@dama7134fs1: စုခြင်း သုံးမျိုး ၁။ ခန္ဓာစု ၂ ။ ဥစ္စာစု ၃ ။ကုသိုလ်စုတဲ့ ၁။ ခန္စာစုဆိုတာက မိမိခန္ဓာကိုယ်ကြီးကို လိမ်းချယ်ပြင်ဆင်နေတာ ၊ အစားကောင်းတွေ အသောက်ကောင်း မိမိကြိုက်ရာတွေ စားသုံးပေးနေတာ အမှန်တကယ် အဲဒါဟာ တရားသဘောအရကြည့်ရင် မြေကျွေးဖို့စုနေတာတဲ့။ ၂။ ဥစ္စာစုဆိုတာက ပစ္စည်းဥစ္စာတွေ အငမ်းမရရှာဖွေစုဆောင်းနေတာပေါ့ လူရယ်လို့ဖြစ်လာရင် ရှာဖွေစုဆောင်းရမှာ မှန်ပေမဲ့ ကုသိုလ်ရေး တမလွန် သံသရာရေးကိုမေ့ထားပြီး ဓမ္မနည်း အဓမ္မနည်းမတွေးတောဘူး ရရင်ရသလိုရှာဖွေစုဆောင်းနေတာ အဲဒီလိုရှာဖွေနေတာ တရားသဘောအရကြည့်ရင် ထိုက်သူစံဖို့ရှာဖွေနေတာတဲ့ ကိုယ့်အတွက်တကယ်မဟုတ်ဘူးတဲ့ သုတေသနစစ်တမ်းတခုကလဲ ဖော်ပြထားတယ် လူတေဟာ ကိုယ်ရှာတဲ့အထဲက ၃၀%လောက်သာသုံးသွားနိုင်ကြတယ်တဲ့ ၇၀%ကျန်ခဲ့တာပေါ့ ဘယ်နေ့သေမယ်မသိရတော့ မသုံးရက်မစွဲရက်နဲ့ ကျန်ခဲ့တာနေမှာပေါ့ ။ ၃။ ကုသိုလ်စုဆိုတာက တမလွန်သံသရာအရေးကိုမေ့မထားပဲ ကုသိုလ်တွေကို ရရင်ရသလိုပြုနေမိတာ အဲဒါကမှ တကယ့်ကိုယ့်အတွက်ဆိုပဲ၊ ပစ္စည်းဥစ္စာက ရန်သူမျိုးငါးပါးကြောင့် ပျက်စီးနိုင်ပေမဲ့ ကုသိုလ်ဆိုတာက ပြုမိရင် မိမိအတွက်သာမို့ သူကသာ မိမိအပိုင်အစစ်အမှန်ပဲတဲ့ ဒီတော့ ကိုယ်တကယ်ပိုင်မယ့်ဟာကို စုဆောင်းနိုင်ကြပါစေနော် ပတ္တိဒါနဖြင့်ပြန်လည်မျှဝေလိုက်ပါသည် သတ္တဝါခပ်သိမ်း တရားကိန်း ငြိမ်းအေးကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 #မူရင်းပိုင်ရှင်အားcrdပေးပါတယ်🥰 #မေတ္တာဖြင့်မျှဝေပေးပါသည်✍ #foryoupage❤️❤️ #fpyシ❥tiktok🖤🌹 #တရားတော်များနာကြားအေးချမ်းနိုင်ပါစေ🙏🙏🙏

ဓမ္မရနံ့
ဓမ္မရနံ့
Open In TikTok:
Region: MM
Wednesday 28 October 2026 15:23:23 GMT
441
32
0
3

Music

Download

Comments

There are no more comments for this video.
To see more videos from user @dama7134fs1, please go to the Tikwm homepage.

Other Videos


About