@htwe55353: နောင်ချိုမြို့ရှိ မြို့မဗလီနှင့် မြေကွက်ကို နိုင်ငံပိုင်သိမ်းယူရန် တရားရုံးအမိန့်ချ၊ CSW ပြင်းထန်စွာ ကန့်ကွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ မြို့မဗလီအဆောက်အအုံနှင့် ၎င်း၏မြေကွက်ကို နိုင်ငံပိုင်အဖြစ် သိမ်းယူရန် စစ်ကောင်စီထိန်းချုပ်ထားသည့် တရားရုံးက အမိန့်ချမှတ်ခဲ့သည့်အပေါ် ကမ္ဘာတစ်ဝန်း ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို စောင့်ကြည့်လေ့လာနေသည့် CSW အဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ကြောင်း သိရသည်။ နောင်ချိုမြို့လယ် ဈေးရပ်ကွက်အတွင်း တည်ရှိသည့် မြို့မဗလီနှင့် အနီးဝန်းကျင်ရှိ မြေကွက်ကို နိုင်ငံပိုင်အဖြစ် သိမ်းယူရန် ကျောက်မဲခရိုင်တရားရုံးက အောက်တိုဘာ ၂၂ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ သတင်းဖော်ပြချက်များအရ ဥပဒေအရ သတ်မှတ်ထားသည့် အယူခံဝင်ခွင့်ကာလ ကုန်ဆုံးပြီးနောက် အဆိုပါပိုင်ဆိုင်မှုများကို အပြီးသတ်သိမ်းယူသွားရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါအမှုတွင် ဗလီတာဝန်ခံများဖြစ်သည့် ဦးလှထွေးနှင့် ဦးစိုးသိန်းတို့ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများအပါအဝင် ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ဘာသာရေးအဆောက်အအုံနှင့် မြေယာပိုင်ဆိုင်မှုများကို သိမ်းယူခြင်း၊ ဗလီတာဝန်ခံများကို ထောင်ဒဏ်ချမှတ်ခြင်းတို့ကြောင့် ဒေသခံအစ္စလာမ်ဘာသာဝင်များ၏ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်နှင့် ဘာသာရေးဆိုင်ရာ အခွင့်အရေးများအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ CSW အဖွဲ့က အငြင်းပွားဖွယ် တရားရုံးအမိန့်များကို ပြန်လည်ရုပ်သိမ်းရန်နှင့် ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားလိုက်နာရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလူမျိုးစုများနှင့် ဘာသာရေးလူနည်းစုများ၏ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ ဘာသာရေးအဆောက်အအုံများ၏ လုံခြုံရေးနှင့် ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများအပေါ် စိုးရိမ်မှုများ ဆက်လက်ရှိနေသည်။ နောင်ချိုမြို့မဗလီအမှုတွင်လည်း တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အယူခံဝင်ခွင့်နှင့် ဘာသာရေးအဆောက်အအုံကို ဆက်လက်ထိန်းသိမ်းအသုံးပြုနိုင်မည့် အခြေအနေများအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။ အဆိုပါဖြစ်စဉ်သည် ဘာသာရေးဆိုင်ရာ ပိုင်ဆိုင်မှုအခွင့်အရေးနှင့် လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်တို့အတွက် အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်လာပြီး နောက်ဆက်တွဲအခြေအနေများကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်နေကြောင်း ဖော်ပြထားသည်။ #နောင်ချိုဗလီ #သတင်းစုံ
SM tv
Region: MY
Tuesday 27 October 2026 23:18:14 GMT
Music
Download
Comments
user9211071715650 :
အရှင်မြတ် ဗလီဝတ် ကျောင်းတော်များကိုထိန်းသိမ်းစောင့်ရှောက်တော်မူပါ❤❤❤❤❤❤❤❤
2026-10-28 07:26:16
14
အင်ပါယာဆောက်လုပ်ရေး :
မတရားလုပ်နေတာပါ
2026-10-28 02:09:20
21
zawhtwe8728 :
တရုတ်ကျူးကျော်နေတဲ့မြေကိုကျတော့ကြောက်လို့မပြောတာလား
2026-10-28 15:56:38
3
Aye Nyein :
လက်နက်သိုလှောင်ရုံဆိုလား
2026-10-28 06:51:58
3
komyint :
အာ့လိုသိမ်းလို့ရလားရာဇဝင်မရှိဘူး
2026-10-28 02:12:18
5
Kyaw Thein :
မိူင်းမတိုက်နဲ ဘာလက်နက်မှာမရှိဘူ
2026-10-28 04:58:44
9
U HTET OO1520 :
ဘာသာရေးအဆောက်အအုံကတစ်ဦးတစ်ယောက်ထဲပိုင်ဆိုင်တာမဟုတ်ပါဘုး
2026-10-28 05:03:44
6
Tin Tun :
လိုအပ်လို့လုပ်တာဖြစ်မှာပါ.
