@taraontop: Don’t overcomplicate it. Heal your skin, perfect it then you can get glass.! @SKIN1004 US

TaraOnTop
TaraOnTop
Open In TikTok:
Region: US
Wednesday 28 October 2026 17:53:52 GMT
114
2
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @taraontop, please go to the Tikwm homepage.

Other Videos

လူတိုင်းမှာ သိမ်ငယ်စိတ်ဆိုတာ ရှိတတ်ကြတယ်။  ဒါပေမဲ့ တချို့က ကိုယ့်အားနည်းချက်ကို သိပြီး ပြုပြင်ဖို့ ကြိုးစားကြတယ်။  တချို့ကတော့ ကိုယ့်ထက်သာတဲ့သူကို မြင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် တခြားသူနဲ့ နှိုင်းယှဉ်ရင်း မနာလိုစိတ်တွေ ဖြစ်လာတတ်ကြတယ်။ တကယ်တော့ ကိုယ့်ထက်သာတဲ့သူ ရှိနေတာဟာ ကိုယ့်အတွက် ဆုံးရှုံးမှုတစ်ခု မဟုတ်ဘူး။  ဒါပေမဲ့ သူများရဲ့အောင်မြင်မှုကို ကိုယ့်ရဲ့ရှုံးနိမ့်မှုလို့ သတ်မှတ်လိုက်တဲ့အခါ မနာလိုစိတ်က စတင်လာတယ်။ ဒါဆို သူများကိုယ့်ထက်သာသွားရင် ဘာဖြစ်လို့လဲ။  သူများက ချီးကျူးခံရလို့ ကိုယ့်တန်ဖိုး လျော့သွားသလား။ သူများက အောင်မြင်သွားလို့ ကိုယ့်အခွင့်အရေးတွေ ပျောက်ဆုံးသွားသလား။  တကယ်တမ်းတော့ ဘာမှမဖြစ်ဘူး။  ကိုယ့်စိတ်ထဲမှာ သူများထက် နိမ့်ကျသွားပြီလို့ ထင်မြင်ယူဆနေတာပဲ ရှိတယ်။ လူတစ်ယောက်ရဲ့ အောင်မြင်မှုက ကိုယ့်ရဲ့တန်ဖိုးကို လျော့မသွားစေဘူး။  ဒါပေမဲ့ သူများကို မနာလိုဖြစ်နေရင်း ကိုယ့်တန်ဖိုးကို ကိုယ်တိုင်လျှော့ချမိတတ်တယ်။ အဲဒီအခါ သူများရဲ့ကောင်းကွက်ကို မမြင်ချင်တော့ဘူး။  သူတို့အောင်မြင်တာထက် သူတို့အမှားလုပ်တာကို ပိုမြင်ချင်လာတယ်။  သူတို့ကျရှုံးသွားရင် စိတ်ထဲမှာ ကျေနပ်မိလာတယ်။ နောက်ဆုံးမှာ ကိုယ်တကယ်လိုချင်တာက အောင်မြင်မှုလား၊ သူများထက်သာလွန်နေဖို့လားဆိုတာတောင် မသိတော့ဘူး။ ဒါကြောင့် ကိုယ့်စိတ်ကိုယ် ပြန်မေးကြည့်ပါ။  ကိုယ်မနာလိုဖြစ်နေတာဟာ သူများမှာ ကောင်းတာတွေရှိနေလို့လား၊ ကိုယ့်မှာမရှိသေးတာတွေကို လက်မခံနိုင်လို့လား။ သူများနဲ့နှိုင်းယှဉ်နေရင် ကိုယ့်ထက်သာတဲ့သူကို အမြဲတွေ့နေရလိမ့်မယ်။  ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားနေရင်တော့ မနေ့က ကိုယ့်ထက်သာတဲ့ ကိုယ့်ကိုယ်ကိုယ် တစ်နေ့မှာ ပြန်တွေ့လာလိမ့်မယ်။ သူများကို အနိုင်ယူဖို့ထက် ကိုယ့်အားနည်းချက်ကို အနိုင်ယူနိုင်ဖို့ ကြိုးစားပါ။  သူများရဲ့အလင်းရောင်ကို မှေးမှိန်အောင်လုပ်ဖို့ထက် ကိုယ့်အလင်းရောင်ကို ပိုတောက်ပအောင် လုပ်ပါ။ နောက်ဆုံးမှာ မှတ်ထားရမှာက သူများထက်သာနေဖို့ ကြိုးစားတဲ့သူဟာ ပြိုင်ဘက်တွေကို အမြဲရှာနေရပေမဲ့ ကိုယ့်ထက်ကောင်းတဲ့သူဆီက သင်ယူတတ်တဲ့သူကတော့ တိုးတက်ဖို့ အခွင့်အရေးတွေကို အမြဲတွေ့နေရတယ်။ #creatorsearchinsights #bookbestie #fyp #viral #စာပေဗဟုသုတ

About