@khantthiha777: မိဘကျေးဇူးအကျေဆပ်နည်း ————————————— မိဘကျေးဇူးဆပ်ခြင်းနဲ့ ပတ်သက်တဲ့ ဘုရား အဆုံးအမကို ပြောကြပြီဆိုရင် ... " မိဘကျေးဇူးကို ဘယ်လိုမှ ကျေအောင် မဆပ်နိုင်ဘူး" လို့ လူအများ ပြောလေ့ရှိကြတယ်။ အမှန်က " ကျေအောင် မဆပ်နိုင်ဘူး "လို့ ဟောထားတာ မဟုတ်ပါဘူး။ - ကျေအောင် ဆပ်ဖို့ မလွယ်ဘူး။ - လွယ်လွယ်ဆပ်ရုံနဲ့ ကျေးဇူးမကျေနိုင်ဘူး။ - သာမန်ဆပ်ရုံနဲ့ ကျေးဇူးမကျေနိင်ဘူး။ - အထူးဆပ်မှ ကျေးဇူးကျေနိုင်တယ် . . လို့ ဆိုလိုပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ဟောကြားချက်မူရင်းကို နားထောင်ကြည့်ပါ။ ချစ်သားချစ်သမီးတို့ . . . ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ ကျေးဇူးကို အလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး။ ကျေအောင် ဆပ်ဖို့ မလွယ်ဘူးလို့ ငါဘုရား ပြောချင်တယ်။ ပုဂ္ဂိုလ် နှစ်ယောက် ဆိုတာ မွေးမိခင်နဲ့ မွေးဖခင် အရင်းအချာကို ပြောတာပါ။ ချစ်သားချစ်သမီးတို့ . "အမေကို လက်ယာပခုံးမှာတင် , အဖေကို လက်ဝဲ ပခုံးမှာ တင်ပြီး ရာသက်ပန် လုပ်ကျွေး ပြုစုတယ်။ မိဘနှစ်ပါးကို . . . -မွှေးပျံ့နေအောင် နံ့သာမျိုးစုံနဲ့ လိမ်းကျံပေးတယ်။ -အညောင်းပြေအောင်ခြေလက်တွေကိုဆုပ်နှယ်ပေးတယ်။ -အေးတဲ့အခါ ရေနွေး , ပူတဲ့အခါ ရေအေးနဲ့ရေချိုး သန့်စင်ပေးတယ်။ -ပုခုံးထက်မှာ ကျင်ကြီးကျင်ငယ် စွန့်စေတယ်။ အဲလောက် ပြုစုလုပ်ကျွေးပေမယ့် မိဘကျေးဇူး အကျေဆပ်ပြီးသား မဖြစ်သေးဘူး။ ချစ်သားချစ်သမီးတို့ . . . စကားအကုန်ပြောရမယ်ဆိုရင် စင်္ကြဝတေးမင်း ရာထူးမှာ ထားပြီး ကျေးဇူးဆပ်ဦးတော့ မိဘကျေးဇူးကို ကျေအောင် ဆပ်ရာ မရောက်သေးဘူး။ . . . ဒီလောက်ကျေးဇူးဆပ်ရဲ့သားနဲ့ ဘာလို့ ကျေးဇူး မကျေနိုင်ရတာလဲ ? ဆိုရင် . . မိဘတွေဟာ သားသမီးတွေအပေါ် သိပ်ကို ကျေးဇူးများကြလို့ပဲ။ သားသမီးတွေကို ကြီးပြင်းရွယ်ရောက် လူလားမြောက်အောင် ဂရုတစိုက် စောင့်ရှောက်ကြလို့။ နို့ချိုတိုက်ကျွေး မွေးမြူကြလို့။ ဒီလောကကြီးရဲ့ အာရုံကောင်းဆိုး အမျိုးမျိုးကို သိမြင်အောင် သေချာပြသလို့ပါပဲ။ . . . . မိဘကျေးဇူး အကျေဆပ်နိုင်တဲ နည်းလမ်းတွေကို -သဒ္ဓါတရား မရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင်။ -သီလမရှိတဲ့ မိဘကို သီလနဲ့ ပြည့်စုံအောင်။ -မပေးရက် , မလှူရက် နမြောဝန်တိုတဲ့မိဘကို စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းနဲ့ ပြည့်စုံအောင်။ -ပညာဉာဏ် မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ ပြည့်စုံအောင် .. . . ကောင်းစွာ နာယူ ဆောက်တည်စေမယ်။ လေးလေးနက်နက် သက်ဝင်စေမယ်။ ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေမယ် ဆိုရင် မိဘကျေးဇူးကို အကျေ ဆပ်ပြီးသား ဖြစ်သွားပါတယ်။ ဒါဟာ ဘုရားဟော မူရင်း ပါပဲ။ -------------------------------------------------- လို့ နှစ်မျိုး ရှိပါတယ်။ မိဘအတွက် အစားအသောက် , အဝတ်အထည် , နေအိမ်တိုက်တာ , ကားရထား စတဲ့ လူမှု အသုံးအဆောင် ပစ္စည်းတွေ ပြည့်စုံအောင် စီမံဖန်တီးပေးတာကို လောကနည်းနဲ့ ကျေးဇူး ဆပ်တယ်လို့ ခေါ်ပါတယ်။ စိတ်ထားမတတ်တဲ့မိဘ စိတ်ထားတတ်အောင် ကုသိုလ် နည်းပါးတဲ့ မိဘ ကုသိုလ် တိုးပွားအောင် ကူညီပံ့ပိုးပေးတာကို ဓမ္မနည်းနဲ့ ကျေးဇူး ဆပ်တယ်လို့ ခေါ်ပါတယ်။ တကယ်တော့လည်း ရှည်လျားလွန်းလှတဲ့ အစမထင် သံသရာမှာ . . . သူက မိဘဖြစ်လိုက် , ကိုယ်က မိဘဖြစ်လိုက်နဲ့ အပြန်ပြန် အလှန်လှန် ကျင်လည်နေကြရတာမို့ ဘယ်သူ့ကျေးဇူးကို ဘယ်သူက ကျေအောင် ဆပ်ပြီးပြီ ဆိုတာ ပုထုဇဉ်လောကမှာ လုံးဝ မရှိနိုင်ဘူး။ ဒါကြောင့် ကျေးဇူးကျေတာ , မကျေတာကို အဓိက မထားဘဲ " ကျေးဇူးဆပ်နေဖို့ အဓိက" လို့ နှလုံးသွင်းပြီး လောကနည်းနဲ့ရော ဓမ္မနည်းနဲ့ပါ မိဘကို အမြဲ ကျေးဇူး ဆပ်နေဖို့ပဲ အရေးကြီးပါတယ်။ မိဘကို ရုပ်ပိုင်းဆိုင်ရာရော , စိတ်ပိုင်းဆိုင်ရာပါ အဆင့်အတန်းမြင့်အောင် ကျေးဇူးဆပ်နေတဲ့ သားကောင်း , သမီးကောင်းရဲ့ ထံမှောက်ကို ကံကောင်းခြင်း လက်ဆောင်တွေ " ဝင်လာမစဲ တသဲသဲ " ဆိုသလို အလုံးအရင်းနဲ့ ဝင်လာမှာကတော့ သေချာပေါက်ပါပဲ . . .။ ဆရာတော် အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ ) မူရင်းရေးသားသူအား လေးစားစွာ ဂါရဝေပြုရင်းနဲ့ ပြန်လည်ဝေမျှပါသည်။ #တရားတော်များ #foryou @Theingi(ఇ ◝‿◜ ఇ)💛 #fyp #creatorsearchinsights #createsightinsight
Khant
Region: ES
Thursday 29 October 2026 01:12:06 GMT
Music
Download
Comments
Daw San Lwin :
သာဓုသာဓုသာဓုပါဘုရား
2026-10-29 07:24:35
3
EVERY ONE :
😃ဆရာတော် တို့ဆိုမိဘမေတ်တာကိုအရမ်းလေးစားဦးထိပ်ပန်ဆင်သူတွေပါရှင်😃တပည့်တော်ရှိခိုးဦးခိုက်ပါတယ်ဘုန်းဘုန်း😃😃😃
2026-10-29 10:44:21
2
မြသရဖီ ကျော်( အယူတော်မင်္ဂလာ ) :
🙏🙏🙏
2026-10-29 12:53:57
1
myintmyintsi808 :
🙏
2026-10-29 12:04:17
1
U Own Myint :
ကိုယ့်ပြန်သတ်မသွားတာကိုကြိတ်ပီးကျေးဇူးတင်နေရတဲ့မိဘငါတစ်ယောက်တည်းလားကလူကလူ
2026-10-29 08:28:19
1
DawKhin Thint :
2026-10-29 06:50:22
1
San Thida :
🌹💐🪷🙏🙏🙏🌹💐🪷
2026-10-29 07:31:04
1
user8733429381431 :
🙏🙏
2026-10-29 10:00:17
1
🤍🤍🤍🤍🤍 :
🙏🙏🙏
2026-10-29 02:55:41
1
Ma Nyo :
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏
2026-10-29 11:51:54
1
Eaint Khoon Cho :
🙏🙏🙏
2026-10-29 10:52:32
0
ဒေါ်ရွှေမိ :
🙏🙏🙏🙏🙏🌷🌷🌷🌷🌷
2026-10-29 07:48:46
0
Daw Khin lay :
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏🙏🙏
2026-10-29 05:34:15
0
Shwe :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-10-29 04:30:18
0
Daw.Aye.Myaing120 :
🙏🙏🙏
2026-10-29 04:14:23
0
Ma Myint :
2026-10-29 04:59:57
0
Uncle zaw :
2026-10-29 04:39:46
0
Cho Cho Thein :
2026-10-29 04:14:55
0
Lady Sann :
သာဓုသာဓုသာဓုပါဘုရား
2026-10-29 17:06:11
0
AyeAye :
[Pray][Pray][Pray][Pray]
2026-10-29 04:07:17
1
A :
🥰🥰🥰
2026-10-29 11:15:39
1
Khin Khin :
🙏🙏🙏
2026-10-29 05:13:44
1
Dawmi :
🙏🙏🙏🙏🙏
2026-10-29 11:13:49
1
Yar Hla :
🙏🙏🙏
2026-10-29 13:02:38
0
Soe Soe :
🙏🙏🙏🙏🙏
2026-10-29 01:52:43
0
To see more videos from user @khantthiha777, please go to the Tikwm
homepage.