@thantzin65432: တတိယဆုရ ကော့ခနိ၊နောင်ခရီ မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖလား၊ မော်လမြိုင်မြို့နယ် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အသက်(၂၂)နှစ်အောက် ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ညောင်ပင်ဆိပ်အသင်းနှင့် ကော့ခနိ၊နောင်ခရီအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ ကော့ခနိ၊နောင်ခရီအသင်းသည် ညောင်ပင်ဆိပ်အသင်းအား(၃)ဂိုး၊ (၁)ဂိုး ဖြင့်အနိုင်ရရှိခဲ့တာကြောင့် ကော့ခနိ၊နောင်ခရီအသင်းသည် မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖလား မော်လမြိုင်မြို့နယ် ရပ်ကွက်ကျေးရွာပေါင်းစုံ၊ အသက်(၂၂)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် တတိယဆုအား ရရှိသွားခဲ့ပါသည်။ ယနေ့ပွဲစဥ်ရဲ့အကောင်းဆုံးကစားသမားဆုကို ကော့ခနိ၊နောင်ခရီ မှ ကျောနံပါတ်(၉)ဇေယျာဝင်းထွန်း ရရှိသွားခဲ့ပြီး ယင်းဆုကို မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်မှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ပြိုင်ပွဲကြီးရဲ့ နောက်ဆုံးဗိုလ်လုပွဲစဥ်အား မနက်ဖန် ( အောက်တိုဘာ(၂၇) ရက်နေ့) ညနေ (၃:၀၀)နာရီတွင် မင်းရွာအသင်းနှင့် ဘိုကုန်းအသင်းတို့သည် ရာမညအားကစားကွင်းတွင်ယှဥ်ပြိုင်ကစားကြမည်ဖြစ်သည်။ ဗိုလ်လုပွဲကြီး မစတင်ခင်အချိန်တွင် Rock City Music Band နှင့်အတူ ပိုင်ကြီး၊ Aမီဈာန်၊ ပိုင်ဝဏ္ဏ၊ အိခိုင် နှင့် မိုးပွင့် တို့မှလည်း သီဆိုဖျော်ဖြေတင်ဆက်မှုနှင့်အတူ နောက်ဆုံးဗိုလ်လုပွဲစဥ်အား ကျင်းပသွားမည်ဖြစ်ကြောင်း အားကစားဝါသနာရှင် ပရိသတ်တို့အား အသိပေးအပ်ပါသည်။ #အားကစားနှင့်ကာယပညာဦးစီးဌာန #မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ် #မော်လမြိုင်မြို့နယ်ဘောလုံးအဖွဲ့ချုပ် #ပြိုင်ပွဲကျင်းပရေးကော်မတီ #tiktok
🛺ThantZin(မော်လမြိုင်အိုးဝေ)
Region: MM
Tuesday 27 October 2026 15:19:11 GMT
Music
Download
Comments
ku.ra7951 :
နောင်ခရီတတိယတဲ့လား
2026-10-27 16:06:37
0
To see more videos from user @thantzin65432, please go to the Tikwm
homepage.