@akm81pp: #lifeaftermarriage # အိမ်ထောင်ရေးမှာ ဒီလိုအချိန်မျိုးတွေ ရှိလာနိုင်တယ် ဆိုတာ အမျိုးသမီး တွေ ကြိုသိထားသင့်တယ်။ တချို့အချိန်တွေမှာ ကိုယ့်ယောက်ျားက အရင်လို မဟုတ်တော့ဘဲ အေးစက်လာမယ်၊ အပြစ်ပိုရှာလာမယ်၊ အသေးအဖွဲကနေ ရန်စလာ မယ်။ တချို့ကတော့ အပြင်မှာ အသစ်အဆန်းတစ်ခုခုကို စိတ်ဝင်စား လာတာ၊ အိမ်ထောင်ရေးအပြင်ဘက်ကို စိတ်ယိမ်းလာတာလည်း ဖြစ် နိုင်တယ်။ ဒါမျိုးဖြစ်တိုင်း ဖောက်ပြန်နေပြီလို့ မဆိုလိုဘူးနော်။ ဒါပေမဲ့ ရုတ်တရက် အများကြီးပြောင်းလဲလာရင်တော့ သတိထားဖို့လိုတယ်။ ဒီလိုအချိန်မှာ မိန်းမတွေ အများဆုံးလုပ်မိတာက သူပြေး လေလေ ကိုယ်က ပိုလိုက်လေလေပါ။ “ဘာဖြစ်တာလဲ၊ ငါဘာမှားလဲ၊ တခြားတစ်ယောက်ရှိလား” ဆိုပြီး အ မြဲမေး၊ ရန်ဖြစ်၊ ငို၊ ဖုန်းစစ်ပြီး သူ့ အာရုံစိုက်မှု ပြန်ရဖို့ ကြိုးစားတတ် တယ်။ ဒါပေမဲ့ ဒီလိုအချိန်မှာ ကိုယ့် ခံစားချက်ကို အရင်ထိန်းနိုင်ဖို့ အရမ်း အရေးကြီးတယ်။ သူရန်စတိုင်း ရန်ပြန်မဖြစ်နဲ့။ ပြောစရာရှိတာ အေးအေးဆေးဆေး ပြော။ နည်းနည်း ပြော ပေးပြီး သူ လုပ်ရပ်ကို ကြည့်ပါ ။ ပြောပေးတယ်ဆိုတာ သူဘာလုပ်လုပ် ခံနေတာမဟုတ်ဘူး။ သူ့ နောက် တစ်ချိန်လုံးလိုက်နေတာ၊ သူ့ ခံစားမှုနောက် ကိုယ့် ခံစားမှု လိုက်နေတာကို ရပ်လိုက်တာ။ ပြီးတော့ သူ့ကိုပဲ အာရုံစိုက် မှု လုပ်နေတာရပ်ပြီး ကိုယ့်ကိုယ်ကို ပြန် အာရုံစိုက် လုပ်ပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်။ လှလှပပနေ။ ကိုယ်လုပ်ချင်တာလုပ်။ ကလေးတွေနဲ့ပျော်။ ကိုယ့်ငွေကြေးနဲ့ ကိုယ့်အနာဂတ်ကိုလည်း ဂရုစိုက်။ သူ့ကိုလည်း သိနေပါစေ’ ကိုယ်သူ့ကိုချစ်တယ်၊ သူနဲ့အတူရှိချင်တယ်။ ဒါပေမဲ့ သူမရှိရင်လဲ ကိုယ့်ဘဝတစ်ခုလုံး ပြိုလဲသွားမှာမဟုတ်ဘူး။ သူရှိနေရင် ကိုယ့်ဘဝကို ပိုကောင်းစေတဲ့ အကျိုးခံစားခွင့်ဖြစ်ရမယ်။ ကိုယ့် ဘဝတစ်ခုလုံးတော့ သူအတွက်မဖြစ်သင့်ဘူး။ ဒါက "နင်မရှိလည်း ငါဂရုမစိုက်ဘူး” ဆိုတဲ့မာနမဟုတ်ဘူး။ “ငါမင်းကိုချစ်လို့ ရွေးထားတာ။ မင်းမရှိရင် ငါမနေနိုင်လို့ ဆွဲထား တာမဟုတ်ဘူး” ဆိုတဲ့စိတ်မျိုးပါ။ ဒါပေမဲ့ ဒီအရာတွေက ရေးရတာ၊ ပြောရတာ လွယ်တယ်။ တကယ် ကိုယ်တိုင်ကြုံလာတဲ့အချိန် လုပ်နိုင်ဖို့ အရမ်းခက်တယ်။ ကိုယ်ချစ်တဲ့လူ ပြောင်းသွားတာမြင်ရင် မေးချင်မှာပဲ၊ ငိုချင်မှာပဲ၊ ရန်ဖြစ်ချင်မှာပဲ၊ သူ့ကိုပြန်ရဖို့ ကြိုးစားချင်မှာပဲ။ ဒါကြောင့် တစ်နေ့တည်းနဲ့ အရာအားလုံးလုပ် ဖြစ်ဖို့မလိုဘူး။ ဒီနေ့ ရန်မဖြစ်မိအောင် ထိန်းနိုင်တာကအစ။ ဒီနေ့ သူ့ ခံစားမှုကြောင့် ကိုယ့်တစ်နေ့လုံး မပျက်စီးတာကအစ။ ဖြည်းဖြည်းချင်း ကိုယ့်စိတ်ကို ကိုယ်ပြန်ယူပါ။ အိမ်ထောင်သက်ရှည်လာရင် ဒီလို အချိန်ကာလမျိုးတွေ ကြုံလာနိုင် တယ်။ ကြုံလာတဲ့အခါ သူ့ကိုမဆုံးရှုံးဖို့ပဲ ကြိုးစားရင်း ကိုယ့်ကိုယ်ကို ပါ မဆုံးရှုံးလိုက်ပါနဲ့။ #မူရင်းစာသားပိုင်ရှင်အားcrdပေးပါတယ်🥰 #MarrigeRespect #HealthMarriage #maritalproblems

