@myfm18: 1. စိတ်ထဲရှိတာကို မဖုံးကွယ်ဘဲ ပြောပါ မပျော်ရင် “မပျော်ဘူး” လို့ ပြောပါ မဖုံးကွယ်ပါနဲ့ ကိုယ့်ချစ်သူက ဗေဒင်ဆရာမဟုတ်တာ အမြဲမှတ်ထားပါ စိတ်မကောင်းဖြစ်မှာကြောက်လို့ဆိုပြီး မပြောတဲ့အရာတွေကပဲ နောက်ပိုင်းကကျ ပြဿနာကြီးဖြစ်လာတတ်တယ် 2. အထင်နဲ့မဆုံးဖြတ်ပါနဲ့မေးပါ ပွင့်လင်းတဲ့ relationship မှာ မေးခွန်းမေးတာက မယုံကြည်လို့မဟုတ်ဘူး — နားလည်ချင်လို့ပါ 3. စိတ်ထဲမြိုသိပ်မထားဘဲ အဆင်ပြေသလိုပြောပါ ပွင့်လင်းတယ်ဆိုတာက ရိုင်းရိုင်းစိုင်းစိုင်းပြောတာမဟုတ်ဘူး သဘောမကျရင် “ငါမကြိုက်ဘူး” လို့ တိုက်ရိုက်ပြောလို့ရတယ် ဒါပေမယ့် လေသံအနိမ့်အမြင့်နဲ့ပြောတဲ့ပုံကိုဂရုစိုက်ပါ ဥပမာ “မင်းကအမြဲအဲ့လိုပဲ” “ဒီလိုဖြစ်ရင် ကိုယ်စိတ်မကောင်းဖြစ်တာပေါ့" ဘာကောင်ကြီးပဲဖြစ်နေပါစေ နူးနူးညံ့ညံ့ပြောရင်အရည်ပျော်ပါတယ် 4. လျှို့ဝှက်ချက်မထားပါနဲ့ လက်တွေ့ဘဝနဲ့ပက်သက်လို့ရော အတိတ်နဲ့ပက်သက်လို့ရော လျှို့ဝှက်မထားပါနဲ့ ပွင့်လင်းပါ လျှို့ဝှက်ထားလိုက်ရင် သံသယမွေးတတ်တယ် ပွင့်လင်းခြင်းက ယုံကြည်မှုကို တည်ဆောက်ပေးတယ် ယုံကြည်မှုမရှိရင် အချစ်ရေးကိုရေရှည်တည်ဆောက်လို့မရနိုင်ပါဘူး 5. ချက်ချင်းမပြောနိုင်ရင် “အချိန်ယူပြီး ပြန်ပြောမယ်” လို့ပြောပါ တခါတလေကျ ခံစားချက်တွေ ရောထွေးနေလို့ ချက်ချင်းမပြောပြနိုင်ကြတာတွေရှိတက်တယ် ဒါဆို မဖြေရှင်းဘဲ မထွက်ပြေးပါနဲ့ ခဏလောက်အချိန်ပေးဖို့ပြောပါ ပြီးရင်အတူတူတိုင်ပင်ပြီးဖြေရှင်းပါ 6. အမှန်တရားကို မကြောက်ပါနဲ့ အမှန်ပြောတာက သူ့အတွက်နာကျင်စေနိုင်တယ် ဒါပေမယ့် လိမ်ပြောတာထက် ပိုပြီးစိတ်လုံခြုံရတယ် ယုံကြည်မှုကိုတည်ဆောက်ပါ ပွင့်လင်းပါ အတူဖြေရှင်းပါ အမြဲမှတ်ထားပါ ပွင့်လင်းမှုရှိတဲ့ relationship က သဘောထားကွဲလွဲနိုင်တယ် ဒါပေမယ့် မပြိုကွဲလွယ်ဘူး#creatorsearchinsights #Love#fyp #foryou #myfm

🎙️ MY FM 🎧
🎙️ MY FM 🎧
Open In TikTok:
Region: MM
Wednesday 28 October 2026 14:47:15 GMT
7013
290
5
72

Music

Download

Comments

user3808008051029
ကိုမောင်မောင်လတ် :
yess All right..
2026-10-29 05:57:06
1
mell.gyi7
kant kaw moe :
2026-11-07 15:53:10
0
wai.wai.htun60
Wai Wai Htun :
copy ယူပြီး တင်ခွင့်ပြုပါ[Heartwarming][Heartwarming]
2026-11-05 04:02:18
1
keyboard540
ēlēຖค :
:copy ယူပြီး တင်ခွင့်ပြုပါ
2026-11-08 11:09:51
0
onlychitthurein
နွေပိတောက် :
@Mg kabar lay🌍💚
2026-11-21 17:58:24
0
To see more videos from user @myfm18, please go to the Tikwm homepage.

Other Videos


About