2026-10-28 08:01:41
0
ဟန်နီ :
😂😂
2026-10-28 12:25:35
0
Dee love :
ဖျတ်
2026-10-29 04:37:31
0
ပြန်လမ်းမဲ့ရင်ခွင် :
🤲🤲🤲
2026-10-28 05:42:54
1
min htet soe :
cswနာယကကြီးတွေနာမည်က ဘယ်သူတွေလဲ
2026-10-28 13:44:47
0
tinnaingoo210 :
CSW. No
2026-10-28 13:07:24
0
p9gpv1vmyk :
2026-10-28 02:18:11
0
Tt Y :
2026-10-28 04:18:01
0
May Lay :
ဥပဒေအတိုင်းဆောင်ရွက်တာCswကဘယ်အဖွဲ့ လဲ့မင်းတို့ကန့်ကွက်လဲဥပဒေကဥပဒေပဲ
2026-10-29 03:22:37
0
Soe.myat.kyi :
ဗလီထဲမှာလက်နက်တေသိုလှောင်ထားတာကိုအဲ့ဒိတော့အဖမ်းခံရတာပေါ့တစ်ကယ်ဆိုရင်ဒီအမှုကသေဒဏ်တောင်ချ
မှတ်လို့ရတယ်အခုက11နှစ်ပဲကျတာသက်သာပါတယ်
2026-10-28 03:27:06
3
S :
ကန့်ကွက်လဲစောက်ဂရုစိုက်စရာမလိုဘူးရှင်းလာ😎
2026-10-28 15:05:08
0
🐵🦊ပြောင်ရီးမ🐶 :
နိုင်ငံတော်ကိုလကနက်စွဲကိုင်ပုန်ကန်ရန်ဗလီအတွင်းလက်နက်ခဲယမ်းများသိုလှောင်ထားမှုကိုတော့သတင်းကဖေါ်ပြမထားခြင်းကိုထိန်ချန်ထားသည်မှာမရိုးသားကြောင်းထင်ရှားနေသည်။ မြန်မာနိုင်ငံမှာဗလီပေါင်းမြောက်များစွာရှိနေရာအကြမ်းဖက်အားပေးမှုမရှိသောဗလီများကိုခွင့်လွတ်ပေးထားတာဆိုဖွယ်ရာမရှိ။ ကန့်ကွက်သောအဖွဲ့သည်အကြမ်းဖက်အဖွဲ့များသာဖြစ်သည်။ဘာသာရေးခေါင်စဥ်တပ်ပြီးလက်နက်ခဲယမ်းသိုလှောင်ထိန်း၀ှက်ခြင်းသည်မည်သည့်နိုင်ငံမျှလက်မခံပါ။
2026-10-28 02:26:21
0
U myat Thu :
အာလာကြီးထိမ်းသိမ်းတော်မူပါဗျာ
2026-10-28 11:17:42
0
gjfghjdyjn :
2026-10-28 06:08:21
1
kyawthetswe132 :
သိမါးတော့လီးဖြစ်လား
2026-10-28 05:32:29
1
ရိုယာ. :
ရာဇဝန်ရိုင်းသွားမယ်နော်
2026-10-28 04:19:51
2
Angle1 :
တရုတ်ကိုရောင်းမလို့လားမှမသိတာ😂
2026-10-28 04:51:26
1
مولوی عبد الرحمن :
နီပေါ်ကိုသတိယပါ🥺
2026-10-28 13:54:54
0
To see more videos from user @htwe55353, please go to the Tikwm
homepage.