@khinmaungchin15: သမိုင်းတစ်လျှောက် အကောင်းဆုံး Ballon d'Or ဆုရှင် (BOAT)အဖြစ် စီရော်နယ်လ်ဒို ရွေးချယ်ခံရ အယ်လ်နာဆာအသင်း၏ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် သမိုင်းတစ်လျှောက် အကောင်းဆုံး Ballon d'Or ဆုရှင်(Ballon d'Or Of All Time)အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ ယခုအစီအစဉ်ကို Ballon d'Or ဆု နှစ်စဉ်ချီးမြှင့်နေသည့် France Football မဂ္ဂဇင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပရိသတ်များအနေဖြင့် (၁)ယူရိုပေးဆောင်ကာ ဆန္ဒမဲပေးရခြင်းဖြစ်ကြောင်း သိရသည်။ Ballon d'Or ဝက်ဘ်ဆိုက်၏ ဖော်ပြမှုအရ တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးသူ (၅၀၀၉)ဦးရှိခဲ့ပြီး ယင်းအထဲတွင် (၂)ကြိမ်မှ (၄)ကြိမ်အတွင်းပေးသူ (၄၆၆၅)ဦး၊ (၅)ကြိမ်မှ (၉)ကြိမ်အတွင်းပေးသူ (၃၀၀)ဦး၊(၁၀)ကြိမ်မှ (၂၆)ကြိမ်အတွင်းပေးသူ (၄၄)ဦး ရှိခဲ့ကြောင်း သိရသည်။ BOAT ဆုအတွက် Ballon d'Or ဆု အနည်းဆုံးနှစ်ကြိမ်ရရှိဖူးသူ ကစားသမား(၁၀)ဦးကို ဆန္ဒမဲပေးကာ ရွေးချယ်ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် စီရော်နယ်လ်ဒို Ballon d'Or ရရှိခဲ့ခြင်းက အကောင်းဆုံးဖြစ်ကြောင်း ပရိသတ်များ၏ ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ မက်ဆီ(၂၀၁၂)က ဒုတိယမဲအများဆုံးရရှိခဲ့ပြီး ဆန္ဒမဲအများဆုံး(၁၂)နေရာတွင် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ အဆင့်(၁၃)နေရာတွင်မှ ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်လ်ဒို(၂၀၀၂) ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် Ballon d'Or ဆုကို ၂၀၀၈ ခုနှစ်တွင် စတင်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၇-၀၈ ရာသီ၌ မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် ချန်ပီယံလိဂ်ဖလားများ ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ၌ (၄၉)ပွဲကစားကာ (၄၂)ဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
🕷️CHIN🕷️
Region: MM
Thursday 29 October 2026 04:45:49 GMT
Music
Download
Comments
🌷Hsu Mon Aung🌷 :
ယှက်ဖွယ်ကြုံမယ်နော်
2026-10-29 06:27:45
1
🇯🇵⚽GOLDEN⚽🇯🇵 :
🥰🥰🥰
2026-10-29 05:33:02
0
Naing Naing :
🥰🥰🥰
2026-10-29 06:12:01
0
To see more videos from user @khinmaungchin15, please go to the Tikwm
homepage.