@zora53217: #ဆာပါ #ရပ်ကြီးသူတို့ဟန်မူပိုမို_နေညိုညချမ်း_ဆင်မြန်းဆာပါ ဆာပါဆိုတာ ဘာပါလဲ။ တော်တော်များများက ဆာပါဆိုတာ ဆာပါပဝါအမျိုးအစားလို့ ရေးကြရှင်းပြကြပါတယ်။  တချိန်က ဆာပါပဝါဆိုတဲ့ အသုံးအနှုန်းခေတ်စားခဲ့တော့ ဆာပါဆိုတာ ပဝါအမျိုးအစားလို့ ယူဆကြပုံပေါ်ပါတယ်။ ဆာပါဆိုတာ ပဝါအမျိုးအစားလို့ ယူဆရင်တော့ မပြည့်စုံပါဘူး။ ဆာပါဆိုတာ ဟိန္ဒီစကားဖြစ်ပါတယ် ။ ပဝါလို့ အဓိပ္ပာယ်ရပါတယ်။ ဥပမာ ➡️ ပိုးဆာပါဆိုရင်  ပိုးပဝါ ။ ချည်ဆာပါဆိုရင် ချည်ပဝါ ။ သိုးမွေးဆာပါဆိုရင် သိုးမွေးပဝါ ။ အဲ့ဒီလိုပါတဲ့ ။ #ကွမ်းတုံပိန်း အိုလေ ကွမ်းတုံပိန်းငယ်နဲ့•••••ဆိုတဲ့ စာသားမှာပါတဲ့ ကွမ်းတုံပိန်းကို နားလည်ဖို့ဆိုရင် ပိန်းကို အရင် သိရပါလိမ့်မယ်။ ပိန်းကို ဗိန်းလို့ အသံထွက်လေ့ရှိပါတယ်။ ဒီတော့ အသံထွက်ဖတ်ရင် ကွမ်းတုံဗိန်းလို့ ဖတ်ရမှာပါ။ ပိန်းသို့မဟုတ် ဗိန်းဆိုတာဘာလဲ။ ပိန်းပိတ်အောင်မှောင်နေတာပဲဆိုတဲ့စကားကို ကြားဖူးကြတယ်မဟုတ်ပါလား။ အခုပိန်းဟာ အဲဒီပိန်းပါပဲ။ အခုအချိန်မှာ အသက် ၇၀၊ ၈၀ ဝန်းကျင်ရှိတဲ့လူကြီးတွေကို မေးကြည့်ရင် သူတို့ခေတ်တုန်းက အဝတ်အစားတွေကို အနီဗိန်း (ပိန်း) လေး၊ အနက်ဗိန်း (ပိန်း) လေး၊ အပြာဗိန်း (ပိန်း) လေး စသည်ဖြင့်သုံးလေ့ရှိခဲ့တယ်ဆိုတာကို ပြန်ပြောပြကြပါလိမ့်မယ်။ ခရီးဆောင်မြန်မာအဘိဓာန်မှာ ပိန်းဆိုတာကို အကြားအလပ်မရှိတပြင်လုံး ဖုံးပိတ်လျှက်ရှိသောလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ပိန်းပိတ်အောင်မှောင်တယ်ဆိုတာ အမှောင်ဟာ အကြားအလပ်မရှိအောင်မှောင်နေတယ်၊ အလင်းရောင်တစိုးတစိမှ မရှိဘူးလို့ ပြောတာပါ။ အဝတ်အစားအနီပိန်း၊ အနက်ပိန်းဆိုတာကတော့ အနီဗြောင်၊ အနက်ဗြောင်တွေကိုပြောတာပါပဲ။ ဒီတော့ ကွမ်းတုံပိန်းမှာ ပိန်းဆိုတာကို ရပါပြီ။ ကွမ်းတုံဆိုတာဘာလဲ။ ဒါကတော့ တရုတ်နိုင်ငံထဲကကွမ်းတုံအရပ်ကိုပြောတာပါ။ ဒီတော့ ကွမ်းတုံပိန်းဆိုတာ ကွမ်းတုံကလာတဲ့ ဗြောင်အဝတ်အစားကို ပြောတာဆိုတာ ထင်ရှားလာပါပြီ။ အဲဒါဟာ ဘယ်လိုအဝတ်အစားမျိုးပါလဲ။ ဒါကိုတော့ ဝေါဟာရကိုကြည့်ပြီး ကြံဆလို့မရပါဘူး။ အဲဒီခေတ်ကစာပေတွေကို ပြန်ရှာဖွေကြည့်တော့မှ တွေ့ရပါတယ်။ ကွမ်းတုံပိန်းဆိုတာ ကွမ်းတုံအရပ်ကလာတဲ့ ဗြောင်ဖဲထဘီတွေကိုပြောတာပါ။ ကွမ်းတုံပိန်းဆိုတာ တရုတ်ပြည်ကလာတဲ့ ဗြောင်ဖဲထဘီတွေပါပဲ။ ကိုးကား➡️ဆရာကြီးဦးထွန်းတင့် #ŹÕŔÃ

