့ကြောင့် မျက်ရည်ကျခဲ့ရတဲ့ မျက်ဝန်းတွေနဲ့ ကိုယ့်ဘဝရဲ့ လှပမှုတွေကို  ကိုယ်တိုင်ပြန်လည်ကြည့်ရှုနိုင်အောင် ရပ်တည်ရမယ် ။ တကယ်တော့ အထိရောက်ဆုံးလက်စားချေမှုဆိုတာ တစ်ဖက်လူကို နာကျင်စေခြင်း မဟုတ်ဘူး။  သူတို့နာကျင်စေခဲ့တဲ့ ကိုယ့်ဘဝကို ကိုယ်တိုင် ပြန်လည်ရှင်သန်စေခြင်းပါ။ သူတို့က ကိုယ့်ကို ဆုံးရှုံးခဲ့ရတယ်။  ကိုယ်ကတော့ သူတို့ကြောင့် ကိုယ့်ကိုယ်ကိုယ်  ဆုံးရှုံးမခံပါနဲ့ ။ #ရိပ်ငြိမ် #crd_to_owner_with_respect

About