@karinascalise21: တစ်ချိန်က ကိုယ့်အပေါ် ဂရုစိုက်ပေးသလိုလိုနဲ့ နွေးထွေးမှုတွေပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ ကိုယ့်ဘက်ကတော့ အဲ့ဒီဂရုစိုက်မှုလေးတွေကို တကယ်အလေးထားခဲ့မိတယ်။ စကားလေးတစ်ခွန်း၊ အာရုံစိုက်ပေးမှုလေးတစ်ခုကိုတောင် တန်ဖိုးထားခဲ့မိတယ်။ အဲ့ဒါကြောင့်ပဲ တစ်နေ့နေ့မှာ ကိုယ့်အပေါ် တကယ်ဂရုစိုက်လာမယ်လို့ ယုံကြည်ခဲ့မိတာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဂရုစိုက်ပေးသလိုလိုနဲ့ပဲ တဖြည်းဖြည်း ဝေးကွာသွားခဲ့တယ်။ ကိုယ်မျှော်လင့်နေတဲ့အချိန်တွေမှာ သူမရှိခဲ့ဘူး။ ကိုယ်လိုအပ်နေတဲ့အချိန်တွေမှာ မမြင်ချင်ယောင်ဆောင်ခဲ့တယ်။ ကိုယ့်ကို အရေးကြီးသလို ခံစားစေပြီးမှ ကိုယ့်ရဲ့ခံစားချက်တွေကိုတော့ ဥပေက္ခာပြုသွားခဲ့တယ်။ အဲ့ဒီအတွက်တော့ ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီအတွေ့အကြုံကြောင့် လူတစ်ယောက်ရဲ့ ဂရုစိုက်ပါတယ်ဆိုတဲ့စကားထက် သူ့ရဲ့လုပ်ရပ်တွေက ပိုအရေးကြီးတယ်ဆိုတာ သိလာခဲ့လို့ပါ။ ကိုယ့်ကို တကယ်တန်ဖိုးထားတဲ့သူဟာ ကိုယ်မရှိတဲ့အချိန်မှာတောင် ကိုယ့်အကြောင်းကို တွေးပေးနိုင်တယ်။ ကိုယ်နာကျင်နေတဲ့အချိန်မှာ မျက်နှာလွှဲမသွားဘူး။ ခဏတာဂရုစိုက်သလို လုပ်ပြပြီး အမြဲတမ်းပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ အခုတော့ ကိုယ်လည်း နားလည်ပါပြီ။ ကိုယ့်ကို မရွေးချယ်တဲ့သူတစ်ယောက်ကို အတင်းအကြပ် ဆက်ပြီးမျှော်လင့်နေစရာ မလိုတော့ဘူးဆိုတာကိုပေါ့။ အရမ်းနာကျင်ခဲ့ရပေမယ့် အဲ့ဒီနာကျင်မှု‌တွေကပဲ ကိုယ့်ကို ပိုရင့်ကျက်လာစေခဲ့တယ်။ ဒါကြောင့် နောက်ဆုံးအနေနဲ့ ပြောချင်တာကလေ ဂရုစိုက်ပေးသလိုလိုနဲ့ မျှော်လင့်ချက်တွေပေးခဲ့ပြီး၊ နောက်ဆုံးမှာ ဥပေက္ခာပြုသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုတော့ ကိုယ်လည်း ကိုယ့်ကို တကယ်တန်ဖိုးထားမယ့် သူတွေကိုပဲ ရွေးချယ်တတ်နေပါပြီ။ ကိုယ့်ကို မလိုအပ်တဲ့နေရာမှာ ကိုယ်တိုင်လည်း ဆက်မနေချင်တော့ပါဘူး။

Myint Mo
Myint Mo
Open In TikTok:
Region: US
Wednesday 28 October 2026 15:07:57 GMT
158
9
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @karinascalise21, please go to the Tikwm homepage.

Other Videos


About