ZORA
ZORA
Open In TikTok:
Region: MM
Tuesday 27 October 2026 14:43:58 GMT
16885
1085
56
55

Music

Download

Comments

zin.mar.oo0903
zin mar oo :
ဆာပါရဲ့အဓိပ္ပါယ်သိရလို့ကျေးဇူးပါ။
2026-11-16 09:16:33
2
ko.htay7373
ko htay :
မှန် ပေ၏ မြန်မာ တွေ ခေါ် ပြော နေတဲ့ ငွေ, ကြေးကိုလဲ (ပိုက်စံ)လို့ ခေါ် ဝေါ်သုံးစွဲ နေတာအိန္ဒိယစကားလို့ကြားဘူးပါတယ်
2026-10-28 05:49:49
1
daw.win7779
Daw Win :
ရှင်းပြတာကျေးဇူးပါ
2026-10-28 03:10:54
1
ko.aye.kyaw903
Ko Aye Kyaw :
ကျောင်းများတွင်ပြဌာန်းစာအုပ်ပါ၊ကဗျာလင်္ကာများ၏အဓိပ္ပါယ်နှင့်စကားလုံးများဝေါဟာရများကို၊မြန်မာစာဆရာ/မများကရှင်းပြကြရမည့်အပြင်၊ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုတတ်အောင်သင်ကြားပေးကြရပါမည်။
2026-10-28 09:04:05
4
u.soe.lwin.constr
မြောက်ပြန်လေ :
ဆင်မြန်းလှပ ဖြစ်မှာပါ😔😔
2026-10-28 02:48:39
0
kyaw.hlaing382
Kyaw Hlaing :
ကျေးဇူးပါ ခုမှသိရလို့
2026-10-28 05:47:49
1
oo.gyi5998
Oo Gyi :
okတယ်ဗျာ။ငယ်ငယ်ကကခဲ့တဲ့သီချင်းလေးပါ
2026-10-28 14:15:04
1
keng.tung11
Keng Tung :
ဗမာသီချင်းကောင်းကောင်းနားထောင်လိုက်ရတာသိပ်နားထောင်လို့ကောင်းတာပဲရှိရင်ထပ်တင်ပေးပါတောင်းဆိုပါတယ်
2026-10-28 07:52:15
3
swa.swa40
Swa Swa :
လေးစားပါတယ်
2026-10-28 03:41:51
0
ko.ko.gyi716
Ko Ko Gyi :
ရှင်းပြပေးလို့နားလည်ပါပြီ ကျေးဇူးပါနော်
2026-10-28 07:52:11
2
ko.ko.aung.gyi2
Sir Aung :
ဗဟုသုတရပါတယ်ခင်ဗျာ။
2026-10-28 14:49:11
1
seinwin165
seinwin165 :
ရှင်းပုလို့ကျေးဇူးတင်ပါတယ်
2026-10-28 07:09:56
1
user853206119123417
ကောက်ရိုးနွယ် :
