@kaung_satt_san: Oxford တက္ကသိုလ် ဟာ ကမ္ဘာ့အကျော်ကြားဆုံး တက္ကသိုလ်တွေထဲက တစ်ခုပါ။ ဒါပေမဲ့ Oxford ရဲ့ ဂုဏ်သတင်းဟာ University Ranking မြင့်တာ၊ ရှေးဟောင်းအဆောက်အအုံတွေ လှပတာကြောင့်ပဲ မဟုတ်ပါဘူး။ လူအများစု မသိသေးတဲ့ သမိုင်းကြောင်းနဲ့ ထူးခြားချက်တွေလည်း ရှိပါတယ်။ နံပါတ် ၁ - Harvard တက္ကသိုလ် ထက် နှစ်ပေါင်း ၅၀၀ ကျော် စောပါတယ် Oxford ကို စတင်တည်ထောင်ခဲ့တဲ့နှစ် အတိအကျ မသိရပေမဲ့ 1096 ခုနှစ်ကတည်းက ပညာသင်ကြားမှုတွေ ရှိခဲ့ကြောင်း အထောက်အထားတွေ ရှိပါတယ်။ Harvard ကို 1636 ခုနှစ်မှာ တည်ထောင်ခဲ့တာကြောင့် Harvard မပေါ်ပေါက်ခင် နှစ်ပေါင်း ၅၄၀ ခန့်ကတည်းက Oxford မှာ သင်ကြားမှုတွေ ရှိနေခဲ့တာပါ။ Oxford ဟာ အင်္ဂလိပ်ဘာသာစကားအသုံးပြုတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး University ဖြစ်ပါတယ်။ နံပါတ် ၂ ကတော့ Oxford Undergraduate ပညာရေးရဲ့ ထူးခြားချက်တစ်ခုက Tutorial System ပါ။ ကျောင်းသားတစ်ဦး သို့မဟုတ် နှစ်ဦးခန့်ဟာ Tutor နဲ့ အဖွဲ့ငယ်အလိုက် တွေ့ဆုံပြီး Essay, Academic Problems နဲ့ Research Topics တွေကို ဆွေးနွေးကြရပါတယ်။ စာအုပ်ထဲက အဖြေတွေကို မှတ်မိရုံထက် ကိုယ့်အယူအဆကို သက်သေအထောက်အထားနဲ့ ရှင်းပြနိုင်ဖို့၊ မေးခွန်းထုတ်တတ်ဖို့နဲ့ Critical Thinking တိုးတက်ဖို့ အလေးထားပါတယ်။ နံပါတ် ၃ အနေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ထင်ရှားတဲ့ Alumni တွေအများကြီးရှိတာပါ။ Oxford မှာ ပညာသင်ကြားခဲ့သူတွေထဲမှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Margaret Thatcher, Tony Blair, David Cameron နဲ့ Rishi Sunak တို့ ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာပြည်က Democracy Icon ဒေါ်အောင်ဆန်းစုကြည်, Stephen Hawking, J. R. R. Tolkien, Malala Yousafzai နဲ့ Roger Penrose တို့လို ကမ္ဘာကျော်ပုဂ္ဂိုလ်တွေလည်း Oxford နဲ့ ဆက်နွယ်ခဲ့ကြပါတယ်။ နံပါတ် ၄ ကတော့ Oxford ဟာ ရှေးဟောင်းတက္ကသိုလ်တစ်ခုသာမက ခေတ်မီ Research University တစ်ခုလည်း ဖြစ်ပါတယ်။ ဥပမာ COVID-19 ကာကွယ်ဆေး ဖွံ့ဖြိုးတိုးတက်ရေးမှာ Oxford နဲ့ AstraZeneca တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ Medicine, Public Health, Science, Technology နဲ့ Humanities စတဲ့ နယ်ပယ်များစွာမှာလည်း သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ နံပါတ် ၅ အနေနဲ့ Oxford မှာ Campus တစ်ခုတည်း မရှိဘူးဆိုတာ သိပါသလား? Oxford ဟာ University Buildings, Libraries, Departments နဲ့ Colleges တွေ မြို့အနှံ့ တည်ရှိနေတဲ့ Collegiate University ဖြစ်ပါတယ်။ Colleges ၃၉ ခုနဲ့ Permanent Private Halls ၄ ခု ပါဝင်ပြီး College တွေက ကျောင်းသားတွေရဲ့ Academic နဲ့ Community Life မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ နံပါတ် ၆ အမေနဲ့ Oxford မှာ အမျိုးသမီးတွေ Degree ရခွင့်ရတာ 1920 ခုနှစ်မှပါ Oxford မှာ နှစ်ပေါင်း ၉၀၀ ကျော် သမိုင်းရှိပေမဲ့ အမျိုးသမီးတွေကို University ရဲ့ Full Members အဖြစ် လက်ခံပြီး Degree ပေးအပ်ခွင့်ပြုခဲ့တာ 1920 ခုနှစ်မှ ဖြစ်ပါတယ်။ ဒါဟာ Oxford ရဲ့ ရှည်လျားတဲ့ သမိုင်းမှာ ပညာရေးအခွင့်အလမ်းတွေ အမြဲတမ်း တန်းတူမရှိခဲ့ဘူးဆိုတာကိုလည်း ပြသပါတယ်။ နံပါတ် ၇ အနေနဲ့ကတော့ Oxford Scholarship တချို့ကို သီးခြားလျှောက်စရာ မလိုပါဘူး Oxford ရဲ့ Clarendon Scholarship ဟာ သတ်မှတ်ထားတဲ့ Funding Deadline မတိုင်မီ သက်ဆိုင်ရာ Master’s သို့မဟုတ် DPhil Course ကို လျှောက်ထားသူတွေကို အလိုအလျောက် စဉ်းစားပေးတဲ့ Scholarship ဖြစ်ပါတယ်။ ရွေးချယ်ခံရသူတွေကို Course Fees နဲ့ Living Costs အတွက် Funding ပေးပါတယ်။ နံပါတ် ၈၊ နောက်ဆုံးအနေနဲ့ကတော့ Oxford ရဲ့ ဂုဏ်သိက္ခာဟာ Ranking တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ Oxford ရဲ့ Reputation ဟာ နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့တဲ့ Academic Excellence, Research Achievements, Teaching Traditions, International Influence နဲ့ Alumni Network တွေ ပေါင်းစပ်ထားတဲ့ ရလဒ်ဖြစ်ပါတယ်။ ဒါပေမဲ့ Oxford ဟာ လူတိုင်းအတွက် အကောင်းဆုံး University ဖြစ်မယ်လို့ မဆိုလိုပါဘူး။ နာမည်အကြီးဆုံး University ကို ရွေးချယ်တာထက် ကိုယ့်ရဲ့ Academic Interests နဲ့ Career Goals အတွက် အသင့်တော်ဆုံး University ကို ရွေးချယ်နိုင်ဖို့ ပိုအရေးကြီးပါတယ်။ ဒီစာကိုဖတ်နေတဲ့သူကရော Oxford University မှာ ပညာသင်ခွင့်ရမယ်ဆိုရင် ဘယ် Subject ကို လေ့လာချင်ပါသလဲ? #OxfordUniversity #StudyInUK #UniversityFacts #StudyAbroad #MyanmarStudents

