@qtiebalqis: lepasni no need to worry anymore! guna je iron steam ni 🫠🤍 #ukliss #straighthair #ironsteamer #uklissrambutcantikberseri #uklisshair @ukliss.my

𝐁𝐀𝐋𝐐𝐄𝐈𝐒
𝐁𝐀𝐋𝐐𝐄𝐈𝐒
Open In TikTok:
Region: MY
Thursday 29 October 2026 08:17:29 GMT
8949
13
0
3

Music

Download

Comments

There are no more comments for this video.
To see more videos from user @qtiebalqis, please go to the Tikwm homepage.

Other Videos

<><><><><><><><><><><><><><><><> တကယ်တော့ ကိုယ်တို့ရဲ့ ဇာတ်လမ်းက ဘယ်စာအုပ်မှာမှ ကြိုတင်ရေးဆွဲထားခဲ့တာမျိုး မဟုတ်ပါဘူး။ အရာရာဟာ တိုက်ဆိုင်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရိုးစင်းစွာ စတင်ခဲ့ကြတာပါ။ ​ဘယ်သူကမှ ကြိုတင်ရှာဖွေနေခဲ့တာလည်း မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ချဉ်းကပ်ခဲ့ကြတာလည်း မဟုတ်ဘဲ၊ လောကကြီးရဲ့ လမ်းဆုံလမ်းခွတစ်ခုမှာ လမ်းမှားဝင်လာသလိုလိုနဲ့ တိုက်ဆိုင်စွာ ဆုံစည်းခဲ့ကြတယ်။ အဲဒီလို ဆုံဖြစ်ခဲ့တာကိုက ကံကြမ္မာရဲ့ အံ့သြစရာ အကောင်းဆုံး လက်ဆောင်တစ်ခုလို့တောင် အဲဒီတုန်းက ထင်မှတ်ခဲ့ဖူးတယ်။ ​မမျှော်လင့်ထားတဲ့ အချိန်မှာ ရောက်လာတဲ့ အချစ်ဆိုတော့ ပိုပြီးတော့လည်း အဆန်းတကြယ် တန်ဖိုးရှိနေခဲ့တယ်။ ဘဝရဲ့ မုန်တိုင်းတွေကို တစ်ယောက်ကိုတစ်ယောက် ရင်ဆိုင်ရင်း မျှော်လင့်ချက်အသစ်တွေ ဖန်တီးခဲ့ကြတယ်။
<><><><><><><><><><><><><><><><> တကယ်တော့ ကိုယ်တို့ရဲ့ ဇာတ်လမ်းက ဘယ်စာအုပ်မှာမှ ကြိုတင်ရေးဆွဲထားခဲ့တာမျိုး မဟုတ်ပါဘူး။ အရာရာဟာ တိုက်ဆိုင်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရိုးစင်းစွာ စတင်ခဲ့ကြတာပါ။ ​ဘယ်သူကမှ ကြိုတင်ရှာဖွေနေခဲ့တာလည်း မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ချဉ်းကပ်ခဲ့ကြတာလည်း မဟုတ်ဘဲ၊ လောကကြီးရဲ့ လမ်းဆုံလမ်းခွတစ်ခုမှာ လမ်းမှားဝင်လာသလိုလိုနဲ့ တိုက်ဆိုင်စွာ ဆုံစည်းခဲ့ကြတယ်။ အဲဒီလို ဆုံဖြစ်ခဲ့တာကိုက ကံကြမ္မာရဲ့ အံ့သြစရာ အကောင်းဆုံး