@decembermay_20: "မေ" ဆိုတဲ့ ကျွန်မကလေ အသက် (၂၉) မပြည့်ခင်အထိ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ မေ့ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ထက် သူတပါးဆီက Love and Validation ကို မျှော်လင့်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်ထက် သူတပါးကို ချစ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဖြည့်ဖို့ထက် သူတပါးကို ဖြည့်ပေးခဲ့တယ်။ ကိုယ့်ရဲ့စိတ်ဆန္ဒဆိုတာ အသာထား သူတပါးရဲ့ စိတ်ဆန္ဒကိုဘဲ အလေးထားဦးစားပေးခဲ့တယ်။ တကယ်တော့ Lack of Self-love က သိပ်ကိုမှားတယ်။ အဲ့ဒါက ကိုယ့်ကိုယ်ကိုယ် နာကျင်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဘဲ။ မေတို့ကို ဘယ်သူကမှ မချစ်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့တော့ လိုမယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက Rs တစ်ခုမှာ မေက လမ်းခွဲလို့ဆိုပြီး ရစရာမရှိအောင် သိက္ခာချခြင်းကိုလည်း ခံစားဖူးတယ်။ ဂရုစိုက်စရာကိစ္စတွေမဟုတ်ပေမဲ့ တကယ်တမ်းကျ ကိုယ့်ကိုယ်ကိုယ် မချစ်ခြင်းရဲ့ အကျိုးဆက်ဘဲလို့ ပြောရမယ်။ မကောင်းတဲ့ Relationship မှန်းသိသိနဲ့ တစ်ခါဆို တစ်ခါမှ မဆုံဖူးပါရက်နဲ့ အချစ်ခံရရင်ပြီးရောဆိုတဲ့ စိတ်နဲ့ Toxic relationship ထဲမှာ (၃) နှစ်လောက်တောင့်ခံခဲ့တာ။ လမ်းခွဲလိုက်တဲ့အခါ ရစရာမရှိအောင် ဇာတ်လမ်းတွေဆင်ပြီး သိက္ခာချခဲ့တော့လည်း ရှင်းစရာမလိုပေမဲ့ ဒီလို လူတန်းစားမျိုးနဲ့ ပတ်သက်မိတာ ကိုယ့်အမှားဘဲလို့ တွေးပြီး သိက္ခာချစော်ကားခြင်းကို တစ်နှစ်ပတ်လုံး ထပ်သီးခံခဲ့တယ်။ ပြောချင်တာကလေ ကိုယ့်ကိုယ်ကိုယ် လေးစားပြီး ချစ်တဲ့သူကို ဘယ်သူကမှ တော်ရုံတန်ရုံ မစော်ကားရဲဘူး ဆိုတာဘဲ။ ရခဲ့တဲ့ သင်ခန်းစာတွေကို ပြန်ဆန်းစစ်ကြည့်တော့ မေက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ထက် သူတပါးဆီက အချစ်ကို မျှော်လင့်ပြီး သူတို့ရဲ့ စိတ်တိုင်းကျ နေထိုင်ခဲ့လို့ သူတို့ရဲ့ Manipulation ကို ခံခဲ့ရတာပါဘဲ။ အဲ့ဒါမို့ ကိုယ့်စိတ်ကိုယ် Reset လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လေးစားဖို့၊ တန်ဖိုးထားဖို့၊ ချစ်တတ်ဖို့ ပြောင်းလဲခဲ့တယ်။ : မေနာကျင်ရမဲ့ ရပ်ဝန်းဆို ရှောင်တယ်။ : သိပြီးသွားရင် ပြန်မသိချင်လို့မရတော့ဘူးမို့ မသိရမဲ့ကိစ္စတွေဆို မသိချင်တော့အောင်နေတယ်။ : ကိုယ်ဘာလိုချင်တယ်ဆိုတာကို အတိအကျသိအောင်လုပ်ပြီး My Needs ကို ဦးစားပေးတယ်။ : ချစ်ခြင်းမေတ္တာနေနေ၊ ဥစ္စာပစ္စည်းနေနေ တောင်းဆိုမှရမဲ့ ရပ်ဝန်းတွေကို ဝေးသထက်ဝေးအောင် ရှောင်တယ်။ : ဘယ်သူကမှ မချစ်လည်း ကိုယ်ပျော်ရွှင်အောင်နေဖို့၊ စိတ်ချမ်းသာအောင်နေဖို့ Choose myself လုပ်တယ်။ : လူတိုင်းအပေါ်ကို ကောင်းတဲ့စိတ်ထားပေမဲ့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင်တော့ "မှန်" လို ဆက်ဆံတတ်ဖို့ သင်ယူဖြစ်ခဲ့တယ်။ ခေါင်းအစခြေအဆုံး Self-care လုပ်တာအပြင် ကိုယ့်စိတ်လေးပင်ပန်းစေတဲ့ ရပ်ဝန်းမှန်သမျှကို Set Boundaries လုပ်ပြီး ရှောင်ရှားတတ်လာခြင်းကလည်း ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းရဲ့ တစိတ်တဒေသ တွေပေါ့ကွယ်။ စိတ်လေးအေးချမ်းချင်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့လိုပါလိမ့်မယ် 🍀 #မေ #fyp #tiktokmyanmar #contentcreators #selflove
