@user1bs7bkx9d8: ဘဝနဲ့ အရာရာဟာ တည်ဆောက်ယူရတာ၊ ပြီးတော့တည်ဆောက်ခဲ့တဲ့ပါရမီ အကျိုးဆက်ကို ရရှိတာဖြစ်တယ်။ အသိ စည်းကမ်း စနစ် စံချိန်စံညွှန်း ပီပြင်မှုဆိုတာတွေရဲ့ အဆင့်အတန်းအပေါ်မူတည်ပြီး ဘဝတည်ဆောက်ပုံအရ ဖြစ်တည်မှုရှိကြတယ်။ ပညာ နဲ့ နည်းစနစ်တကျ အတွေးအခေါ်တို့ရဲ့ ပံ့ပိုးမှု ထိန်းကျောင်းမှုတို့ဟာလည်း ဘဝဖြစ်တည်မှုရဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်တယ်။ လက်ဦးဆရာတို့ သတိပြုပြီး အမျှော်အမြင်ရှိရှိ မျိုးဆက်သစ်လူငယ်တွေကို ပြုစုပျိုးထောင်းပေးကြပါရန်- ကိုယ်ရည်ကိုယ်သွေး တည်ဆောက်ထားတဲ့ အဆင့်အတန်း နဲ့ Network လို့ခေါ်တဲ့ မိမိရဲ့ပတ်ဝန်းကျင် (Circle) အပေါင်းအသင်းဟာလည်း အဆင့်အတန်း ဖြစ်တည်မှုတွေနဲ့ “ထဲထဲဝင်ဝင်”အချိုးကျတယ်။ “ကံ”ဆိုတာ တွေးခေါ်လုပ်ဆောင်မှု စေတနာထားတွေအပေါ် အချိန်ကပေးတဲ့ အဆင့်အတန်းဆုံးဖြတ်ချက်ဆိုတော့- အချိန်ကိုတန်ဖိုးထားတည်ဆောက်ထားတဲ့ အပေါ်မူတည်ပြီး အဆင့်အတန်းသရုပ်ကိုဖြစ်စေတယ်။ Standards and Results စီးပွါးရေးလုပ်ငန်းလုပ်ရင် ကုန်ပစ္စည်းထုတ်လုပ်ရင် ဘယ်လိုအဆင့်အတန်းနဲ့ထုတ်လုပ်ပြီး ဘယ်လိုလူနေမှုစနစ်ရှိတဲ့ လူတန်းစားအတွက် ထုတ်လုပ်မယ်-ရောင်းချမယ်ဆိုတာ ကြိုတင်စီမံချက်ရေးဆွဲကြရတာ။ မိမိရဲ့ဘဝဖြစ်တည်မှုဟာလည်း ဒီလိုပဲ ဘယ်လိုအဆင့်အတန်းမျိုးဖြစ်ချင်တဲ့ “ဆန္ဒ” အပေါ်မူတည်လို့ လက်တွေ့ လုပ်ဆောင်မှုပိုင်း ကပ်ပါလာပြီး ဘဝခရီးသွားကြရတာဖြစ်တယ်။ မိမိရဲ့လုပ်ငန်းရပ်ဝန်းလည်ပတ်ပုံ နဲ့ လုပ်ဆောင်ချက် ထိရောက်မှုတွေဟာ စံချိန် စံညွှန်း အဆင့်အတန်းသတ်မှတ်ချက်တွေနဲ့ စနစ်တကျလုပ်ဆောင်မှ အဆင့်အတန်းရှိပြီး လုပ်ငန်းအောင်မြင်တိုးတက်ခြင်းကို ရရှိမှာ ဖြစ်တယ်။ ရှိရမည့် မျက်စေ့ (၂) မျိုး ၁။ လောကမှာ “မကောင်းတဲ့ကုန်သွယ်ခြင်းကင်းတဲ့” အဆင့်အတန်းရှိရှိ စီးပွါးရှာတတ်တဲ့မျက်စေ့ (အမြင်) ရှိပါ။ ၂။ မိမိကိုယ်ကို ထိန်းကျောင်းဖို့ အသိပညာ မျက်စေ့ နဲ့ “ဓမ္မပေတံ”ရှိပါ။ အနှစ်ချုပ်- - ကိုယ်ကျင့်တရား - စည်းကမ်း + လူမှုစည်းကမ်း (လူနေမှုစနစ်) - ပီပြင်အောင်လုပ်ဆောင်မှု စတာတွေဟာ အဆင့်အတန်းဖြစ်တည်မှုရဲ့ အခြေခံအုတ်မြစ်တွေဖြစ်တယ်။ - အဆင့်အတန်းကို အထက်တန်းလွှာဖြစ်စေတဲ့ အရာတွေပဲဖြစ်တယ်။ အဆင့်အတန်းဆိုတာကို ငွေကြေးပေတံနဲ့ပဲတိုင်းတာနေရင် ကြည့်နေရင်တော့ ကြည့်သူ တိုင်းသူကိုယ်တိုင်ဟာ အဆင့်အတန်းရဲ့ အဓိပ္ပါယ်-သဘောတရားအမှန်ကို သေသေချာချာနားမလည်လို့ ဖြစ်ပါလိမ့်မည်။ အစဉ်အလာကြီးမားပြီး အဆင့်အတန်းရှိသူ အနှစ်သာရရှိသူအစစ်များ ဖြစ်အောင် တည်ဆောက်ယူနိုင်ကြပါစေ။ ထင်လင်း
Real Path
Region: MM
Thursday 29 October 2026 04:36:10 GMT
Music
Download
Comments
𝕁𝕒𝕤𝕦𝕥🌙⭐🌙Official🌙⭐🌙 :
🙏တင်ပါးဘုရာ 🙏
2026-10-31 01:54:43
1
ok moe :
သာဓုသာဓုသာဓုပါဘုရား 👏🏼👏🏼👏🏼
2026-11-01 08:47:57
1
kyawzin :
🙏🙏🙏
2026-11-03 05:43:02
1
Dr No No KaungMon clinic,Dawei :
တင်ပါ့ဘုရား🙏🙏🙏
2026-10-29 23:03:30
1
Hein :
💐🙏🏻🙏🏻🙏🏻🙏🏻🙏🏻🌻💐🌻💐💐🌻💐🌷🌷🌷🌷🌷
2026-11-03 07:28:05
1
လူေကာင်း :
hi
2026-10-29 10:27:08
1
Min Thu :
🙏🙏🙏🙏🙏
2026-10-30 05:15:01
1
ရွှေပြည်ကြီး(ခ)ယဉ်ကျေးစံ :
🥰🥰🥰
2026-10-29 15:15:43
1
khin san dar lin :
🙏🙏🙏
2026-10-30 05:49:01
1
TT :
❤️❤️❤️
2026-10-29 15:11:48
1
အနတ္တ :
🙏🙏🙏
2026-10-29 10:06:23
1
khin Mya Nin :
🙏🙏🙏
2026-10-29 06:44:27
1
ကိုရဲ၀င္း :
🙏🙏🙏
2026-10-29 08:05:41
0
NAY LIN KYAW 🇲🇲 :
🙏🙏🙏
2026-10-29 04:53:15
1
To see more videos from user @user1bs7bkx9d8, please go to the Tikwm
homepage.