@thein.win420: #ကျွန်မ ပင်ပန်းခဲ့တာတွေ ကံကောင်းခြင်းအဖြစ် ပြန်လာပါစေ။ မျိုသိပ်ထားခဲ့ရတဲ့ မျက်ရည်တွေက ပျော်ရွှင်ခြင်းတွေအဖြစ် ပြောင်းလဲသွားပြီး တိတ်တိတ်လေး ကြိတ်မှိတ်ခံစားခဲ့ရတဲ့ နာကျင်မှုတွေက စိတ်အေးချမ်းခြင်းတွေအဖြစ် ပြန်လည်ရောက်ရှိလာပါစေ။ ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့တဲ့ ကျွန်မရဲ့ ရုန်းကန်မှုတွေကိုလည်း တစ်နေ့နေ့မှာ လှပတဲ့အဖြေတစ်ခုနဲ့ ဘဝက ပြန်လည်ပွေ့ဖက်ပေးပါစေ။ မပြည့်စုံခဲ့တဲ့နေ့ရက်တွေ၊ မဖြစ်မြောက်ခဲ့တဲ့ မျှော်လင့်ချက်တွေ၊ အကြိမ်ကြိမ် လဲကျခဲ့ပေမဲ့ ပြန်ထဖို့ ကြိုးစားခဲ့ရတဲ့ ခြေလှမ်းတွေတိုင်းအတွက် ကျွန်မနဲ့ထိုက်တန်တဲ့ ကောင်းခြင်းတွေ တစ်ခုပြီးတစ်ခု ရောက်လာပါစေ။ သိပ်မတောင်းဆိုတော့ပါဘူး စိတ်ရောကိုယ်ပါ ကျန်းမာပြီး ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ စိတ်အေးလက်အေး ပြုံးရယ်နိုင်တဲ့နေ့ရက်တွေ၊ ကိုယ်ပင်ပန်းခဲ့သမျှကို မေ့လျော့သွားစေမယ့် နွေးထွေးတဲ့ အခိုက်အတန့်လေးတွေကိုပဲ မျှော်လင့်မိပါတယ်။ ဘဝကို အရှုံးမပေးခဲ့တဲ့ ကျွန်မအတွက် အရာရာဟာ လှပစွာ ပြန်လည်အဆင်ပြေလာပြီး တစ်ချိန်က မျက်ရည်တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ဘဝကို ပြန်လှည့်ကြည့်တဲ့အခါ ကောင်းလိုက်တာ၊ အဲ့ဒီအချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့လို့လို့ ပြုံးပြုံးလေး ပြောနိုင်တဲ့နေ့တစ်နေ့ မုချ ရောက်လာပါစေ။#
Äüñg ❤️ Ñï (Thung Hly Nu)
Region: US
Wednesday 28 October 2026 13:42:44 GMT
Music
Download
Comments
💗💗T💗💗T💗💗 :
🥰🥰🥰
2026-10-28 14:19:03
2
🥰Ko🥰 Thang Ka Lay :
🥰🥰🥰
2026-10-28 13:53:09
2
ST mg sad :
[Heart eyes][Heart eyes][Heart eyes]
2026-10-28 14:10:02
1
mai ngun te :
🥰🥰🥰
2026-10-28 15:15:19
1
To see more videos from user @thein.win420, please go to the Tikwm
homepage.