📚 🅜 📚 ✍( စာတို )❣🔐🎧
📚 🅜 📚 ✍( စာတို )❣🔐🎧
Open In TikTok:
Region: MM
Tuesday 27 October 2026 13:04:57 GMT
246834
16929
327
1024

Music

Download

Comments

zar.zar596
Zar Zar :
အမှန်ပါတယ်ဖျက်ရခက်နေတယ် ပူလောင်နေရတယ် ယျေားရဲအေးစက်မူတွေကြောင်လေ
2026-10-28 08:00:01
7
user888079281
အမေ့သားလေး :
မှန်တယ်
2026-10-29 13:08:08
2
my.high5648
ChavSu :
ဟုတ်ပ
2026-10-30 09:42:21
1
aye.aye01604
Aye Aye :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-10-28 15:35:49
1
kokos9951
Ko Ko :
2026-10-29 06:38:54
1
eieithaw008
🌻Bhole myat ko🌻 :
ပြန်တင်ပရစေ🥰
2026-10-28 22:53:31
1
.myat.yoon
💫🍀 Myat Yoon 🍀💫 :
👍👍👍
2026-10-29 03:24:39
1
myamyathwe97
myamyathwe97 :
မှန်လိုက်တာ
2026-10-28 15:44:24
1
warwarlay71
warwarlay71 :
အမှန်ပဲ🥺
2026-10-28 19:15:54
1
user915366312
Sun Maw :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-10-29 01:26:46
1
thant.zin0327
Thant Zin Soe :
2026-10-28 11:29:24
1
black.girl277
Black girl :
မှန်တယ် 😭😭
2026-10-28 16:12:40
1
user172968321
Htet aung :
အမှန်းပါတယ်
2026-10-29 04:50:59
1
phyu.aye940
Phyu Aye :
ဟုက်တယ်
2026-10-28 11:36:34
1
hla.hla.san39
Hla Hla San :
🥰🥰🥰🥰🥰🥰🥰
2026-10-28 12:59:07
1
alnie983
Alnie :
2026-10-28 14:55:36
1
hnin.pwint.wai697
ခပ်ချေချေလေးပဲကောင်းတယ်🤪🤗🤭 :
အမှန်ပဲ
2026-10-29 04:43:49
1
nyein.su740
Nyein Su :
🥰🥰🥰
2026-10-28 13:40:51
1
guu.guu82
Guu Guu :
ပြန်တင်ခွင့်ပေးပါ🥰
2026-10-30 05:59:50
1
hnin.zar78
Hnin zar :
အမှန်ပါပဲ
2026-10-30 13:36:51
2
user8712335122859
Lilith Gunther :
@ဟုတ်တယ်နော်
2026-10-30 11:35:01
2
ma.paing038
ma paing :
သိပ်မှန်တယ်ကိုကြအပူလောင်နေတာပဲ
2026-10-29 22:36:45
1
cho18784
Cho1878 :
[Sticker] ဟုတ်တယ်နော်
2026-10-28 22:00:53
1
user171530505
May May :
မှန်ပါတယ်🌹🌹🌹🌹🌹🌹
2026-10-28 14:25:30
1
nwaeoomay56
🍓Nwae"Oo"May"🍓 :
2026-10-28 11:13:07
1
To see more videos from user @akm81pp, please go to the Tikwm homepage.

Other Videos


About