ပိန်း ဗိန်း ဆိုတာရဲ့ အဓိပ္ပါယ် တမျိုးက တခုလုံး လို့လည်း ရှိပါသေးတယ်။ ငယ်စဉ်က ယက်ကမ်းစဉ်က ချတဲ့ အထည်လိပ်တွေကို လိုက်ဝယ် ပြန်ရောင်းတဲ့အခါမှ ပြောဆိုခဲ့ရပါတယ်။ ဆုပ်စီး ၊ဗိန်းစိမ်း၊ ဗိန်းနီ ၊အပြောက် စသဖြင့်ပါ။ ဗိန်းစိမ်းဆိုရင် အစိမ်းရောင်အထည်ဖြစ်ပြီး အခြားဘာအရောင်၊ ဘာပန်းပွင့် ၊ဘာအစင်းမှ မပါတဲ့ အထည်တလိပ်လုံး အစိမ်းပါ။ အဲဒီအစိမ်းကလည်း ဟိုနားကျ ဖျော့လာလိုက် ၊ဒီနားကျ ရင့်သွားလိုက်မရှိပဲ အကုန်လုံး တပြေးညီ စိမ်းနေတာကိုပြောတာပါ။
2026-10-29 12:55:32
1
user126022607219
Soe Mg :
လွမ်းမောဘွယ်ပါ၊မူရင်းသံစဥ္က အရသာအပြည့်ပါဘဲ
2026-10-28 03:32:28
2
userkyukyu222
Kyu Kyu :
တင်ပြပေးလို့ကျေးဇူးပါ
2026-10-28 13:56:55
1
aphoeapo
Unknown :
မှတ်သားထားပါ့မယ် ကျေးဇူးအထူးတင်ရပါသည်
2026-10-28 04:37:15
1
oo.gyi5998
Oo Gyi :
ပြန်ပီးကချင်လာတယ်
2026-10-28 14:15:52
1
ko.aye.kyaw903
Ko Aye Kyaw :
တေးသီချင်း၊ကဗျာများကိုပြန်လည်ဖော်ထုတ်သူများက၊နှောင်းလူများနှင့် ေသောတရှင်များကို၊ပါဝင်သောစကားလုံးများ၊ဝေါဟာရများကိုအရင်ဆုံးရှင်းပြ ေပေးသင့်ကြပါ၏။
2026-10-28 09:01:27
1
mg.nanda658
Mg Nanda :
2026-10-28 02:14:25
1
ye.htay308
Ye Htay :
2026-10-28 10:11:01
0
ko.aye.kyaw903
Ko Aye Kyaw :
ရှေး,သီချင်းများ၊ ခေတ်ဟောင်းသီချင်းများ၊တေးထပ်၊ဘောလည်၊ရတု၊ရကန်စသည်တို့တွင်ပါဝင်သောယ၊စကားလုံးများ၊ခက်ဆစ်ဝေါဟာရများ၏အဓိပ္ပါယ်ကိုသေချာစွာသိမှသာလျင်၊နားဆင်သူတို့ခံစားနားလည်နိုင်ကြမည်ဖြစ်ပါသည်။
2026-10-28 08:57:51
0
winmaung874
W Maung :
အဓိပ္ပါယ် ရှင်းပြလို့ကျေးဇူးပါ
2026-11-21 02:04:48
0
user316735234949
🪷 :
ကျေးဇူးပါ
2026-10-30 10:27:48
0
user96921778612244
မောင်ကြာဆွယ် :
လေးစားလှက်ပါအခုလို စာနဲ့ပေးနဲ့ရှင်ပြလို့ ကျေးဇူးပါ🥰🥰🥰🥰🥰🥰
2026-10-29 14:37:26
0
ukooo279
ukooo :
@ဆလေဦပုံညရလေးကြိုငါးကြိးခေ
2026-10-28 03:45:56
0
To see more videos from user @zora53217, please go to the Tikwm homepage.

Other Videos


About