@min.khant.thu117: 🗣️ ❝ ဖလိဝုဒ်ပွဲမှာ ကိုယ့်အဆင့်အတန်းနဲ့ကိုယ် မကစားနိုင်ခဲ့ဘူး၊ ဒါဟာ ရှက်စရာပဲ ❞ အသင်းခေါင်းဆောင် မာတင် အိုဒီဂွါဒ်ကတော့ ဖလိဝုဒ်နဲ့ပွဲရဲ့ ခြေစွမ်းဟာ အာဆင်နယ်ရဲ့ အဆင့်အတန်း မဟုတ်ခဲ့ဘူးလို့ ဆိုလိုက်ပါတယ်။ ခါရာဘောင်ဖလားကနေ စိတ်ပျက်စရာ ခြေစွမ်းနဲ့ ထွက်ခွာခဲ့ရတဲ့ ဂန်း_နားတို့ဟာ ဒီနှစ်ရာသီမှာ ရနိုင်တဲ့ ဖလားတလုံးကို လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။ နော်ဝေသားကတော့ ဟိုက်ဘာရီကွင်းက အခြေအနေတွေဟာ ရှက်စရာကောင်းတယ်လို့လည်း မြင်နေတာပါ။ အိုဒီဂွါဒ်က " တကယ်ကိုပဲ စိတ်ပျက်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်အဆင့်အတန်းမှာ မကစားနိုင်ခဲ့ပါဘူး။ " " ကျွန်တော်တို့ အများကြီး ကြိုးစားဖို့ လိုပါတယ်။ ဒီနေ့ထက် ပိုကောင်းဖို့ လိုပါတယ်။ " " တကယ်စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ဖလိဝုဒ်အသင်းကိုတော့ ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ နောက်ပွဲကိုပဲ အာရုံစိုက်ပြီး ပြန်လာနိုင်အောင် ကြိုးစားရမှာပါ။ " " ဖလိဝုဒ်အသင်းက အကောင်း‌ဆုံး ကစားသွားခဲ့ပါတယ်။ ဒါကိုတော့ ကျွန်တော်တို့ အသိအမှတ်ပြုရပါလိမ့်မယ်။ " " ဒါပေမဲ့ ကျွန်တော်တို့က ကိုယ့်အဆင့်အတန်းမှာ ရှိ‌မနေခဲ့ပါဘူး။ ဒီထက်ပိုကောင်းဖို့ လိုပါတယ်။ " " ပွဲထဲမှာလည်း အစောပိုင်းမိနစ်တွေထက် ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်လို့လည်း ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီထက်မက လိုပါတယ်။ " " ဒါဟာ ရှက်စရာပါပဲ။ " လို့ ပြောသွားခဲ့ပါတယ်။

𓃰𝐌𝕚𝕟 𝐊𝕙𝒂𝗻𝕥 𝐓𝕙𝙪 𓃰
𓃰𝐌𝕚𝕟 𝐊𝕙𝒂𝗻𝕥 𝐓𝕙𝙪 𓃰
Open In TikTok:
Region: MM
Wednesday 28 October 2026 11:43:46 GMT
1504
95
3
1

Music

Download

Comments

kokyawswar2306
naylin :
ရှင်းရှင်းပြောရင် အယူခံထိမှာ ဆိုးလို့ ကစားတာ ဘာညာပေါ့ မလိုအပ်လို့ပါ
2026-10-28 16:02:02
1
aung.htet.myat6895
Aung Htet Myat :
ကစားသမားတေကအဲ့ဖလားဆိုအဲ့လိုပဲbro focusမထားဘူး
2026-10-28 12:42:34
1
aung.kyaw.soe210
Aung Kyaw Soe :
😂😂😂
2026-10-28 12:26:36
1
To see more videos from user @min.khant.thu117, please go to the Tikwm homepage.

Other Videos


About