@aungthawchan34: ပြန်တွေးမိတိုင်း နာကျင်နေတုန်းပါပဲ။ မေ့ပစ်ဖို့ ကြိုးစားလေလေ ပိုသတိရလေလေ ဖြစ်နေတတ်တယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ သတိရနေပါစေ၊ ဘယ်လောက်ပဲ ပြန်လိုချင်နေပါစေ၊ ပြီးသွားခဲ့တဲ့အချိန်တွေကိုတော့ ပြန်သွားပြီး ပြင်ဆင်လို့မရတော့ဘူးလေ။ တစ်ချိန်က အမြဲတမ်း အတူရှိနေမယ်လို့ ထင်ခဲ့တဲ့သူကလည်း တစ်နေ့မှာ ကိုယ့်ဘေးမှာ မရှိတော့တာမျိုး ဖြစ်လာနိုင်တယ်။ အဲ့ဒီအချိန်မှာ နာကျင်ရတယ်၊ လက်မခံနိုင်ဘူး။ တစ်ခါတလေ ကိုယ့်အမှားတွေကို ပြန်တွေးပြီး “အဲ့ဒီတုန်းကသာ ဒီလိုမလုပ်ခဲ့ရင်…” ဆိုတဲ့အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်မိတယ်။ ဒါပေမဲ့လေ… အတိတ်ကို မေ့ပစ်ဖို့ မလိုပါဘူး။ တစ်ချိန်က ကိုယ်တကယ်ပျော်ခဲ့ဖူးတယ်၊ တကယ်ချစ်ခဲ့ဖူးတယ်ဆိုတာကိုလည်း ငြင်းပယ်နေစရာမလိုဘူး။ သတိရနေရင်လည်း သတိရနေပါစေ။ လွမ်းနေရင်လည်း ခဏလောက် လွမ်းနေလိုက်ပါ။ အတိတ်ဆိုတာ ပြီးခဲ့တဲ့အချိန်တွေပါပဲလေ။ ပြန်မရနိုင်တော့လို့ ဝမ်းနည်းနေနိုင်ပေမဲ့ အဲ့ဒီအတိတ်ထဲမှာပဲ တစ်သက်လုံး နေထိုင်နေဖို့တော့ မလိုပါဘူး။ တစ်နေ့နေ့မှာ ကိုယ်ပြန်လှည့်ကြည့်တဲ့အခါ နာကျင်မှုတွေအစား အပြုံးလေးတစ်ခုနဲ့ “အဲ့ဒီအချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့လို့ ဒီနေ့ကိုယ် ဖြစ်လာတာပဲ” လို့ ပြောနိုင်တဲ့အထိ ကိုယ့်ကိုယ်ကိုယ် ရှင်သန်ခွင့်ပေးလိုက်ပါ။ ပြီးသွားတဲ့အရာတွေကို လက်လွှတ်တတ်ဖို့ သင်ယူပါ။ ရှေ့ဆက်ရမယ့် ကိုယ့်ဘဝကိုလည်း တန်ဖိုးထားတတ်ပါစေ။#fy #fyyy #fypppppppppppppppppppppppp @K1nex

မငိုရဘူးနော်
မငိုရဘူးနော်
Open In TikTok:
Region: MM
Tuesday 27 October 2026 15:50:47 GMT
3175
244
2
16

Music

Download

Comments

khinyoon352
♓ :
စာသားလေးပေးပါလား
2026-10-28 07:56:36
1
To see more videos from user @aungthawchan34, please go to the Tikwm homepage.

Other Videos


About