@buangwaktukusaja09:

SAi SAi SiKAN
SAi SAi SiKAN
Open In TikTok:
Region: US
Thursday 29 October 2026 10:01:03 GMT
208
5
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @buangwaktukusaja09, please go to the Tikwm homepage.

Other Videos

‎လူတစ်ယောက် ပေးကမ်းတတ်လာတာဟာ ‎သူ့မှာ အများကြီးရှိလို့ မဟုတ်ပါဘူး။ ‎ကိုယ်တိုင် မရှိခဲ့ဖူးတဲ့နေ့တွေကို ‎သူ့နှလုံးသားက မမေ့သေးလို့ပါ  ‎ ‎တစ်ချိန်က ကိုယ်တိုင် လက်ဗလာနဲ့ ရပ်ခဲ့ဖူးတယ်။ ‎လိုချင်ပေမယ့် မတောင်းရဲခဲ့တဲ့နေ့တွေ၊ ‎လိုအပ်ပေမယ့် မရှိပါဘူး လို့ ပြောခဲ့ရတဲ့နေ့တွေလည်း ရှိခဲ့ဖူးတယ်။ ‎ ‎ဒါကြောင့် ဒီနေ့ ကိုယ့်မှာ နည်းနည်းပိုရှိလာတဲ့အခါ ‎အရင်က ကိုယ်လိုအပ်ခဲ့ဖူးတဲ့ နည်းနည်း ကို ‎တခြားသူတစ်ယောက်ဆီ ပြန်ပေးချင်မိတယ်။ ‎ ‎ပေးကမ်းခြင်းဆိုတာ ‎ကိုယ့်မှာ ပိုလျှံနေလို့ ခွဲပေးတာတစ်ခုတည်း မဟုတ်ပါဘူး။ ‎တစ်ခါတလေ ကိုယ်တိုင်လည်း လိုအပ်နေသေးပေမယ့် ‎သူ့နေရာမှာ ငါသာဆိုရင် ဆိုတဲ့ ‎Empathy လေးတစ်ခုကြောင့် မျှဝေပေးလိုက်တာပါ။ ‎ ‎ထမင်းတစ်နပ်၊ ‎နားထောင်ပေးတဲ့ အချိန်နည်းနည်း၊ ‎အားပေးစကားတစ်ခွန်း၊ ‎ဒါမှမဟုတ် မင်းတစ်ယောက်တည်း မဟုတ်ပါဘူး ဆိုတဲ့ ‎စကားလေးတစ်ခွန်းပဲဖြစ်ဖြစ် ‎တစ်စုံတစ်ယောက်အတွက်တော့ အများကြီး ဖြစ်နိုင်ပါတယ်။ ‎ ‎ကိုယ်ဘယ်ကနေ စခဲ့သလဲဆိုတာ မမေ့ပါနဲ့။ ‎တစ်ချိန်က ကိုယ်ဆာလောင်ခဲ့ဖူးလို့ ‎သူတစ်ပါးရဲ့ ဆာလောင်မှုကို နားလည်လာတာ။ ‎ကိုယ်တိုင် အထီးကျန်ခဲ့ဖူးလို့ ‎တစ်ယောက်ယောက်ကို မထားခဲ့ချင်တော့တာ။ ‎ ‎အဲဒါဟာ ဘဝက သင်ပေးခဲ့တဲ့ ‎အနူးညံ့ဆုံး သင်ခန်းစာတစ်ခုပါပဲ။  ‎ ‎အများကြီးပေးနိုင်ဖို့ မလိုပါဘူး။ ‎ကိုယ့်မှာရှိသလောက်နဲ့ ‎ကိုယ့်နှလုံးသားက ခွင့်ပြုသလောက် မျှဝေပေးပါ။ ‎ ‎တစ်ချိန်က ကိုယ်လိုအပ်ခဲ့ဖူးတဲ့ ‎အလင်းရောင်လေးတစ်စင်းကို ‎ဒီနေ့ တခြားသူတစ်ယောက်အတွက် ‎ကိုယ်တိုင် ပြန်ထွန်းပေးနိုင်ရင် ‎ ‎အဲဒီနေ့မှာ ကိုယ့်ဘဝဟာ ‎အောင်မြင်ရုံတင်မကဘဲ ‎အဓိပ္ပာယ်ရှိလာပါပြီ။  ‎ ‎Give what you can. ‎Share what you have. ‎And never forget where you came from. ‎ ‎ချစ်ခြင်းများစွာဖြင့်။ ‎ ဒေါက်တာစိုင်းနော်ဂျာ

About