𝙼𝚊𝚢
Region: MM
Wednesday 28 October 2026 08:46:15 GMT
Music
Download
Comments
Charm make up💎(since 2022) :
နောက်မကျသေးပါဘူး ကိုဆိုကိုယ့်ကိုကို၃၂ရောက်မှချစ်တက်လာတာ🤎
2026-10-28 12:48:39
5
Zin lay :
အားရှိတာဒီစာလေးဖတ်လိုက်ရတာကိုကိုယ်ကိုယ်ချစ်တတ်ဖို့ပြင်ရတော့မယ်
2026-10-28 15:22:57
1
MAY🖇️ :
တူတူပါပဲ ခု အသက် 29 မှ ကွကိုယ်ပြန်ရှာတွေ့ပီး အေးချမ်းလာတာ ✨🤍
2026-10-28 14:36:18
2
Mê Seng :
မေက တကယ်တော်ပါတယ်🥰
2026-10-28 15:27:12
1
🍓berry :
ကိုယ်လည်း အ့လိုဖြစ်နေ ကိုယ့်ကိုထက် သူများကိုပိုချစ်မိလို့ နောင်တ တွေနဲ့🙂↕️
2026-10-28 13:54:37
1
🩵aye thirimon🍀 :
ကိုယ်နဲ့ တူနေလို့ 🍀🥰
2026-10-28 13:46:55
1
Lluvia☔💦 :
28ထဲဝင်နေပြီ ကိုယ်ကိုကိုယ် ရှာတွေ့လု ဆဲဆဲပဲ ရှိသေး 🥺💔
2026-10-29 00:44:06
0
Thandar Soe :
စာသားလေးလိုချင်တယ် မရေ
အသက်အရွယ်ရော ခံစားချက်တွေရော
လုံးဝထပ်တူကျနေလို့
2026-10-28 14:19:13
1
Ma Khin Pyar Tho❄ :
တူတူပါပဲကွယ်29 ရောက်မှကို့တွက်ကို ပြန်ကြည့်မိခဲ့တာ🥰🥰🥰
2026-10-28 13:55:46
1
Lone :
မမမေကို အရမ်းသဘောကျရပါတယ်ရှင့် 💗
2026-10-28 13:33:05
1
auntypoe123(စားသောက်ကုန် :
🥰တယောက်ထဲလဲတောက်ပလို့ရပါတယ်ကွယ်🥰
2026-10-28 13:04:13
1
Shwe Eain Zan♎️ :
တို့မမချောချောလေးအခုတော့စိတ်ချမ်းသာတာမြငိရတော့ဝမ်းသာ
2026-10-28 09:38:45
1
Maylay1592 :
မင်းသမီးတေတောင်အရှုံးပေးရတယ်
ငါ့ညီမလေးရယ်🥰🥰🥰
2026-10-28 08:58:45
1
Zin Mi :
2026-10-28 10:42:15
1
WYNE :
ဝိုင်းလဲ ကိုယ့်ကိုကိုယ် ချစ်ဖို့မေ့ပြီး တစ်ပါးလူကိုဘဲပုံအောချစ်နေမိတယ် ပင်ပန်းတာတအားဘဲ🥀
2026-10-28 11:49:30
1
Shwe Nyein 👵🏼 :
ချစ်စရာလေး 🥰🥰🥰🥰🥰
2026-10-28 11:35:13
1
Boo :
လူမှန်နေရာမှန်အချိန်မှန် အခိုက်တန့် ကရောက်လာမှာပါ။
2026-10-28 08:53:41
1
Flurry Zeta :
🥰🥰🥰❤️❤️❤️ဒီကောင်မလေးကို ချစ်လိုက်တာကွယ်🥰🥰🥰❤️❤️❤️
2026-10-28 08:52:42
0
피피 :
ဘာလို့မှန်း မသိပေမယ့် ခံစားချက်တွေ အရမ်းတိုက်ဆိုင်နေတယ် စာ တစ်ကြောင်းခြင်းရဲ့ အဓိပ္ပာယ်တွေက ကျမ ဘဝနဲ့ တစ်ထပ်ထဲပဲ
2026-10-29 02:10:12
0
🐉N🐉♒🌈 :
🥰🥰🥰
2026-10-28 10:28:27
0
ZZNai :
အတိတ်က တင်ကျန်ခဲ့တဲ့ ကျွေးဟောင်းဆပ်ရတယ်လို့ပဲသတ်မှတ်ပါလေ။အဆိုးတွေပီးသွားရင် ရှေ့လျှောက် အကောင်းတွေချည်းဆက်တိုက်လာတော့မှာမို့ အားတင်းထားပါမေ!ဘဝတူချင်းမို့ စာနာမိပါတယ်😌
2026-10-28 15:50:02
0
Linn Htet :
ထိပ်စီးပြောင်းပြီလားဗျ ကျွန်တော်လည်း နောက် ၂နှစ်နေရင် ထိပ်စီး ပြောင်းတော့မှာမို့လို့🥺
2026-10-28 13:55:40
0
Y's :
စာလေး copyချပေးပါလား
2026-10-28 14:33:33
0
Mr.Cupid9 :
အခုတော့ အချစ်ပဲခံရတော့မှာပါ 💖💖💖
2026-10-28 11:26:15
0
Gout Gout :
ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ အခွင့်အလမ်းရှိနေတာကလည်း ကံကောင်းခြင်းတစ်မျိုးပါ။ 🥰😍😘
2026-10-28 09:04:48
0
To see more videos from user @decembermay_20, please go to the Tikwm
homepage.