လက်ဆောင်တစ်ခုလို့တောင် အဲဒီတုန်းက ထင်မှတ်ခဲ့ဖူးတယ်။ ​မမျှော်လင့်ထားတဲ့ အချိန်မှာ ရောက်လာတဲ့ အချစ်ဆိုတော့ ပိုပြီးတော့လည်း အဆန်းတကြယ် တန်ဖိုးရှိနေခဲ့တယ်။ ဘဝရဲ့ မုန်တိုင်းတွေကို တစ်ယောက်ကိုတစ်ယောက် ရင်ဆိုင်ရင်း မျှော်လင့်ချက်အသစ်တွေ ဖန်တီးခဲ့ကြတယ်။ "မင်းရှိလို့ ကိုယ်ပြည့်စုံတယ်" ဆိုတဲ့ စကားထက် ပိုနက်ရှိုင်းတဲ့ ခံစားချက်မျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် ရင်ခုန်သံတွေ ပေးအပ်ခဲ့ကြတယ်။ ​ဒါပေမဲ့လေ... လူ့ဘဝရဲ့ ကံတရားက တစ်ခါတလေကျရင် ရယ်စရာတွေ အရမ်းလုပ်တတ်တယ်။ ​အစက အဲဒီလို ချိုမြိန်ခဲ့သမျှ၊ အတူတူလက်တွဲပြီး လျှောက်လှမ်းခဲ့ကြသမျှတွေဟာ နောက်ဆုံးကျတော့ ဘာမှမဟုတ်တော့သလို ဖြစ်သွားခဲ့ရတယ်။ အနီးဆုံးမှာ ရှိနေခဲ့စဉ်ကနဲ့ ယှဉ်လိုက်ရင် အခုလို ဝေးကွာသွားချိန်မှာ ပိုပြီးတောင် စိမ်းကားနေရတယ်။ ​လမ်းပေါ်မှာ လမ်းကြုံလို့တွေ့တဲ့ မသိသူစိမ်းတစ်ယောက်တောင် ကိုယ့်ကို တစ်ချက်လောက် ရိုးရိုးသားသား ပြုံးပြဖူးကောင်း ပြုံးပြလိမ့်ဦးမယ်။ ဒါပေမဲ့ ကိုယ်တို့ကျတော့လေ... တစ်ချိန်က တစ်ယောက်ရဲ့ရင်ခွင်မှာ တစ်ကမ္ဘာလုံးကို မေ့ထားခဲ့ဖူးကြတဲ့ သူတွေဖြစ်ရဲ့နဲ့၊ အခုတော့ လမ်းခွဲတစ်ခုမှာ ဆုံမိခဲ့ရင်တောင် ဘာစကားမှမပြောဘဲ ကျောခိုင်းထွက်သွားရလောက်အောင်၊ မျက်နှာချင်းတောင် မဆိုင်ရဲတော့လောက်အောင် ရိုးရိုးသူစိမ်းတွေထက်ကို ပိုပြီးတော့တောင် စိမ်းကားနေကြရပြီ။ ​သူစိမ်းတွေက တစ်ယောက်နဲ့တစ်ယောက် မသိကြလို့ စိမ်းကြတာပါ။ ကိုယ်တို့ကျတော့ အရာရာကို အစအဆုံး အသိဆုံးဖြစ်ခဲ့ကြပ်ီးမှ၊ အတိတ်ရဲ့ လွမ်းစရာ အမှတ်တရတွေ အများကြီးကို အတူတူ ပိုင်ဆိုင်ခဲ့ကြပြီးမှ ဒီလိုမျိုး စိမ်းကားသွားရတာ... ရင်ထဲမှာ ပိုလို့တောင် နာကျင်ရပါတယ်။ ​မရှာဘဲနဲ့ ဆုံခဲ့ကြတာ မှန်သလို၊ မမျှော်လင့်ဘဲ ကွဲကွာသွားခဲ့ရတာကလည်း အမှန်တရားတစ်ခု ဖြစ်နေခဲ့ပါပြီ။ အခုတော့... ဟိုးအရင်က ရင်းနှီးခဲ့ဖူးတဲ့ အရိပ်အယောင်လေးတွေတောင် မကျန်တော့လောက်အောင် တကယ်ကို စိမ်းကားသွားခဲ့ကြပြီပေါ့လေ။ #fypシ゚ #ရာမညမြေ #အလွမ်း #ခံစားချက်ချင်းတူရင်cmရေးခဲ့😇

About