@myatthunews: ထိုင်းသတင်းဌာန Matichon က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်မှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒီနေ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ရေးသားထားပါတယ်။ လေကြောင်းဆိုင်ရာ နာမည်ကြီး Facebook page တစ်ခုဖြစ်တဲ့ Outsider's Aviation ကနေ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြလာတာဖြစ်ပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်လောက်မှာ သုဝဏ္ဏဘူမိ လေဆိပ်ကနေ Kaohsiung ကို ပျံသန်းမယ့် China Airlines ရဲ့ Boeing 737-800 လေယာဉ် (Flight CI840) ဟာ ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာ ပြဿနာကြုံတွေ့ခဲ့ရတာပါ။ ပြေးလမ်း ကျွံကျပြီး လေယာဉ်ရဲ့ အဓိကဘီးဟာ ကျွံဝင်ညပ်သွားခဲ့တဲ့အတွက် လေယာဉ်ဟာ ရှေ့ဆက်သွားလို့ မရတော့ဘဲ ရပ်တန့်သွားခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ခရီးစဉ်နှောင့်နှေးမှုတွေ ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေမျိုးတော့ မကြားရသေးပါဘူး။ #သုဝဏ္ဏဘူမိလေဆိပ် #ပြေးလမ်းကျွံကျ #လေယာဉ်ဘီးညပ်

TK Khaing
TK Khaing
Open In TikTok:
Region: MM
Thursday 29 October 2026 06:13:57 GMT
16853
292
1
36

Music

Download

Comments

july.raing
July Raing :
😳😳😳
2026-10-29 07:41:23
1
To see more videos from user @myatthunews, please go to the Tikwm homepage.

Other Videos


About