Kaung Satt San
Kaung Satt San
Open In TikTok:
Region: GB
Tuesday 27 October 2026 18:06:01 GMT
199083
33708
150
1023

Music

Download

Comments

ytnn16a
YTN :
harry Potter ထဲက hangwat ကျောင်းနဲ့ နည်းနည်းဆင်တယ်နော်
2026-10-28 08:18:32
551
der7g2
yan lin :
ရန်ကုန်မှာလား...
2026-10-28 08:19:18
382
khin.nwe730
Khin Nwe :
နောက်ဘဝမှာအဲဒီUNIမှာပညာသင်ခွင့်ရပါစေဆရာဝန်ကြီးပါရဂူကြီးဖြစ်ချင်ထာပါ
2026-10-28 06:41:29
231
user3255557971192
$$$ :
harry porther school
2026-10-29 02:21:40
0
linlilir1u6
LUCA🌵 :
social science
2026-10-29 03:02:06
0
delirium28
ECLIPSE :
medical တက်ချင်တယ်. Dream University
2026-10-28 05:57:45
54
sai9706322080585
Duke Burma :
Oxford မှာ ဥပဒေ နိုင်ငံရေး သင်ချင်တာ။
2026-10-28 07:28:35
85
wkkpw1
W Kai ♈Kai T sahh :
အဝေးသင်ပြီးရင်အဲ့မှာပြောင်းတက်လို့ရလားဗျ အင်္ဂလိပ်စာမေဂျာနဲ့ပါ🥰
2026-10-28 12:26:25
17
imuseless141
🅜🅤🅢🅔🅣🅣🅔(ⒿⒿ) :
နောက်ဘဝရောက်ရင်အဲ့မှာပညာသင်ချင်မိ
2026-10-28 07:33:03
20
humannotfromhumanity2003
𝑩𝒉𝒐𝒏𝒆✿︎ :
အရင်နှစ်ကတက်ခဲ့သေးတယ်ဗျ စာရိတ္တအချိန် မြက်မနှုတ်ခိုင်းပဲ စာရိတ္တအကြောင်းသင်နေလို့ ပြန်လာခဲ့တာ
2026-10-28 14:29:55
14
nann3208
Gretty(G)🫧🍭 :
အတက်ချင်ဆံုး နေရာ but ကို့ညဏ်ရည်နဲ့တော့ နောင်ဘဝထိတောင်တက်နိုင်မှာမဟုတ်ဘူး
2026-10-28 10:50:26
16
thanzin177777
Than sin🩷 :
လှလိုက်တာ🥺 ငါလည်းနောက်ဘဝတော့ရောက်ရပါစေ
2026-10-28 07:28:32
12
jeon_31_10
ဖဲပြားနဲ့ နွား 🎀🐄 :
နောက်ဘဝမှာ အဲ့uniမှာ psychology သင်ချင်ပါတယ်...ဒီဘဝတော့ ထားလိုက်တော့ စာလုပ်ရတာ ပျင်းတယ် မကြိုက်ဘူး
2026-10-28 17:40:14
4
kaungsattsan29
Kaung Satt San :
Name လာတူနေတယ်ဗျာ🥹👏
2026-10-28 00:55:52
9
leondawsoninusa
🇫🇮🔥 Leon Dawson 🔥🇺🇸 :
The Cambridge University 😏😏
2026-10-28 08:45:54
8
sky216421
HASHINKI . Friend :
harry potter တို့ရဲ့ကျောင်းကြီးလားမသိ
2026-10-28 14:19:34
2
phyu.phyu.myint610
瓜瓜🍉 :
ဘုန်းရောင်နဲ့ဋီကာလေးတက်ခဲ့တဲ့ကျောင်း💘
2026-10-28 15:31:06
8
nobellin32
Nobel Lin :
စိတ်တောင်မကူးရဲတဲ့ ဘဝ ပါ
2026-10-28 15:59:01
1
mahje98
Jelly Jelly :
switzerland နိုင်ငံက Bern မြို့ရဲ့ဘုရားကျောင်းမဟုတ်လား
2026-10-28 17:48:37
1
kyler_in_ur_area
I Like Everything About Her :
G12အမှတ်ဘယ်လောက်ဆို မှိလဲဗျ🥰
2026-10-28 12:23:58
1
zwethit.htoo
Zwe Thit Htoo♉ :
ရန်ကုန်ဘယ်နားလဲ
2026-10-28 12:14:40
0
k1ribati
KIRIBATI :
IELTS Band score 9/9.5လောက်မှတက်လို့ရတာမလားဗျ 8/8.5ဆိုရင်ရော
2026-10-29 03:24:30
0
kohtet4607
Mr CHOMaiMai😎 :
စစ်ကိုင်းကမလားလွမ်းလိုက်တာကျောင်းတော်ကြီးကို
2026-10-28 12:48:02
2
babyjj298
🧸ᴶᵒᵉ ᴶᵒᵉ ˢᵃⁿ🧸 :
ဘာကားစီးသွားရင် ရောက်မလဲ
2026-10-29 00:59:03
0
heinzaw3355
Immortal Joe :
Harvard လည်းကောင်းတာပဲ
2026-10-28 13:26:29
1
To see more videos from user @kaung_satt_san, please go to the Tikwm homepage.

Other Videos


About