@.video26: အရမ်းကောင်းတဲ့ စာသားလေးပါ ဖတ်ရင်းနဲ့ တွေးပါ အရသာက တမူထူးခြားနေပါလိမ့်မယ် ===================== (၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။ (၃) ကိုယ့်ကိုယ်ကို လေးစားပါ။ သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။ အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။ (၄) ငွေဆိုတာ ရေလိုပဲ။ ငွေခမ်းရင် ငတ်သေတတ်တယ်။ ငွေမက်လွန်းရင် နစ်သေတတ်တယ်။ (၅) အရာဝတ္ထုတစ်ခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။ (၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့ လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။ (၇) လောဘမကြီးနဲ့။ ကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။ (၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။ (၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။ (၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။ (၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ (၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။ တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။ (၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။ (၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ လူတိုင်းတတ်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။ (၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။ (၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။ (၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့ ဆုံးရှုံးသွားစေမှာ။ နည်းနည်းသည်းခံလိုက် နည်းနည်းတောင့်ခံလိုက် … တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။ (၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။ (၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ် နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။ (၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ... ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။ #ဆရာအောင်သင်း #crd #ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙 #foryoupageシforyou
💡☘️📚ဘဝစာပေ📖☘️💡
Region: MY
Thursday 29 October 2026 07:42:30 GMT
Music
Download
Comments
U zaw min :
သုတစာပေနဲ့ကဗျာနစ်သက်သူမို့သိမ်းထားလိုက်ပါသည်။ခွင့်ပြုပါရန်
2026-10-30 15:18:21
1
Zaw Myo Win :
ကျေးဇူးပါကျေးဇူးပါကျေးဇူးပါ
2026-10-29 12:22:13
1
Ko Soe Moe (Official ) :
very good
2026-10-29 13:46:47
2
ၸဵမ်းယွၼ်ႉႁၵ်ႉႁိုဝ်ႁိတ်းႁၵ်ႉ :
❤️❤️❤️❤️❤️🌹🌹🌹🌹ခံစားရသာဖျက်ရေတောင်ကြမိပါတယ် တော်တော်လေးကိုသင်ခန်းစာပေးပါတယ်ရှင်🙏🙏🙏🙏
2026-10-30 12:42:47
1
Mar MarOo :
ကျေးဇူးပါရှင်🥰
2026-10-29 13:36:53
1
🤪Sandar🥰 :
စာကို အရင်ဖတ်လိုက်တယ်။ကောင်းလိုက်တာအေ လို့ တွေးမိလိုက်တာ။ ကောင်းမှာပေါ့....ဦးအောင်သင်းဆိုမှတော့။ ကောင်းပီပေါ့
2026-10-29 20:03:52
2
Pyae Sone :
ကျေးဇူးပါ
2026-10-29 14:28:46
1
🤍Su"🌸 :
🥰🥰🥰
2026-10-29 11:50:17
1
kokyaw :
အရမ်းကောင်းတယ်ဗျာ🥰🥰🥰🥰🥰🥰
2026-10-29 14:08:58
1
Koko Maung :
2026-10-29 14:42:29
1
T :
ဒီစာလေးဖတ်ရတာအရမ်းကိုတန်ဖိုးရှိလွန်းလှပါတယ်အသိပညာတွေလည်းရပါတယ်နောက်လည်းများများတင်ပေးပါ🥰🥰🥰
2026-10-29 15:44:58
1
khin khin yu :
တန်ဖိုးကြီးလိုက်တာရှင်လေးစားပါတယ်ရှင့်
2026-10-29 13:38:28
1
zawwaisoe :
ဟုတ်ပါတယ်ဆရာ
2026-10-29 11:46:52
1
Myat Myat Moe :
စာပေဖတ်ခွင့်ရရှိ ကျေးဇူးပါ
2026-10-29 13:39:47
1
papawin :
🙏ကျေးဇူးတင်ပါတယ်ရှင့်လောစားပါတယ်ရှင့်🙏🙏
2026-10-29 10:46:25
1
tintin :
ကျေးဇူးပါ...🥰🥰🥰
2026-10-29 12:31:39
2
Than Than Soe :
ကျေးဇူးပါ
2026-10-29 14:36:33
1
မြနှင်း :
ကျေးဇူးပါ
2026-10-29 11:51:33
1
theinmin1437 woessn :
ကျေးဇူးအများကြီးတင်ပါတယ်
2026-10-29 13:06:27
1
Shwe Lin :
ကြိုက်တယ် စာသားတွေနဲ့တီးလုံပေါင်ပြီ
ခံစာချပ်ကြီးဘယ်လိုဖြစ်
2026-10-30 02:48:07
1
Nilar Lwin :
တင်သမြသဘောကျပါ။တယ်ရှင့်။
2026-10-29 10:15:06
1
Ko sia Aung :
ကောင်းလိုက်တဲ့စားသားဆရာရယ်🥰🥰🥰🥰🥰
2026-10-29 13:24:47
1
D.S.S.L(TK) :
🥰🥰🥰🥰👍👍👍
ကျေးဇူးတင်ပါတယ်ဆရာ
2026-10-29 10:43:50
1
Daw Nyo Aye :
မှတ်သားလောက်ပါတယ်ကျေးဇူးပါ
2026-10-29 14:43:42
2
🌟K M A💫 :
တန်ဘိုးရှိစာသားလေးပါ
2026-10-29 14:03:11
1
To see more videos from user @.video26, please go to the Tikwm
homepage.